ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီး အမျိုးသားအလောင်းတွေ့

diz_admin

July 18, 2022

လောင်းလုံးမြို့နယ် ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီးတွင် ယနေ့ (ဇူလိုင် ၁၈) မွန်းလွဲ ၂နာရီခန့်က အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ ကြည့်မျှော်တောင်ဘုရားမှာ စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် တည်ရှိသည်။ သေဆုံးနေသူသည် သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်ပြီး မည်သူမည်ဝါမှန်း မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။ အလောင်းနံဘေးတွင် ဆိုင်ကယ်တစ်စီး၊ ကြက်ကောင်ရေ အနည်းငယ်နှင့် ခြင်းတစ်လုံးတွေ့ရသည်ဟု ၎င်းတို့၏ ပြောကြားချက်အရသိရသည်။ ၎င်းရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာတွေ့ရပြီး မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသွားသည်ကို မသိရသေးကြောင်း ဒေသခအချို့က ဆိုသည်။ “ဒီရွာနားကတော့ မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ညနေ ခြောက်နာရီခွဲအထိ အလောင်းလာ မကောက်ကြသေးကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါအလောင်းသည် မည်သူမည်ဝါဖြစ်ပြီး မည်သည့်အကြောင်းကြောင့်သေဆုံးခဲ့သည်ကို Dawei Watch […]

မြိတ်၊ မြို့သစ်ရပ်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

diz_admin

July 18, 2022

မြိတ်မြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ‌‌သော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံများ ထံမှသိရသည်။ အုပ်ချုပ်ရေးမှူးရေးရုံးကို ယနေ့ (ဇူလိုင် ၁၈) မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားခြင်းဖြစ်ပြီး ဗုံးမှာရုံးအပါ်ထပ်သို့ ရောက်ရှိခြင်းမရှိဘဲ ရုံးအောက်ထပ် လျှပ်စစ်ပစ္စည်းဆိုင်ရှေ့သို့ ပြန်ကျလာကြောင်း ဒေသခံများ ကပြောသည်။ “အောက်ကို ပြန်ကျပြီး တရှူးရှူးနဲ့ မီးခိုးတွေထွက်သွားတယ်။ ပေါက်ကွဲတာမရှိဘူး”ဟု ဒေသခံအမျိုးသမီး ကပြောသည်။ ဗုံးကို စစ်ကောင်စီတပ်က လာရောက်သိမ်းဆည်းခဲ့ပြီးနောက် လာရောက်ပစ်သွင်းသူများကို CCTV တွင်ရှာဖွေနေကြောင်း ၎င်းတို့ကပြောပြသည်။ ဗုံးပစ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်က လမ်းဆုံလမ်းခွများတွင် အစစ်အဆေး တင်းကျပ်နေသည်ဟု ဒေသခံများ ကဆိုသည်။ ဇူလိုင် ၁၆ ရက်နံနက်ကလည်း မြိတ်မြို့၊ရေပုန်းရပ်ကွက် ဘုံပျံကျောင်းအနီး ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သေးသည်။ ယင်းပေါက်ကွဲမှု ကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က “နန်းထိုက်အောင်”စစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီ စီးလာသည့်ကားအား […]

မြိတ် တုံးဗျောရွာမှ ပျူစောထီး ဒုခေါင်းဆောင် သေနတ်ဖြင့် ပစ်ခံရပြီးသေဆုံး

diz_admin

July 18, 2022

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာနေ ပျူစောထီး ဒုခေါင်းဆောင်မှာ ယနေ့နံနက်တွင် မြိတ်စစ်ဆေးရုံ၌ သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မနေ့ညက နေအိမ်မှ ကားဖြင့်ထွက်လာသည့် ပျူစောထီးခေါင်းဆောင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိ အုပ်စုတစ်စုက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် ပျူစောထီးဒုခေါင်းဆောင် ဇူဘိုင်နှင့် ကားပေါ်လိုက်လာသည့် ပျူစောထီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ ယင်းပစ်ခတ်ခံရမှုကြောင့် ပျူစောထီး ဒုခေါင်းမှာ ဦးခေါင်းကျည်ထိကာ မြိတ်စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ယနေ့အာရုံတက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။ “ရွာကိုပြန်သယ်လာပြီး နေ့လယ်လောက်မှာ မြေမြုပ်သင်္ဂြိုဟ်မယ်လို့ သိရတယ်။ ကျန်တစ်ယောက်ကတော့ ဆေးရုံမှာပါ”ဟု ဒေသခံအမျိုးသား ကပြောသည်။ လာရောက်ပစ်ခတ်သူများမှ ပျူစောထီးများ ကိုင်ဆောင်သည့် သေနတ်အရှည်နှစ်လက်ကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကိုမူ မသိရဟု […]

