ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပထမအကြိမ် သေနတ်ပစ်ခံရသူ ခြောက်လကျော်အကြာ ဒုတိယအကြိမ်ပစ်ခံရပြီး သေဆုံး

diz_admin

July 22, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသား အသက် ၅၀ ကျော်အရွယ် ဦးသန်းထိုက်ဆိုသူ အမျိုးသားတစ်ဦး ဇူလိုင်လ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဦးသန်းထိုက်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ‌သကျက်တောရွာနှင့် တစ်ရွာကျော်အကွာ တောကျဲရွာ ကြက်ဝိုင်းတွင် ဒိုင်ကိုင်နေစဉ် ပထမအကြိမ် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ဖူးသည်။ ယင်းကဲ့သို့ ဒဏ်ရာရပြီးနောက် ခြောက်လကျော်အကြာ ယခုဒုတိယအကြိမ် ထပ်မံပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “သူကရှောင်နေတာမျိုးမရှိဘူး။ နေတာကသူ့အိမ်မှာပဲနေနေတယ်။ အခုပစ်ခံရတာက ငါတို့ရွာက ရပ်ကွက်လေးသဘောမျိုး တစ်တူပြန်ဆိုတဲ့နေရာမှာပစ်ခံရတာ။ အဲမှာရှိတဲ့ သူတို့ဆွေမျိုးတွေဆီသွား သွားနေတတ်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ သေဆုံးသူဦးသန်းထိုက်သည် အာဏာမသိမ်းခင်ကရပ်ရွာ လူမူရေးကိစ္စများတွင် ကူညီလေ့ရှိသူတစ်ဦးဖြစ်ပြီး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

July 22, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲကြဖို့ ပြင်သစ်သမ္မတဆို ပြင်သစ်သမ္မတ မက်ခရွန်ကနေ ၎င်းရဲ့ပြည်သူတွေကို လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲကာ ရုရှားရဲ့ သဘာဝဓာတ်ငွေ့ ဖြတ်တောက်မှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ မီးများပိတ်ထား၍ တစ်နိုင်ငံလုံး စွမ်းအင်ချွေတာရေးကဏ္ဍမှာ ပါဝင်ကြဖို့ကိုလည်း သမ္မတကနေ တိုက်တွန်းနှိုးဆော်ထားပါတယ်။ “ရုရှားဟာအစားအစာ နဲ့ စွမ်းအင်ကို စစ်လက်နက်အဖြစ်အသုံးပြုနေတာဖြစ်ပါတယ်၊ ရုရှားဓာတ်ငွေ့မရှိဘဲ သွားရမယ့် အခြေအ‌နေတွေကို ကျွန်တော်တို့ အနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်” လို့ သမ္မတက ပြင်သစ်အမျိုးသားနေ့ဖြစ်သော Bastille Day မှာ ဆိုခဲ့ပါတယ်။ Ref: EU reporter အမေရိကန် ကုန်တိုက်တစ်ခုမှာ သေနတ်ပစ်မှုဖြစ်ပွားလို့ […]

ကေအန်ယူအဖွဲ့တွင်း သဘောထားကွဲမှု တောင်ပိုင်းကို ဘာတွေရိုက်ခတ်စေလဲ

diz_admin

July 22, 2022

ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် သဘောထားကွဲမှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များအကြား တင်းမာမှုများနှင့် အငြင်းပွားဖွယ် ကိစ္စများဖြစ်ပေါ်လာမည်ကို အထူးစိုးရိမ်ပူပန်မိကြောင်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများက ယနေ့မေတ္တာရပ်ခံချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ ကေအန်ယူအဖွဲ့အတွင်း သဘောထားကွဲမှု ပြဿနာက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ရိုက်ခတ်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။ ယင်းကြောင့်ပင် တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့စည်းများနှင့် ကျေးလက်အခြေပြု အဖွဲ့အစည်းများက စုပေါင်းကာ အထူးစိုးရိမ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ရခြင်းဖြစ်သည်။ ကော်သူးလေတပ်မတော် ကော်သူးလေတပ်မတော်အား ဖွဲ့စည်းကြောင်း ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်(ဟောင်း) ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ယခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် တရားဝင် အသိပေးထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ ၏ ဒုတိယမြောက်သားကြီးဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး […]

