တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
diz_admin
July 15, 2022ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ယူကရိန်းနိုင်ငံသားတွေ ရုရှားနိုင်ငံသားခံယူခွင့် သမ္မတပူတင်လက်မှတ်ထိုး ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံသားအားလုံးကို ရုရှားနိုင်ငံသားဖြစ်ကြောင်း ခံယူခွင့်ပြုတဲ့အမိန့်ကို ဇူလိုင် ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရင်တုန်းက Donetsk နဲ့ Luhansk ဒေသတွေမှာ နေထိုင်သူတွေနဲ့ တောင်ပိုင်း Zaporizhzhia နှင့် Kherson ဒေသတွေမှာ နေထိုင်သူတွေကိုသာ ခွင့်ပြုခဲ့ပေမဲ့ အခုအမိန့်က ယူကရိန်းနိုင်ငံသားအားလုံးအတွက် ဖြစ်တယ်လို့ သိရပါတယ်။ အရင် ၂၀၁၉ ခုနှစ်ကနေ စတင်ခဲ့တဲ့ ဒီအမိန့်ဟာ အခုနှစ်အတောအတွင်းအထိ ထိန်းချုပ်နယ်မြေနှစ်ခုက ဒေသခံပေါင်း ခုနစ်သိန်းနှစ်သောင်းခန့်အထိ ရုရှားနိုင်ငံသား ခံယူခွင့်ရရှိခဲ့ပါတယ်။ Ref: Wion […]


