ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်ဖမ်းဆီးမှုဆက်တိုက်ဖြစ်လာ

diz_admin

July 30, 2022

မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ ကန်ကြီးရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် တပ်ပြင်ဈေးအတွင်း ဈေးခင်းနေချိန် သေနတ်ဖြင့် ပစ်ခတ်ခံရသည်။ ယင်းသို့အပစ်ခံရပြီးနောက် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီး မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ “နေ့ရော ညရော စစ်တယ်။ မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင် မစုံလို့ အဖမ်းခံရတာတွေလည်း ဆက်တိုက်ဖြစ်လာ နေတယ်” ဟု ဒေသခံ ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။ ယနေ့ (ဇူလိုင် ၃၀) နံနက်ကလည်း မြိတ်မြို့တိုးချဲ့ဈေးတွင် ဈေးဝယ်ရန်လာသည့် ဆိုင်ကယ်များနှင့် ဖြတ်သန်း သွားလာသည့် ဆိုင်ကယ်များအား ဖမ်းဆီးကာ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

July 30, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကနေဒါမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦးသေဆုံး ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ဇူလိုင်လ၂၅ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ သေနတ်သမားအပါအဝင် လူ (၃) ဦးသေဆုံးပြီး နောက်ထပ် (၂) ဦးဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ကပြောပါတယ်။ ဗန်ကူးဗားမြို့အရှေ့ဘက် (၂၅) မိုင်လောက်မှာရှိတဲ့ လန်ဂလေမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှုတွေက ပတ်ဝန်းကျင်မှာနေတဲ့ အိမ်ခြေမဲ့သူတွေကို ပစ်မှတ်ထားခဲ့တာလို့ ယူဆရကြောင်း သိရပါတယ်။ ဒဏ်ရာရတဲ့အမျိုးသမီးတစ်ဦး စိုးရိမ်ရတဲ့အခြေအနေရှိပြီး နောက်ထပ်အမျိုးသားတစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး ဘာကြောင့်ပစ်ခတ်သလဲဆိုတာတော့ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ Ref: Reuters ဥရောပကို ဓာတ်ငွေ့တင်ပို့မှု […]

အလုပ်သမား တရားမဝင်ပို့နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိသည်ဟု ထိုင်းရဲပြော

diz_admin

July 29, 2022

မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံသူတစ်ဦးကို တာခ့်ခရိုင်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြဝတီတစ်ဖက်ကမ်း တာခ့်ခရိုင် မဲဆောက်ဒေသတွင် ပုန်းခိုနေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်များတွင် ဖော်ပြသည်။ မြန်မာ အလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသောကြောင့် အသက် ၃၈ နှစ်အရွယ် နန်းခင်စောမူအမည်ရှိ မြန်မာနိုင်ငံသူကို ချိုင်းနတ်ခရိုင်တရားရုံး ဝရမ်းထုတ်ထားကြောင်း ရေးသားဖော်ပြသည်။ ချိုင်းနတ်ခရိုင်တွင် ထိုင်းနိုင်ငံသား ကားသမားက စွန့်ပစ်ခဲ့သော မြန်မာအလုပ်သမား ၂ ဦး၏ အလောင်းကို မေလ ၁၉ရက်နေ့ တွင် တွေ့ရှိရပြီးနောက် အမှုနှင့် သက်ဆိုင်သောသူများကို တရားရုံးက မေလ ၃၀ ရက်နေ့ ရက်စွဲဖြင့် […]

တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာ၊ အကန့်သတ်ဖြင့်ရောင်းချနေရ

diz_admin

July 29, 2022

တနင်္သာရီတိုင်းတွင် အိမ်သုံးဂတ်စ်ပြတ်လပ်မှုဖြစ်လာသဖြင့် အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း ဂတ်စ် ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီဈေးကွက်အတွင်းမှ သိရသည်။ ဂတ်စ်တင်သွင်းသည့် ကုမ္ပဏီက လက်လီအရောင်းဆိုင်များကို အကန့်အသတ် ခွဲတမ်းဖြင့် ရောင်းချပေးခြင်းကြောင့် လိုသလောက် ဝယ်ယူမရဖြစ်လာပြီး ဈေးကွက်တွင် ဂတ်စ် ပြတ်လပ်မှုဖြစ်လာကြောင်း ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်ရှိ ဂတ်စ်အရောင်းဆိုင်မှ ဆိုင်ရှင် အမျိုးသမီးကြီးက ပြောသည်။ ယခင်က ဂတ်စ် ကုမ္ပဏီတွင် ၄၈ ကီလို ဂတ်စ်အိုး အလုံး ၂၀ ဝယ်ယူခွင့်ရသော်လည်း ယခု ဇွန်-ဇူလိုင်လထဲတွင် အလုံး ၂၀ မှာယူသော်လည်း ၎င်းတို့ဆိုင်အတွက် ၁၀ လုံးသာ ခွဲတမ်းရရှိသည်ဟု ၎င်းက ပြောသည်။ “ပစ္စည်းက အရင်ရှိနေတာလောက်ကိုပဲ မှေးပြီးထည့်ပေးနေရတယ်။ အန်တီဆို အခု မီးသွေးပြန်ဝယ်ထားရတယ်” ဟု အထက်ပါအမျိုးသမီးကြီးက ပြောသည်။ […]

