တနင်္သာရီတိုင်း ရပ်ရွာအခြေပြုအပန်းဖြေစခန်းများဥပဒေ ယခုလွှတ်တော်သက်တမ်းအတွင်း ပြဋ္ဌာန်းမည်
diz_admin
July 7, 2020တနင်္သာရီတိုင်း အပန်းဖြေစခန်း များဥပဒေတစ်ခုကို ယခုလွှတ်တော် သက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ တိုင်းအတွင်း အပန်းဖြေစခန်း လုပ်နေသူများ၊ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက တနင်္သာရီတိုင်း ရပ်ရွာအခြေပြု အပန်းဖြေစခန်းများဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ဥပဒေနဲ့ ပတ်သက်ပြီးတော့ တို့လက်ထက်မှာ နောက်ဆုံး ဥပဒေလို့ ဆိုလို့ရတဲ့ ဥပဒေနှစ်ခု ရှိတယ်။ စည်ပင် သာယာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ တစ်ခုရှိမယ်။ နောက်တစ်ခုက အပန်းဖြေ စခန်းများဆိုင်ရာ ဥပဒေတစ်ခု ရှိမယ်” ဟု ဦးခင်မောင်အေးက ပြောသည်။ ယင်းဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ် ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး ကြားထဲတွင် တိုင်းအစိုးရက ပေးပို့လာသော အခြားဥပဒေများကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေရသဖြင့် ကြန့်ကြာနေခြင်းဖြစ်ကြောင်း […]