ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာ ၁၆ဦး ထိုင်းကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံရ

diz_admin

June 22, 2022

ထိုင်းနိုင်ငံတောင်ပိုင်း လူမနေသောကျွန်းပေါ်တွင် သုံးရက်ကြာ စွန့်ပစ်ခံထားရသော မြန်မာ ၁၆ ဦးကို ယနေ့ (ဇွန် ၂၂) တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ လူသူမရှိသော ကော့ကမ်းနူကျွန်းတွင် မြန်မာများသည် အစာနှင့် ရေမရရှိဘဲ သုံးရက်ကြာ စွန့်ပစ်ခံထားရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ ၁၆ဦးအနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၇ ဦးတို့ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်းမြို့မှ တစ်ဆင့် လှေဖြင့်လာကာ ထိုင်းရေပိုင်နက်အတွင်းသို့ ဖြတ်ဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့နောက် ထိုင်းလှေမောင်းသမားက နောက်တစ်နေရာသို့ သွားရန်အတွက် လှေတစ်စီးကိုစောင့်နေရန် ပြော၍ ထွက်သွားကာ လူမရှိသောကျွန်းပေါ်တွင် ထားခဲ့သည်ဟု ဖော်ပြသည်။ သို့သော်လည်း နောက်ထပ်လှေတစ်စီးသည် ထပ်မံရောက်ရှိလာခဲ့ခြင်း မရှိသဖြင့် […]

စီးပွားရေး ပြိုလဲပြီဟု သီရိလင်္ကာဝန်ကြီးချုပ်ပြော

diz_admin

June 22, 2022

သီရိလင်္ကာနိုင်ငံတွင် အကြွေးနွံနစ်လာမှုနှင့်အတူ စီးပွားရေး လုံးဝပြိုလဲသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ယနေ့ (ဇွန် ၂၂) ပြောကြားလိုက်သည်။ နိုင်ငံအတွင်းတွင် စက်သုံးဆီဝယ်ယူတင်သွင်းနိုင်ခြင်း မရှိတော့ဘဲ ဓါတ်ငွေ့၊ လျှပ်စစ်၊ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ မလုံလောက်မှုပြဿနာကို လပေါင်းများစွာ ရင်ဆိုင်လာရပြီးနောက် ဝန်ကြီးချုပ်က ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဝန်ကြီးချုပ်သည် “တကယ်ပြင်းထန်တဲ့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီ ကျွန်တော်တို့နိုင်ငံဟာ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားနိုင်တဲ့ အခြေအနေတွေကို မြင်တွေ့နေရပြီ”ဟု သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် သီရိလင်္ကာနိုင်ငံ၏ Ceylon Petroleum Corporation မှာ ဒေါ်လာ သန်း ၇၀၀ အထိအကြွေးတင်လျက်ရှိသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသို့ အခြားမည်သည့်နိုင်ငံမှ စက်သုံးဆီကို ထောက်ပံ့ပေးရန်ဆန္ဒမရှိကြကြောင်း ငွေဖြင့်ဝယ်မည်ဆိုလျှင်ပင် ရောင်းချရန်စိတ်ဆန္ဒမရှိကြကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ အစိုးရအနေဖြင့် ငွေကြေးပြဿနာကို ဖြေရှင်းရန်အတွက် […]

ပုလောတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

diz_admin

June 22, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာတွင် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၁ ရက် နံနက်က မကျည်းကုန်းကျေးရွာထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသဖြင့် အသက် ၆၀ ဝန်းကျင်ရှိ ဦးမောင်စိုးဆိုသူ ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၎င်းနှင့်အတူ ထိုင်နေသည့် ဦးဆန်းဦးဆိုသူတွင် ပေါင်နှစ်ဖက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံတွင် တက်ရောက် ကုသနေရကြောင်း ဒေသခံများက ပြောသည်။ “(လက်ဖက်ရည်ဆိုင်ရှေ့) ဘုရားတောင်ပေါ်ကနေ ချောင်းပြီး အပစ်ခံရတာ။ နဖူးဖောက် ထိသွားတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ သေဆုံးသူသည် ရွာတွင်ဥယျာဉ်ခြံလုပ်ကိုင်သူဖြစ်ပြီး အေးအေးဆေးဆေး နေတတ်သူဖြစ်ကာ ဒဏ်ရာရရှိသည့်သူမှာ […]

