ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

July 8, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ ဆဲဗင်းဂျူလိုင်နေ့သပိတ် ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံရ ဆဲဗင်းဂျူလိုင် (ဇူလိုင်)နေ့အရေးတော်ပုံ နှစ် ၆၀ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ပြုလုပ်နေသည့် စစ်အာရှင်ဆန့်ကျင်ရေးသပိတ်တစ်ခုမှာ ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံလိုက်ရသည်။ ယင်းဖြစ်ရပ်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းအရ နံပတ်ပြား 7J 5050 တပ်ထားသည့် တိုယိုတာ ဘယ်လ်တာ အဖြူရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းပြင်းဖြင့် ဆန္ဒပြလူငယ်များကို ဝင်တိုက်ရာ လူငယ်အမျိုးသားတစ်ဦး လွှင့်စင် သွားသည်ကို တွေ့ရသည်။ ယင်းကားမှာ မှတ်ပုံတင်ထားခြင်း မရှိသည့် ကားဖြစ်နေသည်။ ယင်းလုပ်ရပ်မှာ စစ်ကောင်စီလက်ချက်ဖြစ်သည်ဟု သပိတ်ဆင်နွှဲသူများက ပြောဆိုထားသည်။ ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး […]

သရက်ချောင်း စုံစင်ဖျားရွာထဲတွင် တပ်စွဲထားသောကြောင့် ရွာသားအချို့ပြောင်းရွှေ့

diz_admin

July 8, 2022

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာထဲတွင် စစ်ကောင်စီတပ်က တပ်လာစွဲထားတာကြောင့် ဒေသခံရွာသားအချို့ အခြားနေရာကို ပြောင်းရွှေ့နေထိုင်မှုများရှိလာကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောသည်။ တောင်ပျောက်တိုက်နယ်အတွင်း ဇွန်လကုန်ပိုင်းတွင် စစ်ကြောင်းထိုးရောက်ရှိနေသည့် စစ်ကောင်စီတပ် များသည် သဲချောင်းကြီးရွာ ရဲကင်းစခန်းနှင့် ကပ်လျက်ရှိနေသည့် ထားဝယ်-မြိတ်သွား ကားလမ်းမဘေးရှိ စုံစင်ဖျား ကျေးရွာ မီးသတ်ရုံး၊ စာသင်ကျောင်းနှင့် ရွာထဲမှ နေအိမ်နှစ်လုံးတွင် တပ်လာစွဲထားကြောင်း ၎င်းတို့က ဆိုသည်။ စုံစင်ဖျားရွာတွင် တပ်လာစွဲထားသည်မှာ ၁၀ ရက်ခန့်ရှိလာပြီ ဖြစ်သည်။ ယင်းသို့ တပ်လာစွဲထားသဖြင့် စိုးရိမ်ထိတ်လန့်ကာ ဒေသခံများ အခြားကျေးရွာအချို့သို့ ပြောင်းရွှေ့နေထိုင်ကြ ခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း ယင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “လက်ရှိအနေအထားကတော့ ကောလာဟလ အသံကြားရင်းနဲ့ နောက်ထပ် ဒီထက်ကြမ်းတဲ့ တပ်တွေလာမယ် ဆိုတော့ လူတွေကက ပြေးကြတာ။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