ညင်းမော်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

July 18, 2022

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် မနေ့ည(ဇူလိုင် ၁၇)က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ညင်းမော်ရွာသား ဦးကျော်စိုးဆိုသူဖြစ်ပြီး ယင်းနေ့ည ရှစ်နာရီ ကျော်ကျော်ခန့်က အမျိုးသမီး နှင့်အတူရှိနေစဉ် ၎င်း၏နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။ ရွာထဲတွင် ညကသေနတ်သံ ဆယ်ချက်ထက်မနည်းကြားရသည်ဟု ဒေသခံများက ပြောဆိုသည်။ “ဒဏ်ရာက မျက်နှာမှာများတယ် မေး‌‌စေ့မှာတစ်ချက်၊ ဝဲဘက်ပါးမှာတစ်ချက်၊ နဖူးမှာသုံးချက် ဦးခေါင်းထိပ်မှာတစ်ချက် နောက်စေ့ကတော့ ပွင့်ထွက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါ အမျိုးသားသည် ညင်းမော်ရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲ အကြိုကာလများတွင် ကျေးရွာ ပါတီဥက္ကဌဖြစ်သူနှင့် မဲဆွယ် စည်းရုံးရေးခရီးစဉ်များတွင် လိုက်ပါလေ့ရှိသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းအမျိုးသား၏ မိသားစုဝင်များမှာ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ခန့်က လောင်းလုံးနှင့်ညင်းမော်ရွာကြားရှိသော ရဲတပ်ဖွဲ့ သက်သာ စိုက်ပျိုးရေးခြံကို […]

ရေဖြူ မူးဒူးရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ပစ်သတ်ခံရ

diz_admin

July 17, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇနီး၏ တူတော်စပ်သူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ပစ်သတ်ခံရသဖြင့် သေဆုံးသွားသူမှာ ဦးပိုင်သန်းဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဇနီးဖြစ်သူ၏ တူတော်စပ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။   ဦးပိုင်သန်းသည် ရွာထိပ်တွင် နေထိုင်ပြီး နေအိမ်အနီးက ၎င်းအလုပ်လုပ်သည့် ရော်ဘာခြံအနီးတွင် ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။  ပစ်ခတ်သံကြားရပြီးနောက် ရွာသားများ သွားရောက်ကြည့်ရှုချိန်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။  ဦပိုင်းသန်းဆိုသူမှာ သွေးသောက်အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီတပ်၏ လမ်းပြတစ်ဦးလည်းဖြစ်ကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇင်ယော်တပ်စုက ထုတ်ပြန်သည်။  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် အိမ်တိုင်ရာ‌ရောက် လမ်းပြပေးသူဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က […]

ကွယ်လွန်သွားတဲ့ ဦးလေးရဲ့ အရိုးစုကို ဂစ်တာလုပ်တီးနေတဲ့ အမေရိကန်ဂီတာသမား

diz_admin

July 17, 2022

မက်တယ်ဂီတကို နှစ်သက်သူတွေဟာ အရိုးခေါင်းတွေ အရိုးစုတွေကို အဆင်အပြင်တွေ လုပ်ကြတာ မြင်ဖူးမှာပေါ့။ ဒါပေမဲ့ တကယ့်အရိုးစုကြီးကို ဂီတာလုပ် တီးတာကတော့ နည်းနည်းများသွားပြီ။ ဖလော်ရီဒါပြည်နယ်က Prince Midnight သန်းခေါင်မင်းသား လို့ နာမည်ရတဲ့ ဂီတသမားတစ်ယောက်ဟာ ကွယ်လွန်သွားရှာသူ ဦးလေးတော်စပ်သူရဲ့ အရိုးစုကို ဂီတာအဖြစ် အသွင်ပြောင်းပြီး တီးနေသတဲ့။ ဦးလေးဖြစ်သူ အန်ကယ်ဖိလစ် ဟာ ၁၉၉၀ ကာလများက ကားမတော်တဆမှုနဲ့ ဂရိမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ မက်တယ်ဂီတရဲ့ အမာခံသမားကြီးလို့ သူက ဆိုပါတယ်။ ဦးလေးရဲ့ အရိုးစုကို မကြာသေးခင်ကမှ ပြန်လည်တူးဖော်ခဲ့ပြီးတော့ ယခုလို ပြန်လည်ဆင်မြန်းခဲ့တာပါ လို့ သန်းခေါင်မင်းသား က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဂရိသုသာန်နဲ့ အမေရိကန်အရာရှိတွေရဲ့ ခွင့်ပြုချက်နဲ့ အရိုးစုကို ပြန်လည်သယ်ဆောင်ပြီး လုပ်ငန်းဆောင်ရွက်ကြတာ ဖြစ်ပါသတဲ့။ သန်းခေါင်မင်းသားကြီး […]

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိလာ

diz_admin

July 17, 2022

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၁၄ ရက် ရေဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို စစ်ဆေးရာမှ ထားဝယ်နှင့် ရေဖြူမြို့နယ်တို့မှ နောက်ထပ် ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထပ်မံတွေ့ရှိလာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက်က ထားဝယ်မြို့ခံတစ်ဦးနှင့် ရေဖြူမြို့နယ်နေသူတစ်ဦး ပိုးတွေ့ခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် ရေဖြူမြို့နယ်မှ နောက်ထပ်တစ်ဦး ပိုးတွေ့ခဲ့သည်။ ယင်းပိုးတွေ့လူနာများအား ထားဝယ်နှင့် ရေဖြူဆေးရုံတို့တွင် ကုသမှုပေးထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်တွင် ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာသော်လည်း ယခင်ကကဲ့သို့ ထိတွေ့လူနာများအား သီးသန့် ခွဲစောင့်ကြည့်မည့် ကွာရန်တင်စင်တာများထားရှိမည့်အစီအစဉ်အကြောင်း မကြားရသေးကြောင်း ကိုဗစ်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနအား ကူညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

July 16, 2022

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ဆိုသူသည် ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ခုနစ်ချက်လောက် ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဦးလှတင်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ကောင်စီသတင်းပေးလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်း၏ သတင်းပေးမှုကြောင့် NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူ လူငယ်များအား လိုက်လံဖမ်းဆီးမှုများ […]