ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ဈေးကွက်ထဲ ကျပ်ငွေအတုများတွေ့လာ

diz_admin

August 31, 2022

တစ်သောင်းတန်၊ ငါးထောင်တန် ကျပ်ငွေအတု ထားဝယ်ဈေးကွက်တွင် အသုံးပြုလာသည်ကို တွေ့ရှိလာရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ Dawei Watch ၏စုံစမ်းမေးမြန်းချက်အရ ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ငါးထောင်ကျပ်တန်ငွေစက္ကူအတု တွေ့ရှိမူ နှစ်ကြိမ်ရှိကြောင်း သိရသည်။ ပထမတစ်ကြိမ် ကုန်စုံဆိုင်တစ်ဆိုင်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတစ်ရွက်ဖြင့် ဈေးလာဝယ်ခဲ့ပြီး နောက်တစ်ကြိမ်မှာမူ ငွေစက္ကူအထပ်လိုက်ထဲတွင် ရောပါလာခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ငွေအတုအစစ်ခွဲခြားသည့် ဓာတ်မီးဖြင့်စစ်ဆေးတွေ့ရှိပြီး ဒုတိယအကြိမ်တွင်မူ ငွေအတုအစစ်ခွဲနိုင်သည့် ငွေရေစက်ဖြင့် စစ်ရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ထားဝယ်ဒေသခံတို့က ပြောဆိုကြသည်။ “ကျွန်တော်ကတော့ လာဝယ်တဲ့သူကိုခေါ်ပြီး (ငွေစက္ကူအတုကို) ပြန်ပေးလိုက်တယ်။ အတုလည်းဝယ်လို့ရတာပဲ လို့ပြောပြီးပြန်သွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ဆိုသည်။ ပြီးသည့် ငါးလဝန်းကျင်ကလည်း ထားဝယ်ဒေသရှိ ဆောက်လုပ်ရေး လုပ်သားများအား လစာရှင်းပေးမည့် ငွေစက္ကူများအနက် တစ်သောင်းတန်ငွေစက္ကူအတု […]

သထုံတွင် ငါးရက်ကြာပျောက်နေသည့်အမျိုးသမီးငယ်၏ ရုပ်အလောင်းပြန်တွေ့

diz_admin

August 31, 2022

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်တက်လမ်းတွင် အသတ်ခံထားရသည့် အသက် ၂ဝအရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင် တောထဲသွားသူတစ်ဦးက ပုတ်ပွနေသည့်အလောင်းတစ်ခုတွေ့ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့များထံမှ သိရသည်။ အဆိုပါအမျိုးသမီးသည် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၀ အရွယ် မမေသင်္ကြန်ဦးဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ငါးရက်ခန့်ရှိနေပြီဟု သိရကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ အလောင်းတွေ့ရှိချိန်တွင် ပုတ်ပွနေပြီး ပေါင်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားကာ ဝတ်လစ်စလစ် အနေအထားဖြင့် တွေ့ရှိရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “တွေ့တဲ့အချိန်မှာ အလောင်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတစ်ချက်တွေ့တယ်” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး […]

