BREAKING
June 16, 2025

သတင်း

ကိုဗစ်ကာလ အိမ်ပေါ်ကဆင်းခဲ့ရသည့် မင်းသမီဟောင်းအမယ်အို သုံးရက်အတွင်း အလှူငွေ ကျပ်ခြောက်သိန်းနီးပါးရရှိ

diz_admin

November 24, 2020

ကိုဗစ်ကာလ အိမ်ခန်းခ မပေးနိုင်သဖြင့် နှင်ချခံလိုက်ရသည့် မင်းသမီးဟောင်းအား ရပ်နီး၊ ရပ်ဝေးမှ လှူဒါန်းသည့်အလှူငွေ ‌ကျပ်ခြောက်သိန်းနီးပါး ရရှိနေပြီဖြစ်သည်။ မင်းသမီးဟောင်း ဒေါ်သိင်္ဂီရွှေသည် ကိုဗစ်ကာလအတွင်း ဇာတ်မကရသဖြင့် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း Dawei Watch မီဒီယာမှ သတင်းတင်ဆက်ပြီး သုံးရက်အကြာတွင် ယင်းအလှူငွေများကို လက်ခံရရှိခဲ့ ခြင်းဖြစ်သည်။ ယင်းသတင်း တင်ဆက်ပြီးနောက် ဒေါ်သိင်္ဂီရွှေအား ရန်ကုန်မြို့ရှိ သဘင်ဆည်းဆာ ဘိုးဘွားရိပ်သာတွင် လာရောက်နေထိုင်ရန် ခေါ်ဆောင်မည်ဟု ကမ်းလှမ်းလာခဲ့သည်။ သို့သော် သားဖြစ်သူ မင်းသားလှိုင်ဘွား ခေါင်းချသွားသည့် ထားဝယ်တွင်သာ နေထိုင်မည်ဟုဆိုကာ ဒေါ်သိင်္ဂီရွှေက ရန်ကုန်သို့ မလိုက်ခဲ့ပေ။ “ထားဝယ်သဘင်အစည်းရုံဘက်ကရော၊ ဗဟို သဘင်အစည်းအရုံးကရော အနိုင်ဆုံးကူညီပေးနေပါတယ်” ဟု ထားဝယ်မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ(ခ) ရွှေမင်းသားက ဆိုသည်။ လှူဒါန်းသူများ၏ အလှူငွေများ စာရင်း ဦးတင်မောင်ရွှေ၏ […]

ကျောင်းများ ပြန်ဖွင့်၊ မဖွင့် မသိရသေး

diz_admin

November 24, 2020

ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါကြောင့် ပိတ်ထားရသည့် အခြေခံပညာကျောင်းများ ပြန်ဖွင့်မည့် ကိစ္စမှာ ကိုဗစ်ဗဟိုကော်မတီက ဆုံးဖြတ်မည်သာဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ပြောသည်။ အခြေခံပညာကျောင်းများ ပြန်ဖွင့်/မဖွင့် ဆိုသည့်ကိစ္စနှင့် ပက်သက်၍ အခြေခံပညာဦးစီး ဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိသေးဟု ဦးဖြူဝင်းက ပြောသည်။ “ရောဂါအခြေအနေကလည်း ထိန်းချုပ်နိုင်ပြီ၊ ဆေးရုံမှာလည်း တက်ရောက်ကုသနေတဲ့ လူနာမရှိတော့ဘူးဆိုရင်တော့ ဖွင့်လို့ရမှာပေါ့။ ဒါကလည်း ကိုဗစ်ဗဟိုကော်မတီကပဲ ဆုံးဖြတ်ချက်ပဲ တို့မျှော်လင့်တာက ဖွင့်ဖို့မျှော်လင့်တာပေါ့” ဟု ၎င်းက ဆိုသည်။ လက်ရှိမြေပြင်တွင် ဒီဇင်ဘာလ၌ ကျောင်းများ ပြန်ဖွင့်မည်ဆိုသည့် ကောလာဟလသတင်းများ ထွက်ပေါ်နေပြီး စာမေးပွဲရှိသည်ဟုလည်း ကျောင်းသားနှင့် မိဘများအကြား ပြောဆိုမှုများလည်း ရှိနေသည်။

အခြေခံဆရာ၊ ဆရာမများ လစာ တိုးမည်

diz_admin

November 24, 2020

ပြောင်းလဲလိုက်သည့် အခြေခံပညာ သင်ကြားရေးဝန်ထမ်းဖွဲ့စည်းပုံအရ ဆရာ၊ ဆရာမများအား လစာ တိုးချီးမြှင့်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ကနဦးတွင် လုပ်သက် ၁၀ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ်များအား အထက်တန်းပြလစာသို့ တိုးပေးမည်ဖြစ် ပြီး နိုဝင်ဘာလကုန်မှစပြီး လစာအသစ် ကို ခံစားကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲတာဝန်ထမ်းဆောင် ခဲ့သည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းပေးမည် တိုင်းအတွင်း လစာတိုးမြင့်ခံစားရ မည့် လုပ်သက် ၁၀ နှစ်နှင့်အထက် မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာ ငါးရာကျော် (၅၄၀ ဦး)ရှိကြောင်း အထက်ပါရုံးမှ လက်ထောက်ညွန်ကြား ရေးမှူးတစ်ဦးက ပြောသည်။ ယင်းအပြင် အခြားအတန်းများတွင် သင်ကြားနေ အလုပ်သက် ၁၀ နှစ် အထက်၊ ခုနစ်နှစ်အထက် ဆရာ၊ ဆရာမများ စသည်ဖြင့် လုပ်သက်အစဉ်လိုက် […]

ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းပေးမည်

diz_admin

November 24, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများကို ပညာရေး ဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းပေး မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။ “နိုင်ငံရဲ့သမိုင်းမှာ တို့ရဲ့ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ထားပါလား ဆိုတာကို ဂုဏ်ပြုမှတ်တမ်းတင်ပေးတဲ့ သဘောပါ” ဟု တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ပြောသည်။ အဆိုပါ ပညာရေးဝန်ထမ်းများ၏စာရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ အရောက်ပေးပို့ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။ စာရင်းပြုစုပေးပို့ရာတွင် မဲရုံများတွင် အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သူများကိုသာ စာရင်းတွင် ထည့်သွင်း ဖော်ပြရန်နှင့် ပထမတာဝန်ပေးပြီး လူစား လဲခံရသူများ၊ တာဝန်ပြန်လည်ရုပ်သိမ်း ခြင်းခံရသူများအား စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။ တနင်္သာရီတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အမှန်တကယ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ […]

အရေးပေါ်ယာဉ်နှင့် ဆိုင်ကယ် တိုက်၊ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေ

diz_admin

November 23, 2020

မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ကြံတော လမ်းဆုံမီးပွိုင့်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြစ်သည့် အရေးပေါ်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ ချစ်ကြည်ရေးအသင်း ကျန်းမာရေးအထောက်အကူပြုအရေးပေါ်ယာဉ်မှာ ကဘင်းရွာရှိ နည်းပညာတက္ကသိုလ်မှ အနံ့မရသူတစ်ဦး(ကိုဗစ် လက္ခဏာရှိသူ)အား သွားရောက်ခေါ် ဆောင်ရန် မြိတ်မြို့မှအထွက် ဗန္ဓုလလမ်းမှ မောင်းနှင်လာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးကိုက ပြောပြသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသည့် မိသားစုဝင်များအား ကျေနပ်စေရန် တောင်းပန်သွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ အဆိုပါချစ်ကြည်ရေးလူမှုကူညီ ရေးအသင်းအနေနှင့် ကိုဗစ်ပိုးတွေ့လူနာ ၁၀ဝ ဦးကျော်အား သယ်ယူပေးပြီးဖြစ်ကာ ယင်းဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။ ယာဉ်တိုက်မှုအား ဥပဒေအရ […]

မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်များလာ

diz_admin

November 23, 2020

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်လူနာ ပြန်များလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရ သည်။ ပြည်နယ်အတွင်း အထူးသဖြင့် သထုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၁၈၀ ကျော်ရှိနေပြီး လူနာနှင့် ထိတွေ့ထားသူ ၄၀ဝ ကျော်ရှိသည်ဟု သထုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ပြောသည်။ “နိုဝင်ဘာလ ဒုတိယအပတ် လောက်ကနေစပြီးတော့ ရောဂါကူးစက်မှုတွေက ဆက်တိုက်တွေ့ရှိလာတာဖြစ်တယ်။ အနံ့မရသူတွေက များတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ၊ ရောဂါလက္ခဏာ ပြသူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။ […]

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးသယ်သည်ဆိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စ စုံစမ်းစစ်ဆေးမည်

diz_admin

November 23, 2020

ရန်ကုန်မြို့တွင် သောင်တင်နေသည့် ထားဝယ်ဒေသခံများကို ကားဖြင့် ခိုးသယ်သည်ဆိုသည့်အပေါ် ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင် ကန့်သတ်ခဲ့သည်။ ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီ တိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။ ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ် သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မြို့ ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက အခငွေကြေးယူကာ ထားဝယ်ဒေသသို့ ပြန်လိုသူများကို ကားဖြင့်ခိုးသယ်နေသည်ဟု ကြားသိရကြောင်း ကိုဗစ်ထိန်း […]

လောင်းလုံးတွင် ကျောင်းနှင့် ဝန်ထမ်းအိမ်ရာအတွက် သိန်း ၁၅၀ဝ၀ သုံးမည်

diz_admin

November 23, 2020

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးအတွက် ကျပ်သိန်းပေါင်း ၁၅၀ဝ၀ အသုံးပြုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ အောက်ကျောက်ဝပ်၊ (ဂ) ရပ်ကွက်၊ မဲမော်၊ သဗျာ၊ ပိတက်ကြီး၊ ငပိတက်ငယ်၊ ပြင်ကြီး(သဘော့ဆိပ်) တို့တွင် အကျယ်အဝန်း ပေ ၇၀- ၃၀ ရှိ နှစ်ထပ် စာသင်ဆောင်နှင့် ပေ ၆၀ – ၃၀ တစ်ထပ် ဝန်ထမ်းအဆောင်ကိုလည်း ဆောက်လုပ် မည်ဖြစ်ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဦးဇော်ဇော်စိုး(စီမံ/ဘဏ္ဍာ) က ပြောသည်။ လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည် ယင်းအပြင် ညောပြင်၊ ပန်းတလဲ၊ ကမြောကင်း၊ သကျက်တော၊ ကျောက်နီမော်၊ မြို့ဟောင်း၊ ကမ်းပနီ၊ မောင်းမကန်၊ ကရင်ကြီး စသည့်ကျေးရွာများတွင်လည်း […]