ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ခရိုင်တွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

July 3, 2022

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ကူညီပေးနေသည်ဟုဆိုသူ အမျိုးသားနှစ်ဦး တစ်ရက်တည်း ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ) ထံမှ သိရသည်။ ဇူလိုင်လ ၁ ရက်က တနင်္သာရီမြို့နယ်၊ မောတောင်မြို့နေ အမျိုးသားတစ်ဦးနှင့် ကျွန်းစုမြို့နယ်၊ ဘဒန္နဲကျေးရွာတွင် ခေတ္တလာရောက် နေထိုင်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေခံများထံမှ သိရသည်။ မောတောင်မြို့ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် ဦးအောင်လွင်ဆိုသူကို ဇူလိုင်လ ၁ရက်နေ့ နံက် ၁၀ နာရီတွင် ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ) က ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်သည်။ ဦးအောင်လွင်သည် စစ်ကောင်စီတပ်၏ လုပ်ငန်းလည်ပတ်မှုများတွင် ကိုယ်တိုင် ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေသူ ဖြစ်သည့်အတွက် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် […]

ထားဝယ်ခရိုင်တွင် ဝါးကုန်သည်များ ဝါးဝယ်ရန်ခက်ခဲလာ

diz_admin

July 3, 2022

ထားဝယ်ခရိုင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေမှုများကြောင့် ဝါးကုန်သည်များ ဝါးဝယ်ရာတွင် အခက်အခဲဖြစ်နေကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။ ဇွန်လ ဒုတိယပတ်ကစပြီး လောင်းလုံးမြို့နယ်၏ အနောက်ဖက် တောင်ကြောတွင် စစ်ကောင်စီတပ်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို စစ်ကြောင်းထိုးရှာဖွေနေသည်။ ထို့ကြောင့် တောတောင်ဥယျာဉ်ခြံများကို ဒေသခံများ သွားရောက်ရန် အခက်အခဲရှိလာသည့်အတွက် ဝါးဘိုးဝါး ဝယ်ယူရာတွင် အခက်အခဲဖြစ်လာကြောင်း ဝါးကုန်အချို့ထံမှ သိရသည်။ “ဝါးဆိုတာကလည်း တောထဲ ဥယျာဉ်ခြံတွေထဲအထိ လိုက်ခုတ်ရတယ်။ ကိုယ်တိုင် ခုတ်ယူကြရတယ်ဆိုတော့ အဓိက အလုပ်သမားတွေ မလိုက်ရဲကြတော့ဘူး” ဟု ဝါးကုန်သည်တစ်ဦးက ပြောဆိုသည်။ ထားဝယ်ဒေသထွက် ဝါးဘိုးဝါးကို မွန်ပြည်နယ် ရေးမြို့နယ်ရှိ ကျားဖောင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက အများဆုံး ဝယ်ယူကြကြောင်း ဝါးကုန်သည်အချို့ထံမှ သိရသည်။ ဇွန်လမှ ဇူလိုင်လကုန်လောက်အထိ […]

တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်

diz_admin

July 3, 2022

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်လာရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၃ ကြောင်းသည် တောင်ပျောက်တိုက်နယ်အတွင်းကို မနေ့က နံနက် ၇နာရီခန့်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း အဆိုပါတိုက်နယ် ကျွဲခြံရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပါက ပြည်သူ့ကာကွယ်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်ကြခြင်းဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။ “စကစဘက်က စစ်ကြောင်းထိုးတော့မယ်ဆိုတာ အရိပ်အငွေ့မြင်နေတာကြောင့် မိုးလင်းပိုင်းကတည်းက ပြောင်း ရွှေ့နေသူတချို့ရှိတယ်။ အခြေအနေတွေ ဒီလိုဖြစ်လာနိုင်တယ်လို့သုံးသပ်ပြီး (ဇူလိုင် ၁) ရှေ့တစ်နေ့ကတည်းက အနီးအနားက ရွာတွေက ကြိုတင်ပြောင်းရွှေ့နေတာမျိုးလည်းရှိတယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။ လက်ရှိတွင် သဲချောင်းကြီး၊ […]

မြိတ်မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာကျပ်နှစ်ထောင်ဈေးတက်

diz_admin

July 3, 2022

မြိတ်ဒေသ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် မျှင်ငပိ တစ်နှစ်အတွင်း တစ်ပိဿာလျှင် ကျပ်နှစ်ထောင် ဈေးတက်သွားကြောင်း မြို့‌ပေါ်ရှိ ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့မှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ငါးထောင်ကျပ်ခန့်သာရှိပြီး လက်ရှိတွင် တစ်ပိဿာကျပ် ခုနစ်ထောင်ဈေးရှိကြောင်း ငပိရောင်းဝယ်ရေးလုပ်ကိုင်နေသူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ငပိဈေး စတက်လာခြင်းဖြစ်ပြီး သင်္ကြန်ကာလတွင် ခြောက်ထောင်ကျပ်အထိ ဈေးတက်လာပြီး ယခုနှစ် မေလ လယ်ပိုင်းတွင် ခုနစ်ထောင်ကျပ်အထိ ဈေးတက်လာခြင်းဖြစ်ကြာင်း ၎င်းတို့ထံမှ သိရသည်။ “လုပ်အားခရော၊ စရိတ်စကတွေပါကြီးလာနေတာ ဈေးမတက်ဘဲ နေပါ့မလား” ဟု မြိတ်တောင်ရပ်ရှိ ငပိရောင်းဝယ်ရေး လုပ်ကိုင်နေသူ အသက် ၅၀ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ပင်လယ်ရွာဘက်မှ မှာယူထားသည့်ငပိအား မြိတ်ရောက်သည်အထိ သယ်ယူစရိတ်နှင့် အလုပ်သမားခတို့ ကုန်ကျမှု များလာသဖြင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။ […]

