ငွေအတုလုပ်သည့် တပ်အရာရှိဟောင်းကို ထောင်ဒဏ် ၁၃ နှစ်ချ
diz_admin
July 13, 2020ငွေစက္ကူအတုလုပ်မှုဖြင့် ယမန်နှစ်က ထားဝယ်မြို့တွင် ဖမ်းမိပြီး တရားစွဲဆို ခံထားရသည့် တပ်မတော် အရာရှိဟောင်းကို ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ တပ်အရာရှိဟောင်းဖြစ်ခဲ့သူ ကောင်းထက်ဇော်ကို ဇွန်လ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။ ရန်ကုန်မြို့နေ အသက် ၃၂ နှစ် အရွယ်ရှိ အဆိုပါအမျိုးသားက ဗိုလ်ကြီးဟောင်းဖြစ်ပြီး တပ်မတော်မှပြစ်မှုဖြင့် ထုတ်ပယ်ခံထားရကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်သည်ဟု စစ်ဆေးချက်အရ သိရကြောင်း ထားဝယ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောဆို ထားသည်။ အဆိုပါပြစ်မှုဖြင့် ထောင် ၅ နှစ်ခန့်ကျခံပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်ဟု ဆိုသည်။ ၎င်းင်းအမျိုးသားက ငွေလွှဲရန်အတွက် ပေးချေသည့်တစ်သောင်းတန်များမှာ […]