ထားဝယ်အိမ်ခြံမြေဈေးကွက် အရောင်းများပြီး အဝယ်နည်း
diz_admin
December 16, 2022ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ရောင်းချလိုသူများပြားပြီး ဝယ်ယူမည့်သူ မရှိသလောက်နည်းပါးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်နှစ်ကမူ ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနှင့်အတူ ကျပ်ငွေအပေါ်ယုံကြည်မှုနည်းပါးလာကြသဖြင့် အိမ်ခြံမြေဝယ်လိုသူ ပိုများပြားခဲ့ကြောင်း အကျိုးဆောင်အချို့က ပြောသည်။ ယခုနှစ် ပွင့်လင်းရာသီတွင်မူ ပြောင်းပြန်ဖြစ်လာပြီး ရောင်းမည့်သူကများကာ ဝယ်ယူမည့်သူမှာ မရှိသလောက်ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ “မနှစ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအထိ ဝယ်ပေးရတာတွေရှိတယ်။ ဒီနှစ်ကတော့ စုံစမ်းတာမျိုးတောင် မရှိတော့ဘူး” ဟု လောင်းလုံးမြို့နယ်တွင် အိမ်ခြံမြေ ရောင်းဝယ်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခင်က အနိမ့်ဈေးဖြင့်ဝယ်ယူသိမ်းဆည်းထားသည့် အိမ်ခြံမြေများကို ပွင့်လင်းရာသီတွင် ထုတ်ရောင်းလာကြခြင်း၊ စီးပွားရေး အရင်းအနှီးလုပ်ရန်အတွက် အိမ်ခြံမြေကို ထုတ်ရောင်းလာကြခြင်း၊ မလုံခြုံမှုတို့ကြောင့် အခြားမြို့ရွာသို့ ရွှေ့ပြောင်းရန်အတွက် ရောင်းချလိုသူများရှိလာခြင်း စသည့်တို့ကြောင့် ရောင်းလိုအားများပြားလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ အိမ်ခြေံမြေအသင်းဝင်တစ်ဦးက ဆိုသည်။ “ဒီလိုပွင့်လင်းရာသီမှာ ရောင်းရင်တော့ (အမြတ်အစွန်း) ပိုရမယ်ဆိုပြီး […]


