ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ
diz_admin
August 12, 2022ထိုင်းနိုင်ငံ စူခိုထိုင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၉ ဦးကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လမ်းဖန်းခရိုင်မှတဆင့် မြန်မာအလုပ်သမားများကို ဗန်ကားဖြင့် တင်ဆောင်လာသည်ဟု သတင်းကြိုရထားသဖြင့် စူခိုထိုင်းခရိုင်ရှိ ပါငီဝူစစ်ဆေးရေဂိတ်အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရန် အချက်ပြသော်လည်း အရှိန်ဖြင့်မောင်းပြေးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းနောက် အဆိုပါဗန်ကားသည် စရီးစာန်ခ်ျနားလိုင်းဒေသရှိ ဝတ်ဘန်းမိုင်ဘုန်းကြီးကျောင်း၏ အုတ်နံရံကို ဝင်တိုက်မိကြောင်း သတင်းများတွင် ဖော်ပြသည်။ ဘုန်းကြီကျောင်းအနီးတွင် လုပ်အားပေးလုပ်ကိုင်နေသူများမှ ကူညီရန်သွားသောအခါတွင် ကားပေါ်ပါသူ အများစုမှာ ထိုင်းစကား မပြောတတ်ဘဲ မြန်မာလူမျိုးများဖြစ်နေသည်ဟု သိရှိရပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၂၉ ဦးတွင် အမျိုးသား ၁၀ […]