ရွှေဈေးအတက်ကြမ်းနေသော်လည်း ထားဝယ်တွင် အဝယ်လိုက်

diz_admin

July 22, 2022

ရွှေဈေးအတက်ကြမ်းနေသော်လည်း ထားဝယ်ဈေးကွက်တွင် အဝယ်လိုက်နေသည်ဟု ထားဝယ်ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။ ဇူလိုင်လ ၂၁ ရက်နေ့လယ်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၃၀,၀၀၀ ကျပ်သာရှိသော်လည်း ယနေ့ ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၆၀,၀၀၀ ကျပ်အထိ ဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်က အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်း ၂၀ ဝန်းကျင်ခန့်သာရှိသည်။ ယခုရက်ပိုင်း ၄-၅ ရက်အတွင်း တစ်ကျပ်သားလျှင် ၂၁ သိန်းနှင့်အထက်ဖြစ်လာပြီး ရွှေဆိုင်ကြီးများတွင် ရွှေလာရောင်းသူထက် ရွှေဝယ်စုသူ ယခင်ထက်ပိုများလာသည်ဟု ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။ လက်ဝတ်ရတနာ ရွှေထည်ဝယ်ယူသူနှင့် ရွှေအတုံးဝယ်ယူသူ မျှနေသည်ဟု ဈေးကြီးအနောက်ဘက်လမ်းရှိ ရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုတော့ ဝယ်သမားပေါတယ်ရှင်၊ အခုလောလောဆယ်မှာတော့ အရောင်းအဝယ်နည်းနည်းတော့ ပြန်လှုပ်လာတယ်” […]

လျှပ်စစ်မီးမလိုတဲ့ အဝတ်လျှော်စက်

diz_admin

July 22, 2022

ကမ္ဘာ့လူဦးရေရဲ့ (၇၀) ရာခိုင်နူန်းဟာ လျှပ်စစ် အဝတ်လျှော်စက်ကို လက်လှမ်းမမီတာမို့ လုပ်အားကို ပိုယူတဲ့ အဝတ်လျှော်ရခြင်းကို အချိန်ပေးပြီး ဆောင်ရွက်နေကြရပါတယ်။ ပြီးတော့ ဒီလို ဝန်ထုပ်ဝန်ပိုးဟာ အမျိုးသမီးများနဲ့ မိန်းကလေးများအပေါ် အချိုးမကျစွာ သက်ရောက်နေပြီး လက်နဲ့အဝတ်လျှော်ရခြင်းဟာ လျှပ်စစ်မီးနဲ့ ရေပိုက်လိုင်း မရှိသူ တချို့အတွက် သီတင်းတစ်ပတ်ကို နာရီ ၂၀  လောက် အချိန်ပေးနေရပါသတဲ့။ လန်ဒန်မြို့သား အိန္ဒိယအနွယ်ဝင် နာဂျို့ဆော်နီ ဆိုသူ အင်ဂျင်နီယာ တစ်ဦးက လျှပ်စစ်မလို လက်နဲ့လှည့် နိုင်ပြီး အလွယ်တကူ သယ်ယူနိုင်တဲ့ အဝတ်လျှော်စက်ကို တီထွင်ခဲ့ပါသတဲ့။ အဆိုပါ စက်ကို မစ္စတာဆော်နီက ဒီဗား လို့ နာမည်ပေးထားပြီး အိန္ဒိယမှာ သူနေခဲ့စဉ်က အိမ်နီးချင်း အမျိုးသမီး တစ်ဦးရဲ့ နာမည်ကို မှည့်ခေါ်ထားတာပါ။ မစ္စတာဆော်နီဟာ […]

