ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်း NLDပါတီဥက္ကဋ္ဌ၏ ရုပ်အလောင်းပြန်တွေ့

diz_admin

July 6, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင် ၆) ပြန်တွေ့ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဦးကျော်မျိုးမင်းသည် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့တွင် သွားလာနေစဉ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရွာသားတစ်ဦးမှာ ယင်းနေရာတွင်ပင် သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ဦးကျော်မျိုးမင်း အလောင်းကိုတော့ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး၏ ရုပ်အလောင်း တွေ့သည့် […]

မောင်းမကန်ကမ်းခြေမြင်ကွင်း

diz_admin

July 6, 2022

လှိုင်းကြီးနိုင်ကြောင်း ကြေညာထားသော်လည်း တနင်္သာရီတိုင်း မောင်းမကန်ကမ်းခြေတွင် ထူးထူးခြားခြား ပြောင်းလဲမှုမရှိသေးဘဲ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ကို ယနေ့မနက်ပိုင်းက မြင်တွေ့ရစဉ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၁ ပေအထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။ ယင်းအပြင် မြန်မာနိုင်ငံတောင်ဘက်ပိုင်း Andaman ကျွန်းအနီး ရန်ကုန်မြို့မှတောင်ဘက် ၄၃၀ မိုင်ကျော်အကွာ ပင်လယ်ကြမ်းပြင်အောက်တွင် ယနေ့နေ့လယ် ၂ နာရီ ၃၄ မိနစ်ခန့်က မြေငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီရေလှိုင်းအန္တရာယ်မရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလွန်အမင်း ရေကြီး၊ ရေလျှံမှုကြောင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကြီး ယာယီရပ်တန့်

diz_admin

July 6, 2022

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ပုံမှန်ရေကြီးနေကြထက် ပိုပြီး ခါးစောင်းလောက်အထိ ရေများ တက်နေသဖြင့် သန်းပေါင်းများစွာသော မြို့တော်သူမြို့တော်သားများ၏ နေ့စဉ် လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းလျက်ရှိကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ၏ စီးပွါးရေးမြို့တော်ဖြစ်သော မွန်ဘိုင်း၏ နေရာအတော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်နေပြီး မိုးလေဝသဌာနက မွန်ဘိုင်းမြို့ နှင့် အနီးတဝိုက် ခရိုင်များ ကို အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များကို အသင့်အနေအထားဖြင့် မွန်ဘိုင်းတွင် နေရာယူထားစေကြောင်းလည်း ယင်းသတင်းအရ သိရှိရသည်။ မွန်ဘိုင်းမြို့ တည်ရှိရာ မဟာရက်ရှ်တြာ ပြည်နယ်တွင် ယခုနှစ်အတွင်း မုတ်သုန်မိုးများ များစွာ ရွာသွန်းလျက် ရှိခဲ့သည်။ ပုံမှန်မိုးရွာနေကျ ဖြစ်သော်လည်း ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မိုးသည် ပိုမိုသည်းထန်ပြီး ခန့်မှန်းရလည်း ပိုခက်လာသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ မွန်ဘိုင်းမြို့ပြသို့ ထောင်ပေါင်းများစွာသော […]

မွန်တွင် လူတစ်ထောင်ကျော် သွေးလွန်တုပ်ကွေးကူးစက်၊ သုံးဦးသေဆုံး

diz_admin

July 6, 2022

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ သုံးဦးအထိ ရှိလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိကာ ရေးမြို့နယ်က ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်က ကလေးနှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကလေးတွေ ဖျားရင် သတိထားရပါမယ်။ သွေးလန့်တဲ့လက္ခဏာတွေ အဖျားကျလာပြီးတော့ အေးစက်သွားတယ်၊ မှိန်းသွားတယ်၊ အန်တဲ့အခါ အညိုရောင်ဖြစ်တဲ့အခါ ဝမ်းအမဲရောင်ဖြစ်တာ၊ ဒါမျိုးလေး တစ်ခုခုဖြစ်တာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြကြဖို့ အချိန်မီကုသဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။ သွေးလွန်တုပ်ကွေးအဖြစ်များသည့် မြို့နယ်များမှာ မော်လမြိုင်၊ ပေါင်၊ […]

မြန်မာအပါအဝင် တရားမဝင်လုပ်သားများကို တရားဝင်လုပ်ကိုင်ခွင့်ကတ်လုပ်ပေးရန် ထိုင်းအစိုရဆုံးဖြတ်

diz_admin

July 6, 2022

ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားမရှိဘဲ လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို ပန်းရောင် ဘတ်ကတ်ဟုခေါ်သည် တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ကတ် ထုတ်ပေးမည်ဟု ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက် ကြောင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို ပန်းရောင်ဘတ်ကတ် ထုတ်ပေးမည်ကြောင်း ထိုင်းအစိုးရအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့ တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။ ယခုလျှောက်ထားသော အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Thanakorn Wangboonkongchana က ပြောသည်။ အလုပ်လုပ်ခွင့်လက်မှတ် Work Permit ကို တစ်ကြိမ်လျှင် တစ်နှစ်စီဖြင့် သက်တမ်း ၂ ကြိမ်အထိ တိုးနိုင်သဖြင့် […]

