ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာမိန်းကလေးအား အဓမ္မကျင့်သည့် ထိုင်းတက္ကစီသမားကို ထောင်ဒဏ် ၁၃နှစ်ကျော်ချ

diz_admin

August 4, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆယ်ကျော်သက် မြန်မာမိန်းက‌လေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်ကာ လက်ထိပ် ခတ်ပြီးအဓမ္မပြုကျင့်ခဲ့သော ထိုင်းနိုင်ငံသားတက္ကစီယာဉ်မောင်းကို ဩဂုတ်လ ၂ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၃နှစ်ကျော် ပြစ်ဒဏ်ချမှတ်လိုက်သည်။ အသက် ၃၉ အရွယ် Adrik Sae Bae ဆိုသည့် တက္ကစီသမားက ပြစ်မှုကျူးလွန်ကြောင်း တရားရုံးတွင် ဝန်ခံသဖြင့် ပြစ်ဒဏ်ကို လျှော့ပေါ့၍ ထောင်ဒဏ် ၁၂နှစ်နှင့် ၂၁ လ (၁၃နှစ်နှင့် ကိုးလ) အမိန့်ချမှတ်ခဲ့ပြီး ငွေဒဏ်လည်း ချမှတ်ခဲ့ ကြောင်း ယင်းအမှုတွင် နစ်နာသူ မြန်မာမိန်းကလေးကို ကူညီဆောင်ရွက်ပေးခဲ့သည့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မဟာချိုင်ရုံး (HRDF Mahachai) ထံမှ သိရသည်။ အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးသည် ဘန်ကောက်မြို့တွင် အလုပ်ရှာဖွေနေသူ ဖြစ်ပြီး […]

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာ

diz_admin

August 4, 2022

တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နေရပ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။ တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုတို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လာကြကြောင်း ဒေသခံများက ပြောသည်။ “တော်တော်များများတော့ တဖြေးဖြေးနဲ့ ပြန်လာနေကြပြီ။ မလာကြသေးတဲ့လူတွေလည်း ရှိနေသေးတယ်” ဟု တကူ၊ သံတိုက်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ အလားတူ သရဘွင်နှင့် သိန္ဒောကျေးရွာတို့မှ စစ်ဘေးရှောင်နေသူများသည်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိ လာနေကြောင်း ဒေသခံများက ပြောသည်။ “အားလုံးနီးပါးတော့ ပြန်ရောက်လာကြပြီဆိုပေမယ့် တိုက်ပွဲက ဘယ်အချိန် ထဖြစ်ဦးမယ် မသိသေးဘူး” ဟု သရဘွင်ကျေးရွာအုပ်စုနေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များ ယင်းကျေးရွာများတွင် မရှိတော့သည့်အတွက် […]

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၄၃ ဦး ဖမ်းဆီးခံရ

diz_admin

August 3, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကား လေးစီးဖြင့် တရားမဝင်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၃ ဦးကို ယနေ့ (ဩဂုတ် ၃) နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားကာ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ ဝါတ်လိကျိအ်ဘုရားကျောင်းတွင် တရားမဝင်မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားများသည် ကားပြောင်းလဲရန်ပြင်ဆင်နေသည်ဟု သတင်းရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ ယင်းနောက် ထိုင်းရဲတပ်ဖွဲ့နှင့် ရွာသူကြီးများက သွားရောက်စစ်ဆေးရာတွင် ဘုရားကျောင်းအနီး မီးသင်္ဂြိုဟ်စက်အနီး ရပ်ထားသော ကား ၄ စီးနှင့်အတူ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဖော်ပြသည်။ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ကားသမားကိုပါ ဖမ်းဆီးရမိခဲ့ပြီး ကျန်ကားသမား ၃ တို့ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရေးသားထားသည်။ ကားလေးစီးအနက် ပထမကားတွင် […]

ရေးမြို့ လဝကရုံး ပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိဟုဆို

diz_admin

August 3, 2022

မွန်ပြည်နယ် ရေးမြို့ရှိ လဝကရုံး ယနေ့ (ဩဂုတ် ၃) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လဝကရုံးကို ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ လဝကရုံး ဝင်ရောက်ပစ်ခတ်သည့်ဖြစ်စဉ်တွင် မြို့နယ်ဦးစီးမှူးအပါအဝင် အနည်းဆုံး ငါးဦးသေဆုံးသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ မြို့ခံတစ်ဦးကမူ “ကြားသိရသလောက်ကတော့ နှစ်ယောက်သေသွားတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်” ဟု ပြောဆိုသည်။ လက်ရှိတွင် ရေးတစ်မြို့လုံးနှင့် မြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ပိတ်ဆို့ရှာဖွေများ လုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေးမြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်းများ ဩဂုတ်လ ၂ ရက်နေ့ နောက်ဆုံးထားပြီး […]

