ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ၊ဂေါ့အင်းနှင့် ကဒက်ကြီးတွင် ဒေသခံသုံးဦးပစ်သတ်ခံရဟုထုတ်ပြန်

diz_admin

June 27, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာနှင့် ကဒက်ကြီးကျေးရွာနေ ဒေသခံသုံးဦး ဇွန်လ ၂၆ ရက်ညက ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံအချို့နှင့် ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီတို့ထံမှ သိရသည်။ ယင်းည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကဒက်ကြီးကျေးရွာသို့ရောက်လာပြီး ယင်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေး(ခ) မိကြုံ ဆိုသူလင်မယားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမူသပိတ် ကော်မတီက ထုတ်ပြန်သည်။ “ဟုတ်ပါတယ်။ ညက ဖြစ်တာပါ။ ပစ်သတ်ခံရတဲ့အိမ်က သာစည်ဘီယာဆိုင်နားမှာပါ” ဟု ကဒက်ကြီးဒေသခံတစ်ဦးက ဆိုသည်။ ကဒက်ကြီးကျေးရွာသည် လောင်းလုံးမြို့ တောင်ဘက် ၈ မိုင်ကျော်အကွာ ထားဝယ်- ရှင်မော်သွား ကားလမ်းမပေါ်တွင် တည်ရှိသည်။ ယင်းညတွင်ပင် လောင်းလုံးမြို့ ဂေါ့အင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် […]

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၉ဦး အဖမ်းခံရ

diz_admin

June 26, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၉ ဦးကို ကန်ချနဘူရီ ခရိုင်တွင် ဇွန်လ ၂၅ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နေအိမ်တစ်အိမ်တွင် ခရီးဆက်ရန် စောင့်ဆိုင်း နေစဉ် ရွာသားများက သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။ မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦးတို့ကို ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံသားပွဲစားနှင့်အတူ ကူညီ ဆောင်ရွက်ပေးသူ ၅ ဦးတို့ကိုပါ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းဘတ် ၅၃၆၆၀ ၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် မိုဘိုင်းလ်ဖုန်း ငါးလုံးတို့ကို အဆိုပါအိမ်တွင် သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ […]

မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်တွေ့ဟု လယ်သမားအချို့ပြော

diz_admin

June 25, 2022

တနင်္သာရီတိုင်း၌ လယ်လုပ်ရာသီတွင် မိုးစပါးချေးငွေ ၂ နှစ်ဆက်တိုက် မရသဖြင့် အခက်အခဲကြုံတွေ့ရကြောင်း ဒေသခံလယ်သမားအချို့က ပြောသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက မိုးစပါးချေးငွေ မရခြင်းဖြစ်ပြီး ယခုနှစ်ပါဆိုလျှင် ၂ နှစ် ဆက်တိုက် ရှိလာပြီဖြစ်ကြောင်း တောင်သူလယ်သမားအချို့က ပြောသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး မရှိသည့်ကျေးရွာများမှ လယ်သမားများမှာ ချေးငွေမရကြခြင်းဖြစ်ကြောင်း လယ်သမားများ ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်ကတည်းက မိုးစပါးချေးငွေထုတ်ယူရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ သွားရောက်မေးမြန်းခဲ့ရာ ထောက်ပံ့ ကြေး ကျမလာဟုဆိုကြောင်း ထားဝယ်မြို့၊ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ပြောသည်။ “မိုးစပါးချေးငွေ မရတာ ဒီနှစ်နဲ့ပါဆို ၂ နှစ်ရှိပြီ။ အရင်တုန်းကဆို ရပ်ကွက်မှာ ထုတ်ပေးတယ်။ အခုလည်း အဲဒါ ဘာသံမှ မကြားဘူး။ မနှစ်တုန်းက သွားမေးလည်း အဖြေမရ။ […]

ရေဖြူ နတ်တွင်းရွာ တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ပစ်သတ်ခံရ

diz_admin

June 25, 2022

ရေဖြူမြို့နယ် နတ်တွင်း တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ဇွန်၂၄ နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ တွဲဖက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ နွန်ဒဲ ‌(ခေါ်) ဦးအောင်သန်းဆိုသူကို လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (LLPDF) နှင့် Dawei Guerrilla Revolutionary Force (DGRF) တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဦးအောင်သန်းဆိုသူမှာ နာမည်ကြီး ဒလန်ဖြစ်သဖြင့် ရှင်းလင်းခြင်းသည်ဟု PDF အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ယင်းကျေးရွာအလယ်တန်းကျောင်းအနီး မုန်းပြား (ခေါက်မုန့်) ဆိုင်တွင် ထိုင်နေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားလေးဦးရောက်ရှိလာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]