July 8, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အီတလီရေခဲတောင်ပြိုကျလို့ လူ ၇ ယောက်သေဆုံး အီတလီနိုင်ငံမြောက်ပိုင်း၊ အဲ့လ်ပ်စ်တောင်တန်းက မာမိုလာဒါရေခဲတောင်သည် ဇူလိုင် ၃ ရက်နေ့မှာ ပြိုကျခဲ့လို့ အနည်းဆုံး လူ (၇) ဦးသေဆုံးခဲ့ကာ နောက်ထပ် ဒဏ်ရာရရှိသူ ၈ ဦးထဲက ၂ ဦးမှာ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့အရေးပေါ်ကယ်ဆယ်ရေးအရာရှိတွေက ပြောပါတယ်။ သေဆုံးတဲ့ (၇) ဦးထဲက (၃)ဦးဟာ အီတလီနိုင်ငံသားတွေဖြစ်ပြီး (၂)ဦးက လမ်းပြတွေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။ ဘာကြောင့် ရေခဲတောင်ပြိုကျတယ်ဆိုတာ တိတိကျကျမထုတ်ပြန်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲမှာ အဲဒီနေရာဟာ သာမန်အပူချိန်ထက်မြင့်တက်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ပြောခွင့်ရသူ ဝေါ်တာ မီလန်က အီတလီအစိုးရရုပ်သံကိုပြောကြားထားပါတယ်။ […]

မြိတ်တွင်စက်သုံးဆီ တစ်လီတာ ၆၀၀ ကျပ်နီးပါးဈေးကျ

diz_admin

July 8, 2022

မြိတ်မြို့ရှိ စက်သုံးဆီဈေးကွက်တွင် ယနေ့ (ဇူလိုင် ၈) 92 အောက်တိန်းတစ်လီတာလျှင် ၆၀၀ ကျပ်နီးပါးအထိ ဈေးကျဆင်းခဲ့ကြောင်း ဆီဆိုင်များထံမှ သိရသည်။ ယခင်က 92 အောက်တိန်း တစ်လီတာလျှင် ၂၆၂၅ ကျပ်မှ ၂၀၄၅ ကျပ်ဖြင့် ရောင်းချနေကြသဖြင့် ၅၈၀ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။ “ဆီဈေးက စစ်ကောင်စီက သတ်မှတ်ပေးတဲ့ဈေးနဲ့ ရောင်းနေကြရတာ။ ဈေးတက် ဈေးကျက သူတို့ပဲလုပ်ကြတာ” ဟု မြိတ်တောင်ရပ်ရှိ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ထို့အပြင် ၉၅ အောက်တိန်းတစ်လီတာလျှင် ၂၇၁၅ ကျပ်မှ ၂၃၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၆၅ ကျပ်မှ ၂၃၅၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။ “အခုမှပဲ နည်းနည်းအသက်ရှုချောင်သွားတာ၊ တစ်ရက်တစ်ရက် ဆီဖိုးငါးထောင်ကျော် ကုန်နေတာ” […]

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရ

diz_admin

July 8, 2022

ဂျပန်နိုင်ငံ နာရာမြို့ အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ သဖြင့် လဲကျသွားခဲ့ကြောင်း နောက်ဆုံးရသတင်းများက ဖော်ပြထားသည်။ မစ္စတာအာဘေးကို သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့ပြီး ၎င်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း ၊ ၎င်းကို ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သတင်းများအရ သိရသည်။ မစ္စတာအာဘေးသည် နှလုံးရပ်မည့် အနေအထားကြုံနေရကြောင်း တိုကျိုမြို့တော်ဝန်ဟောင်း ယိုချီမာဆူဇိုး က Twitter တွင် တင်ထားသည်။ အဆိုပါ အသုံးအနူန်းမှာ သေလုမျောပါးဖြစ်နေသည့် အနေအထားကို ဆိုလိုခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော ဗီဒီယိုများအရ ဆေးဝါးကုသရေးဝန်ထမ်းများက လမ်းမတွင် လဲနေသည့် မစ္စတာအာဘေးကို ပွေ့ထားသည့် ရုပ်ပုံများ တွေ့မြင်ရသည်။ ယခုအခါ ရှင်ဇိုအာဘေး ဆေးရုံသို့ ရောက်နေပြီဖြစ်သည်။ နာရာမြို့ရှိ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် မစ္စတာအာဘေးက မိန့်ခွန်းပြောပေးနေစဉ် […]

ထိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်ဝင်ရောက်လာသော မြန်မာလုပ်သား ၈၀ကျော် အဖမ်းခံရ

diz_admin

July 7, 2022

ထိုင်းနိုင်ငံ တာခ့်နှင့် ချင်းရိုင်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၈၁ ဦးကို ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း နယ်စပ်ထောက်လှမ်းရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ တာခ့်ခရိုင် ထာ့ဆောင်ယန်ဒေသရှိ လမ်းမပေါ်တွင် ကားနှစ်စီးကို မသင်္ကာသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၅ ဦးကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၃၅) ထိုင်းထောက်လှမ်းရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ပြီး ထိုင်းနိုင်ငံသား ပွဲစား ၃ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အများစုမှာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ စမူပရာကန်၊ ချွန်ဘူရီ […]

တနင်္သာရီတွင် ကမ္ဘောဇ လုပ်ခွင့်ရထားသည့် မြေဧကနှစ်သောင်းကျော် စစ်ကောင်စီပြန်သိမ်း

diz_admin

July 7, 2022

တနင်္သာရီမြို့နယ်တွင် ကမ္ဘောဇဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ဇနီး ဒေါ်နန်းသန်းထွေးအမည်ဖြင့် လုပ်ပိုင်ခွင့် ရရှိထားသည့် မြေဧက နှစ်သောင်းကျော်ကို စစ်ကောင်စီက ပြန်လည်သိမ်းဆည်းလိုက်သည်။ ယင်းမြေများသည် စစ်အစိုးရလက်ထက် ၂၀၀၉ခုနှစ်နှင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခုနှစ်တို့တွင် ခွင့်ပြုပေးထားသည့် မြေများဖြစ်သည်။ ဆီအုန်းစိုက်ပျိုးရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၂၅,၉၁၅ ကို ခွင့်ပြုထားခြင်းဖြစ်ပြီး သတ်မှတ်ကာလ လေးနှစ်အတွင်း ဧက လေးထောင်ကျော်ကိုသာ ဖော်ထုတ်စိုက်ပျိုးနိုင်ခဲ့ကာ ၂၁၃၁၀ ဒသမ ၅၄ ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့ကြောင်း စစ်ကောင်စီ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။ မေလ ၁၁ ရက်နေ့တွင် ပြန်လည်သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး အာမခံကြေးပေးသွင်းထားသည့် ငွေများကိုပါ နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ကြောင်း ယင်းကော်မတီက မေလ ၁၈ ရက်နေ့ […]

ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လတ်တလောဆိုင်ကယ်စီးသွားလာခွင့်ရနေဟုဆို

diz_admin

July 7, 2022

အာဏာသိမ်းပြီးနောက် စစ်ဆေးမှုတင်းကျပ်လေ့ရှိသည့် ထားဝယ်မြို့နှင့် လောင်းလုံးမြို့ကို ချိတ်ဆက်ထားသော ကမြောကင်းတံတားဂိတ်တွင် ဆိုင်ကယ်တွန်းသွားရန် မလိုတော့ဘဲ လတ်တလောတွင် သွားလာခွင့်ရရှိနေကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။ ယမန်နှစ် ဩဂုတ်လမှစတင်၍ ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် မော်တော်ယာဉ်များကို ရပ်တန့် စေကာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလက်မှတ်၊ မော်တော်ယာဉ်လိုင်စင် စသည်တို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထို့နောက် နိုဝင်ဘာလမှစတင်၍ ပိုမိုတင်းကျပ်လာကာ ခရီးသွားပြည်သူများ ယင်းစစ်ဆေးရေးဂိတ်များကို ဖြတ်သန်း သွားလာပါက ဆိုင်ကယ်စီးနင်းခွင့် မပေးတော့ဘဲ ယာဉ်ပေါ်ကဆင်းကာ လမ်းဆင်းလျှောက်စေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ လကုန်လောက်ကတင်စကာ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ ယာဉ်ပေါ်က ဆင်းရန် မလိုတော့ဘဲ စီး၍သွားလာခွင့်ရနေကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ဂိတ်တွင် စစ်ကောင်စီ […]