ထားဝယ်အရှေ့တောနယ်မှ စစ်ရှောင်ကလေးများအတွက် အစားအ‌စာနှင့် ဆေးဝါးများလိုအပ်နေ

diz_admin

August 3, 2022

စစ်ဘေးရှောင်နေရသည့် ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ မေတ္တာအလင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးဂေဟာမှ ကလေးများအတွက် အစားအသောက်နှင့် ဆေးဝါးများလိုအပ်နေကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။ မေတ္တာအလင်းဂေဟာကို ယခင်က အရှေ့တောနယ် ဝကုန်းကျေးရွာတွင် ဖွင့်လှစ်ခဲ့ပြီး ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများကြောင့် ခမောင်းသွယ်တိုက်နယ် မြေးခံဘော်ရွာသို့ပြောင်းရွှေ့ဖွင့်လှစ်ကာ စစ်ဘေးရှောင်နေရကြောင်း ဂေဟာဆရာမတစ်ဦးက ပြောသည်။ လက်ရှိတွင် ဂေဟာရှိ ကလေး ၂၈ ဦးအတွက် အစားအသောက် အခက်အခဲဖြစ်ပေါ်နေပြီး ကလေး ၈ ဦးမှာလည်း ဖျား‌နာနေကြောင်း ၎င်းက ဆိုသည်။ “စားသုံးဆီဆိုရင် မဝယ်နိုင်တာ တစ်လလောက်တောင်ရှိနေပြီ။ ဈေးကြီးတယ်ဆိုတော့လေ။ ဆန်ကြတော့လည်း တစ်ခါတလေ ထမင်းနှစ်နပ်ပဲကျွေးရတာတွေရှိတယ်။ နေမကောင်းတဲ့သူတွေကိုလည်း ဆေးဝါးမရှိတော့ ကျန်းမာရေးဆရာမနဲ့ပြပေးရတယ်။ ဆရာမက ဆေးဖိုးလျှော့ယူတာတောင်မှ တစ်ခါပြရင် တစ်သောင်းလောက် ကုန်တာဆိုတော့ အခုအကြွေးတွေတင်နေတယ်” ဟု ၎င်းဆရာမ ပြောဆိုသည်။ ယင်းအတွက်ကြောင့် […]

ထိုင်းမှ ပြန်လွှဲပြောင်ပေးသည့် မြန်မာ ၁၂ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

August 3, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူ မြန်မာအလုပ်သမား ၁၇၀ ကျော်အနက် ၁၂ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၀၉ဦးနှင့် အမျိုးသမီး ၆၃ ဦး စုစုပေါင်း ၁၇၂ ဦးအား ပြန်လည် လွှဲပြောင်းပေးခဲ့ရာ ၁၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ကိုဗစ်ပိုးတွေ့တဲ့သူတွေက အမျိုးသားတွေချည်းပဲ” ဟု ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့သည် ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူတို့အား ကျန်းမာရေး စောင့်ရှောက်ပေးရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။ ကိုဗစ်ပိုးတွေ့သူတို့အား ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်အဆောင်တွင်ထားရှိပြီး ပိုးမတွေ့သူများကို ကွာရန်တင်းစခန်းတို့တွင် ထားရှိထားကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ပြီးနောက် […]

တောင်ပိုင်းသားတို့ရဲ့ လုံခြုံရေး

diz_admin

August 3, 2022

မနှစ် နှစ်ကုန်ပိုင်းက စပြီး တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ စဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွား လာပါတယ်။ 

ပျောက်ဆုံးနေသည့် ပုဂေါဇွန်းရွာသားငါးဦးအနက် သုံးဦး၏အလောင်းတွေ့

diz_admin

August 2, 2022

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်း ပစ်ခတ်ဝင်ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် ရွာသား ငါးဦးအနက် သတ်ဖြတ်မြှုပ်နှံခံထားရသူသုံးဦး၏ ရုပ်အလောင်းကို ယနေ့ (ဩဂုတ် ၂) တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင် ၃၁ ရက် ညနေပိုင်းက ပုဂေါဇွန်းအရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယင်းရွာသို့ ဝင်ရောက်လာကာ နေအိမ်တစ်ဆောင်ရှေ့တွင် သေနတ်ဖြင့် ၁ဝချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံ ရွာသားငါးဦး ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ယင်းသေနတ်သံမှာ ဦးမောင်ကြည်ဆိုသူ၏ နေအိမ်ကို ပိတ်ဆို့ဖမ်းဆီးရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၃၁ရက် ည ၇နာရီခန့်တွင် ဦးမောင်ကြည်ဆိုသူ၏ နေအိမ်ကို ဝင်ဝိုင်းရာ ၎င်း၏ သားမက်ဖြစ်သူ ဦးစောရှီမှာ ထွက်ပြေးရာမှ ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံအချို့ကို ယနေ့ […]