မောင်းမကန်ရွာသားငါးဦး အဖမ်းခံရ

diz_admin

July 29, 2022

လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းက အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယနေ့ နံနက် ၄ နာရီခန့်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားသုံးစီးဖြင့် မောင်းမကန် ဈေးလမ်းရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး ရွာသားငါးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုညီညီအောင်နှင့် အသက် ၄၀ ကျော်အရွယ်များဖြစ်သည့် ကျေးရွာဈေးအနီး နေထိုင်သည့် ဦးသိန်းစိုး၊ ဦးအောင်ကျော်လွင်၊ ဒေါ်လွင်နှင့် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ်ရှိ မညီမလေး ဆိုသူတို့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “မနက်စောစောက အိမ်တွေကို ဝင်စစ်နေတယ်။ ပြီးတော့ရွာထဲမှာလည်း ပတ်ပြီးသွားနေတယ်။ ကျွန်မတို့လည်း ရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက […]

ပညစ်ရွာ ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ပြန်လွတ်လာ

diz_admin

July 29, 2022

လောင်းလုံးမြို့နယ် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်၏ ယာဉ်မောင်းဖြစ်သူ ဦးမဲမဲ ဇူလိုင်လ ၂၈ ရက်နေ့က ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၂၄ ရက် နံနက်က လောင်းလုံးမြို့ပေါ်က အလှူသို့ကြွသည့် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဈေးဝယ်သွားသည့် ဒေသခံများ ကားနှစ်စီးဖြင့်သွားကြရာ လမ်းခရီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့သဖြင့် ဖမ်းဆီးခံခဲ့ ရသည်။ ယင်းနေ့ ညနေပိုင်းတွင် ဆရာတော်နှင့် ဒေသခံငါးဦးကို ပြန်လွတ်ပေးခဲ့ပြီး ဆရာတော်ကား၏ ယာဉ်မောင်းဖြစ်သူ ဦးမဲမဲကို ဆက်လက်ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ဦးမဲမဲမှာ လောင်းလုံးရဲစခန်းတွင် လေးရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဇူလိုင် ၂၈ ရက်နေ့က ပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။ “ဦးမဲမဲကတော့ မနေ့က အိမ်ပြန်ရောက်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းရွာတွင် ဇူလိုင်လ ၂၆ […]

ရေးမြို့မရဲစခန်း တိုက်ခိုက်ခံရ

diz_admin

July 29, 2022

မွန်ပြည်နယ် ရေးမြို့ မြို့မရဲစခန်း ဇူလိုင်လ ၂၈ ရက်ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြာင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ သီရိခေမာရပ်ကွက်ရှိ မြို့ရဲစခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် သေနတ်သမားများ လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။   “မြို့မရဲစခန်းကို သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ဝင်ပစ်သွားတယ်။ ထိသွားတာရှိတယ်လို့တော့ ကြားတယ်။ သေချာတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့ကမူ ရေးမြို့မရဲစခန်းကို ၎င်းတို့အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲသုံးဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ ယင်းနေ့တွင် ရေးမြို့နယ် ကဗျာဝကျေးရွာမှ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ကိုမင်းကိုဆိုသူကိုလည်း သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးမြို့နယ်တွင် ရဲစခန်း၊ တံတားလုံခြုံရေးဂိတ်များ ဆက်တိုက်တိုက်ခိုက်ခံနေရသည့်အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူး […]

သရက်ချောင်း ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

July 28, 2022

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် အမျိုးသားတစ်ဦး ယနေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ အရွယ် ဦးတင်လင်းဆိုသူကို နံနက် ၄ နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ကင်းရှေ့ရွာအထွက်ရှိ ဆီဆိုင်အနီးတွင် သေနတ်ဖြင့်ပစ်သတ်ကာ ထားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ရွာထဲမှာ သတင်းထွက်နေတာကတော့ ဒလန်လိုလို ဘာလိုလိုပေါ့နော်” ဟု ၎င်းက ဆိုသည်။ ဇူလိုင်လတွင်းက ကျောက်လှေကားရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဦးတင်လင်းဆီကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးစာပေးခဲ့သည်ဟု သတင်းများကြားသိရကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။ ကင်းရှေ့ရွာနှင့် ကျောက်လှေကားရွာတို့မှာ ၄ မိုင်ခန့် ကာဝေးဖြင့် ဆိုင်ကယ်ဖြင့်သွားပါက ၂၅ မိနစ်ခန့်သွားရသည်ဟု […]