ကလေးတွေ ပုံမှန်ကာကွယ်ဆေး ထိုးခွင့်မရတော့

diz_admin

July 3, 2022

ကလေးမွေးစမှ ၂လ၊ ၄လ၊ ၆လ၊ ၇လ၊ ၉လ၊ တစ်နှစ်၊ တစ်နှစ်ခွဲ စသဖြင့် ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးပေးကြရသည်။ ကာကွယ်ဆေး မထိုးပေးပါက ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းထိခိုက်မှုမှသည် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။ သို့သော် ကိုဗစ်ကပ်ဘေးနှင့် စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် ကလေးများအတွက် ကာကွယ်ဆေးထိုးမှု လုပ်ငန်းစဉ်များ နေရာအများစုတွင် ရပ်ဆိုင်းသွားကြောင်း တွေ့ရသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းရှားပါးမှုနှင့်အတူ ပြည်သူများမှာ ကျန်းမာရေးအတွက် မြို့ပြကိုသာ အားပြုလာကြရသည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းရှိ ကျန်းမာရေး ဝန်ထမ်းများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။ ယင်းကြောင့် ကျန်းမာရေး ဝန်ထမ်းရှားပါးသည့် တနင်္သာရီတိုင်းတွင်လည်း ကလေးများမှာ ပုံမှန်ကာကွယ်ဆေးထိုးရန် အခက်အခဲများရှိနေပြီး ပိုက်ဆံတတ်နိုင်သူများက ပုဂ္ဂလိကဆေးရုံများတွင် သွားရောက်ထိုးနှံကြသည်။ […]

မလေးရှားမှ ထားဝယ်ပြန်သူ လေယာဉ်စီးခွင့်မရသဖြင့် ဟိုတယ်တွင်နားနေစဉ်သေဆုံး

diz_admin

July 2, 2022

ကျန်းမာရေးမကောင်းသဖြင့် မလေးရှားနိုင်ငံကနေ ထားဝယ်မြို့သို့ ပြန်လာမည့် အမျိုးသမီးတစ်ဦးကို လေကြောင်း လိုင်းက လိုက်ပါခွင့်မပြုသဖြင့် ဟိုတယ်တွင် တည်းခိုနားနေစဉ် သေဆုံးသွားကြောင်း မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် ဇဟာကျေးရွာနေထိုင်သည့် မဝင်းဝင်းထွေးဆိုသူဖြစ်ပြီးမလေးရှားနိုင်ငံ ပီနန်မြို့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း အဆိုပါအဖွဲ့က ယနေ့ (ဇူလိုင် ၂) သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူအမျိုးသမီးသည် အသည်းရောဂါခံစားနေရပြီး မသက်သာသဖြင့် သံရုံးတွင် CI လက်မှတ် (မြန်မာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ်) လျှောက်ပြီး မိသားစုထံပြန်လာရန် စီစဉ်ထားခြင်းဖြစ်သည်။ ‌မလေးရှား လေယာဉ်ကွင်းသို့ ရောက်သော် ကျန်းမာရေးအခြေအနေအရ လေယာဉ်စီးခွင့် မပြုသဖြင့် ရှားလမ်းမြို့ (Shah Alam) ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်စဉ် သေဆုံးသွားကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ သေဆုံးသူအား ဇူလိုင်လ […]

မလေးရှားသို့ တရားမဝင်သွားသည့်မြန်မာလုပ်သားများ စီးလာသောကား ထိုင်းတွင်တိမ်းမှောက်

diz_admin

July 2, 2022

မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ လိုက်ပါလာသော ကားတစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဇူလိုင်လ ၁ ရက် ညနေပိုင်းက တိမ်းမှောက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းကားသည် စူရတ်ဌာနီခရိုင် ထာ့ချန်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးနှင့် တိုက်မိရာမှ အရှိန်မထိန်းနိုင်တော့ဘဲ လမ်ဘေးသို့ ထိုးဆင်းတိမ်းမှောက်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများသည် ကားမှောက်သည့်နေရာမှ မီတာ ၃၀၀ အကွာရှိ ဆီအုန်းခြံထဲသို့ ထွက်ပြေးသွားကြပြီး ပုန်းနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းအာဏာပိုင်များက လိုက်လံဖမ်းဆီးရာ မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း၂၃ ဦးကို ဖမ်းမိပြီး ၎င်းတို့အနက် ၁၃ ဦးမှာ အသေးစားဒဏ်ရာရရှိထားသည်ကို တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။ ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုနည်းဖြင့် အရေးပေါ်ကုသပေး၍ အနီးရှိ စူရတ်ဌာနီဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး […]

တနင်္သာရီ လယ်သစ်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်ရေးတင်းမာ

diz_admin

July 2, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက လယ်သစ်ရွာအနောက်ကမ်းဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လယ်သစ်အရှေ့ကမ်းတွင်ရှိသည့် တနင်္သာရီကာကွယ်ရေးပြောက်ကျားတပ်တို့အကြား ၁၅ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။ လက်နက်ငယ်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “နှစ်ဖက်စလုံး အခုထိငြိမ်နေကြတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ယနေ့ (ဇူလိုင် ၂) နံနက်တွင် ပြောဆိုသည်။ ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့သည် လက်ရှိအချိန်တွင် လယ်သစ်ကျေးရွာအနောက်ကမ်း၌ တပ်စွဲထား သဖြင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။ “(အရှေ့ကမ်း၊ အနောက်ကမ်း) ရွာနှစ်ရွာလုံးမှာတော့ လူတွေတစ်ယောက်မှ မရှိတော့ဘူး။ သူတို့လာပြီဆို ကြားတာနဲ့ […]