တိုင်းအတွင်း အစိုးရတည်ဆောက်ရေး တင်ဒါလုပ်ငန်းများ သတ်မှတ်ကာလအတိုင်းသာ လုပ်ငန်းအပ်နှံရမည်
diz_admin
July 20, 2020တိုင်းအတွင်းရှိ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတိုင်းသာ လုပ်ငန်းအပ်နှံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တင်ဒါစီစစ်ရေးကော်မတီ ဥက္ကဋ္ဌဝန်ကြီး ဦးအောင်သူရက ပြောသည်။ ကိုဗစ်ကြောင့် အစိုးရတည်ဆောက် ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် တရားဝင်စာထုတ်အကြောင်းကြားထားခြင်း မရှိသကဲ့သို့ ကိုဗစ်ကြောင့် လုပ်ငန်းရပ်ဆိုင်းထားသည့် တည်ဆောက်ရေးလုပ်ငန်းများလည်း မရှိကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။ “ကျွန်တော်တို့ တိုင်းအတွင်းမှာကတော့ အခုလောလောဆယ်ကတော့ ပုံမှန်အတိုင်းပဲ သွားမှာပေါ့” ဟု ဝန်ကြီးဦးအောင်သူရက ဆိုသည်။ နိုင်ငံခြားမှ ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီတစ်ခုမှအပ တည်ဆောက်ရေးလုပ်ငန်းနှင့် ပက်သက်ပြီး အချိန်ထပ်တိုးပေးရန် တောင်းဆိုတင်ပြလာသည့် ကုမ္ပဏီများမရှိကြောင်း ဝန်ကြီးက ပြောသည်။ မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် သတ်မှတ်ကာလတွင် လုပ်ငန်းမပြီးစီးပါက ရက်လွန်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တင်ဒါအောင်မြင်ပြီး လုံးဝလာမလုပ်သည့် ကုမ္ပဏီ ၅ ခုကို […]