လောင်းလုံး ဝဗျောရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

June 22, 2022

လောင်းလုံးမြို့နယ်၊ ဝဗျောရွာတွင် ဇွန်လ ၂၁ ရက်နေ့ညက အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းနေ့ည ၁၀ နာရီခန့်က အရပ်ဝတ်လက်နက်ကိုင်များ ကားသုံးစီးခန့်ဖြင့် ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်၍ နေအိမ်လေးဆောင်ခန့်ကို ဝင်ဝိုင်းရာမှ ဒေါ်မိချို (ခေါ်) မယ်ချိုဆိုသူအမျိုးသမီးကို ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနောက် သုံးနာရီခန့်အကြာတွင် ဒေါ်မိချို၏ အလောင်းကို နေအိမ်ရှေ့၌ လာရောက်စွန့်ပစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “ပစ်သတ်ပြီး အလောင်းပြန်လာထားခဲ့တယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ လက်တွင် ပြတ်ရှဒဏ်ရာများတွေ့ရပြီး နဖူးတွင်လည်း ဖူးရောင်ဒဏ်ရာများ တွေ့ရကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူ ဒေါ်မိချိုဆိုသူမှာ ရွာဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချသူဖြစ်ပြီး အေးဆေးနေတတ်သူဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသည့် […]

ထားဝယ် PDF တစ်ဦး လက်လုပ်မိုင်းစမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံး

diz_admin

June 22, 2022

လက်လုပ်မိုင်း အဆင့်မြှင့်တင်နိုင်ရန် စမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့-DGRF မှ ဖောက်ခွဲရေးတပ်သားတစ်ဦး ကျဆုံးကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၂၂) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ အသက် ၃၆ နှစ်အရွယ် ရဲဘော်ကိုမျိုးမှာ ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ ၂၆ မိနစ်ခန့်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင် Dawei Guerrilla Revolutionary Force-DGRF က ရဲဘော် ၃ ဦး တိတိကျဆုံးခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ကိုမျိုးနှင့် ရဲဘော်တို့၏ ဆန္ဒအတိုင်း လက်ရှိတွင် အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်မဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးမှသာ အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား […]

ထိုင်းတွင် နှစ်ရက်အတွင်း တရားမဝင် ဝင်သည့် မြန်မာလုပ်သားနှစ်ရာကျော်အဖမ်းခံရ

diz_admin

June 21, 2022

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁၄ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က ယ‌နေ့ (ဇွန်၂၁) သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် အဖမ်းခံရခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တနင်္သာရီတိုင်း မောတောင်‌နယ်စပ်မှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့ကို နေရာခုနစ်ခုတွင် သီးခြားစီ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းမြန်မာအလုပ်သမား ၂၁၄ ဦးတွင် အမျိုးသား ၁၆၄၊ အမျိုးသမီး ၅၀ ဦးတို့ပါဝင်ကာ ထိုင်းနိုင်ငံသားလမ်းပြ ၂ ဦးနှင့်အတူ ကားတစ်စီးကိုပါ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ထားဝယ်၊ မြိတ်၊ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်မြို့တို့မှ လာခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ […]

လောင်းလုံး ပညစ်ရွာသားသုံးဦးအဖမ်းခံရပြီး ‌ရွာသားနှစ်ရာခန့် ထွက်ပြေးတိမ်းရှောင်

diz_admin

June 21, 2022

လောင်းလုံးမြို့နယ်၊ ပညစ်ရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ယင်းကျေးရွာက ဒေသခံရွာသား နှစ်ရာခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။ ဇွန်လ ၁၈ ရက်မှ ၂၀ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် တီဇစ်ရွာတွင်လည်း ယင်းသို့ အလားတူ ရှာဖွေခဲ့ကာ ဒေသခံ ၂၀ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သည့်အနက် အများစုကို ပြန်လွှတ်ပေးကာ ငါးဦး စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွာဒေသခံများက ပြောဆိုကြသည်။ ရှေ့တွင် ယင်းသို့ ဖမ်းဆီးမှုများ ဖြစ်ပွားထားသဖြင့် ပညစ်ရွာက ဒေသခံများလည်း စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ပညစ်ရွာသားများထံမှ […]

လောင်းလုံး တီဇစ်ရွာသားငါးဦး ဖမ်းဆီးခေါ်ဆောင်ခံရ

diz_admin

June 21, 2022

လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ရွာသားငါးဦးကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကုန်းကြောင်း၊ ရေကြောင်း ပူးပေါင်း၍ အင်အား ခုနှစ်ဆယ်ခန့်ဖြင့် ယင်းကျေးရွာအား စစ်ကြောင်းထိုးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ရှာဖွေရာ ဇွန်လ ၂၀ ရက်နေ့အထိ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် အများစုကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူတို့မှာ အသက် ၄၀ အရွယ်များဖြစ်သည့် ဦးဆန်း၊ ဦးရွှေဦး၊ ဦးမောင်ကျော်၊ ဒေါ်ဖွားသိန်းနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၁၈နှစ်အရွယ် မဂန္ဓာတို့ဖြစ်ကြောင်း ဒေသခံများ၏ […]