တနင်္သာရီတိုင်းတွင် ကျောင်း ၄၀၀ နီးပါးပိတ်ထားရသော်လည်း ကျောင်းတက်သူ တိုးလာဟုဆို

diz_admin

June 25, 2022

တနင်္သာရီတိုင်း၌ ယခုပညာသင်နှစ်တွင် ကျောင်း ၄၀၀ နီးပါး ပိတ်ထားရသော်လည်း ကျောင်းလာတက်သည့် ကျောင်းသားဦးရေ တိုးလာကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ဖွင့်လှစ်သည့် ၂၀၂၁-၂၀၂၂ ပညာနှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းနှစ်သောင်းကျော် (၁၂၉,၂၆၃ ဦး) ရှိသည့်အနက် ကျောင်းတက်ရောက် ပညာသင်ကြားခဲ့သူ ရှစ်သောင်းကျော် (၈၆,၄၄၄ဦး) ရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများထံမှ သိရသည်။ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်ထားသူ တစ်သိန်းကိုးသောင်းကျော် (၁၉၀,၅၇၇ ဦး) ရှိသည့်အနက် ကျောင်းတက်ရောက်ပညာသင်ကြားနေသူ တစ်သိန်းခုနစ်သောင်းကျော် (၁၇၆,၆၅၃ဦး) ရှိကြောင်း ယင်းစာရင်းအရ သိရသည်။ ထို့ကြောင့် ယခုပညာသင်နှစ်တွင် ကျောင်းတက်သူဦးရေ ကိုးသောင်းကျော် တိုးလာကြောင်း တိုင်းပညာရေးမှူး စာရင်းအရ သိရသည်။  “(ကျောင်းတက်သူ) တိုးတက်လာမှုအနေနဲ့တော့ အားရကျေနပ်မှုရှိတယ်။ တို့လူကြီးတွေအားလုံးကတော့ ကလေး […]

လက်နက်ကြီးကျည်စထိမှန်၍ ကျောင်းဆရာမနှင့် တစ်နှစ်ကျော်အရွယ်သမီးငယ် သေဆုံး

diz_admin

June 25, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာထဲသို့ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမနှင့် ၎င်း၏ တစ်နှစ်နှင့်နှစ်လသားအရွယ် သမီးငယ်တို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်တပ်ရှိသည့် ဘီးလင်းမြို့နယ် နတ်ကြီးစခန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည် နေအိမ်အနီးကျရောက်ပေါက်ကွဲသဖြင့် အစူးချောင်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ နော်စန်းစန်းဝင်း (ခေါ်) နော်အေးနှင့် သူမ၏ သမီးငယ်တို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီးတစ်လုံးက ဆရာမအိမ်ဘေးမှာ ကျပြီး ပေါက်ကွဲတာ။ ဆရာမနဲ့ သူ့ကလေး ထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အစူးချောင်းကျေးရွာထဲကို ဘီးလင်းမြို့နယ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

June 24, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch၊ ဇွန် (၁၈-၂၄) ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို စိုးရိမ်ကြောင်း ကုလသမဂ္ဂပြော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အကျဉ်းထောင်သို့ ဇွန်လ ၂၂ ရက်က ပြောင်းရွှေ့ထားရှိမှုအပေါ်  စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်သည်။ နေအိမ်အကျယ်ချုပ်ထားရှိရာမှ ယင်းသို့နေပြည်တော် အကျဉ်းထောင်အတွင်းရှိ သီးသန့်ဆောင်သို့ ပြောင်းရွှေ့လိုက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်မိကြောင်း ၎င်းက ဇွန်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဥ် ရုံးထုတ်စစ်ဆေးနေသည့် အမှုအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲမှ အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးကို  ဇွန်လ ၂၃ ရက်မှစ၍ ပြောင်းရွှေ့စစ်ဆေးနေကြောင်းလည်း သတင်းများအသိရသည်။ […]

ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ၊ အစစ်အဆေးတင်းကျပ်

diz_admin

June 24, 2022

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇွန်လ ၂၃ ရက်ညတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မြို့ပေါ်တွင် အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၃ ရက် ည ၇ နာရီခွဲခန့်က အုပ်ချုပ်ရေးမှူး ဦးယုလွင်သည် အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းတွင် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။ ဦးယုလွင်မှာ ကော့သောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။ “ရှပ်ထိတာလောက်ပဲ။ သေချက်မထိဘူးလို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှုတိုးမြှင့်လုပ်ဆောင် နေကြောင်း ဒေသခံများက ဆိုသည်။ “ဆိုင်ကယ်စီးရင် အမျိုးသား နှစ်ယောက်စီးလို့ မရတော့ဘူး။ အခု […]