ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံငါးဦး ရွာပြန်ရောက်၊ တစ်ဦးပြန်မလွတ်လာသေး
diz_admin
July 25, 2022လောင်းလုံးမြို့နယ် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံငါးဦးမှာ ရွာသို့ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၂၄ရက် နံနက် ၇နာရီကျော်က လောင်းလုံးမြို့ရှိ အလှူသို့ ကြွရောက်သည့် ဆရာတော်နှင့် ရွာသားအချို့၊ ဈေးဝယ်သွားသည့် ရွာသားအချို့တို့ လိုက်ပါလာသည့် ကားနှစ်စီးမှာ လမ်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တွေ့ရှိရာမှ ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ပညစ်-လောင်းလုံးလမ်းတွင် ဆရာတော်နှင့် ဒေသခံခြောက်ဦးတို့ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီးနောက် ဆရာတော်နှင့် ဒေသခံ ငါးဦးတို့ကို ပြန်လွှတ်ပေးလိုက်သဖြင့် ရွာသို့ ယင်းနေ့ ညနေ ငါးနာရီခွဲခန့်တွင် ပြန်လည်ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပြန်ရောက်ပါပြီ။ ညနေပိုင်းမှာပဲ ပြန်ရောက်လာကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။ သို့သော် ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ […]