ထိုင်းတွင် ကားရေထဲကျရာမှပျောက်ဆုံးနေသော မြန်မာလုပ်သားနှစ်ဦး၏အလောင်းကိုရှာတွေ့

diz_admin

July 22, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားတစ်စီး ရေထဲမျောပါရာမှ ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမားနှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ဇူလိုင်လ ၂၁ ရက် နံနက် ၄နာရီဝန်းကျင်က မြန်မာနှစ်ဦးလိုက်ပါကာ ထိုင်းနိုင်ငံသား မောင်းနှင်သည့် ပစ်ကပ်ကားမှာ ကားလမ်းရေကျော်နေချိန် ဖြတ်မောင်းရာမှ ကားလမ်းဘေးမြောင်းထဲထိုးကျကာ မြန်မာနှစ်ဦးပျောက်ဆုံးနေခြင်း ဖြစ်သည်။ မြန်မာနှစ်ဦးအနက် အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေထွန်းဆိုသူကို ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် သေဆုံး လျက်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၎င်း၏ အလောင်းကို ကားမြောင်းထဲကျသွားသောနေရာနှင့် ၄ ကီလိုမီတာခန့်အကွာရှိ စက်မှုဇုန်တံတားအနီး မြက်ပင်များကြားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။ မိုးတနေကုန် မရပ်မနား ရွာသွန်းနေမှုကြောင့် ရေစီးသန်လာသဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များကို […]

မြိတ်တွင် ကွမ်းသီးအနု ဈေးကျ

diz_admin

July 22, 2022

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းများ ကျဆင်းနေကြောင်း စုံစမ်းသိရသည်။ ယခင်က ကွမ်းသီးအနုတစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်နှင့် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ကျော်အထိ ရရှိခဲ့ကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောပြသည်။ လက်ရှိ ကွမ်းသီးအနု တစ်လုံးလျှင် ၃၅ ကျပ်နှင့် တစ်ပိဿာလျှင် ၃၄၀၀ ကျပ်သာရရှိကြောင်း ပရည်တောင်ရွာနေ ကွမ်းစိုက်‌တောင်သူတစ်ဦးက ပြောသည်။ “ကွမ်းသီး တစ်အိတ်သွားရောင်းတာ အရင်ကဆို ငါးသောင်းကျော်အထိရတာ။ (ဇူလိုင် ၂၂) ဒီမနက်သွားရောင်းတော့သုံးသောင်းနီးပါးလောက်ပဲ ရတယ်” ဟု အထက်ပါ ကွမ်းစိုက်တောင်သူက ပြောဆိုသည်။ ကွမ်းသီးအနု ဈေးကောင်းသဖြင့် ရောင်းချသူများလာသောကြောင့် လက်ရှိတွင် ကွမ်းသီးအနု အဝင်များနေသဖြင့် ဈေးနှုန်းလျော့ကျသွားခြင်းဖြစ်ကြောင်း ကွမ်းသီးအနုအဝယ်ဒိုင်အချို့ထံမှ သိရသည်။ “အခုက မိုးတွင်းလည်းဖြစ်တယ်။ အနုတွေ […]

သားမမွေးနိုင်ဘဲ သေဆုံးသွားသည့် လင်းပိုင်

diz_admin

July 22, 2022

ကော့သောင်းခရိုင်၊ ပါချန်မြစ်ဝှမ်း ရေလယ်ကျွန်းအနီး သားမွေးနေစဉ် သေဆုံးကာ မျောပါနေသည့် လင်းပိုင်အမ တစ်ကောင်ကို တွေ့ရှိပြီး ယနေ့ (ဇူလိုင် ၂၂) နံနက်ပိုင်းတွင် ဝဲငယ်ရွာ၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ လင်းပိုင်အမ ဝမ်းဗိုက်တွင် လင်းပိုင်သားပေါက်လေး၏အမြီးပိုင်း အပြင်ထွက်လျက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သဖြင့် သားမမွေးနိုင်သဖြင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။ လင်းပိုင်အမသည် အရှည် ၇ ပေကျော်နှင့် လုံးပတ် ၅ ပေကျော်ရှိပြီး သားပေါက်လေးမှာ အရှည် ၄ ပေနီးပါးနှင့် လုံးပတ် ၂ ပေကျော်ရှိသည်။