မြိတ်ကွမ်းသီး ယမန်နှစ်ထက် ဈေးကျ

diz_admin

July 5, 2022

မြိတ်ဒေသထွက် ကွမ်းသီး ယမန်နှစ်ကဲ့သို့ ဈေးမရသေးကြောင်း ကွမ်းသီးစိုက်တောင်သူအချို့တို့မှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ကွမ်းသီးအဟောင်းပါကင် (လုံးကောင်းလုံးသန့်) တစ်ပိဿာလျှင် ၇၂၀၀ ကျပ်အထိရရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လအစတွင် ၄၅၀၀ ကျပ်သာ ရရှိနေကြောင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူအချို့က ပြောသည်။ “ဒိုင်တွေကလည်း ဈေးကိုဆွဲဆွဲချနေတာ၊ တိုး‌တောင် တိုးမပေး‌သေးဘူး” ဟု တနင်္သာရီမြိုနယ် အော်ကြီးရွာနေ ကွမ်းသီးစိုက်‌တောင်သူတစ်ဦးက ဆိုသည်။ လတ်‌တလောတွင် ကွမ်းသီးတို့အား ပြည်ပက မှာယူမှုနည်းနေသည့်အတွက် ဈေးနှုန်းလျော့နည်း‌နေရခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။ “ဈေးအပြောင်းအလဲ ရှိပါတယ်။ တက်ဦးမှာပါ” ဟု ၎င်းက ဆိုသည်။ ကွမ်းစိုက်တောင်သူတို့သည် အများအားဖြင့် ဒေသတွင်းရှိ ကွမ်းသီးရောင်းဝယ်ရေးဒိုင်များသို့ ရောင်းချလေ့ရှိကြသည်။ သို့သော် နှစ်စဉ် ကွမ်းသီးပိဿာချိန် ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ […]

၈၆ နှစ်အရွယ်အမျိုးသမီး အသက်အကြီးဆုံး လေယာဉ်မယ် အဖြစ် ဂင်းနစ်စံချိန်တင်

diz_admin

July 5, 2022

လေယာဉ်မယ်အဖြစ် လုပ်သက် ၆၅ နှစ်ရှိပြီဖြစ်သော အသက် ၈၆ နှစ်အရွယ် အမျိုးသမီးကြီးသည် ကမ္ဘာ့ အသက်အကြီးဆုံး လေယာဉ်မယ်အဖြစ် ဂင်းနစ်စံချိန်တင်သွားခဲ့သည်။ ဘော်စတွန်မြို့ဒေသခံ ဘက်တီနက်ရှ် ဆိုသူ အမျိုးသမီးသည် ၁၉၅၇ ခုနှစ်တွင် Eastern Airlines တွင် စတင် အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်း၌ American Airlines တွင် အလုပ်လုပ်ခဲ့သည်။ နယူးယောက်- ဘော်စတွန် – ဝါရှင်တန် လွန်းပျံပြေးဆွဲသော လေယာဉ်တွင် အများဆုံးအလုပ်လုပ်ခဲ့ပြီး ၊ ယင်းလေကြောင်းတွင် အလုပ်လုပ်ခြင်းက ညဘက်အိမ်ပြန်အိပ်နိုင်ပြီး မသန်စွမ်းသားဖြစ်သူကို ပြုစု နိုင်သောကြောင့်ဟု လေယာဉ်မယ်ကြီးက ပြောသည်။ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သော အသက်အကြီးဆုံး လေယာဉ်မယ်အဖြစ် ဘက်တီနက်ရှ် ကို ဂင်းနစ်စံချိန်က သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ “ရှင်က အရပ်အမောင်း သတ်မှတ်ထားတဲ့အတိုင်းရှိရမယ်။ ကိုယ်အလေးချိန်လည်း သတ်မှတ်ထားတဲ့ အတိုင်း […]

မဟာချိုင်တွင် အလုပ်ထုတ်ခံရသောမြန်မာလုပ်သား ၄၅ဦး လျော်ကြေးဘတ် တစ်သန်းကျော်ရ

diz_admin

July 5, 2022

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၄၅ဦး လျော်ကြေး ဘတ် ၁ ဒသမ ၃ သန်းကျော်ရရှိပြီး ယင်းငွေကို ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် (MWRN) မှ သိရှိရသည်။ MWRN သည် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့အခြေစိုက်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့ဖြစ်သည်။ အဆိုပါမြန်မာအလုပ်သမား ၄၅ ဦးသည် မဟာချိုင်မြို့ ဘန့်လိုင်ရပ်ကွက် လျှပ်စစ်ပစ္စည်းစက်ရုံတစ်ရုံတွင် တရားဝင် အထောက်အထားအပြည့်အစုံဖြင့် အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ကိုဗစ်ကာလအတွင်း အလုပ်ထုတ်ခံရခြင်းဖြစ်သည်။ လျော်ကြေးမပေးဘဲ အလုပ်ထုတ်ခဲ့သဖြင့် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၄၅ ဦးကို လျော်ကြေးငွေ ဘတ် ၁ ဒသမ ၃ သန်းပေးရန် […]