မြိတ်တွင် အမျိုးသားနှစ်ဦး သေနတ်များနှင့်အတူ ဖမ်းဆီးခံရ

diz_admin

August 31, 2022

မြိတ်တွင် အမျိုးသားနှစ်ဦးကို ပစ္စတိုသေနတ်နှစ်လက်၊ ကျည်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၃၀ ရက် ည ၆ နာရီဝန်းကျင်က မြိတ်မြို့၊ကန်ခေါင်းရပ်ရှိ မြစံအိမ်တည်းခိုခန်းတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှာ လာရောက်ဖမ်းဆီးရာ လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း ဒေသခံများ ကပြောသည်။ ဖမ်းဆီးခံရသူသည် ကျွန်းစုမြို့တွင်နေထိုင်သူ အသက် ၃၄ နှစ်ရှိ တင်ထွန်းဝင်း ဖြစ်ပြီး ၎င်းနှင့်အတူ ပစ္စတိုသေနတ် ၁ လက်နှင့်ကျည်များကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီတပ်နှင့်ဆက်နွယ်သည့် ပုလဲဇာနီ ပေ့ချ်စာမျက်နှာတွင် ဖော်ပြထားသည်။ သူကမလေးရှားမှာ နေတဲ့သူပါ ကျွန်းစုကို ပြန်ရောက်တာ လပိုင်းပဲ ရှိသေးတယ် “”ဟု ကျွန်းစုမြို့ဒေသခံ ကပြောသည်။ ၎င်း၏ထွက်ဆိုချက်အရ မြိတ်တောင်ကျေးရွာအုပ်စုတွင်နေထိုင်သည့် အမျိုးသားတစ်ဦးလည်း လက်နက်နှင့်အတူ ထပ်မံအဖမ်းခံခဲရကြောင်း ပုလဲဇာနည်တွင် ဖော်ပြထားသည်။ ဒုတိယမြောက် […]

ထားဝယ်ထောင်တွင် အစားအသောက် ကျွေးမွေးမှု ပမာဏ လျှော့ချ

diz_admin

August 31, 2022

အထွေထွေကုန်စျေးနှုန်း ကြီးမြင့်လာမှု အကျိုးဆက်အဖြစ် ထားဝယ်ထောင်အတွင်း အစားအသောက် ကျွေးမွေးရာတွင် ခွဲတမ်းများ လျှော့ချလာကြောင်း အကျဉ်းသားများနှင့် နီးစပ်သူများ ထံမှ သိရသည်။ ထားဝယ်ထောင်အတွင်း အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၉၇၅ ကျပ် နှုန်းဖြင့် တွက်ချက်ပြီး သုံးနပ်ကျွေးမွေးလျက်ရှိသည်။ နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူ၊ ညနေပိုင်းတွင် တစ်ပတ်လျှင် ကြက်သား နှစ်ရက်၊ ငါးတစ်ရက်၊ ကြက်ဥ တစ်ရက် ကျွေးမွေးသည်။ ကျန်ရက်တွင် အသီးအရွက် ဟင်းချိုတစ်မျိုးမျိုးဖြင့် ကျွေးမွေးသည်။ “အခုတော့ အစားအသောက် ခွဲတမ်းတွေ နည်းလာပါတယ်။ ကြက်သားတုံးတွေ ငယ်လာပါတယ်။ ငါးတွေကို စားမကောင်းတဲ့၊ မလတ်ဆတ်တဲ့ မွေးမြူရေး ငါးတွေကိုပဲ ကျွေးပါတယ်”ဟု အကျဉ်းသား မိသားစု ဝင်တစ်ဦးက ထားဝယ်ထောင်တွင်း […]

မြိတ်တွင် ကွမ်းသီးအနု ဈေးပြန်တက်

diz_admin

August 31, 2022

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ဩဂုတ်လ လလယ်ခန့်မှစပြီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ကျော်အထိ ဈေးပြန်တက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ၃၄၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ဈေးပြန်တက်လာခြင်း ဖြစ်သည်။ ဈေးနှုန်းမကျဆင်းမီကဆိုလျှင် ကွမ်းသီးအနုတစ်လုံးလျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၆၅ ကျပ်၊ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်ကျော်အထိ ရရှိခဲ့ကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောသည်။ “ဈေးကျတော့ ကောက်ရောင်းတာ သွားလာစရိတ်နဲ့ သိပ်မကျန်ဘူး။ ငါးထောင် ခြောက်ထောင်ရမှပဲ တစ်ခါ သွားရောင်းရင် ရှစ်သောင်းကျော်ကိုးသောင်းအထိရတာ” ဟု စန္ဒဝတ်ကျေးရွာနေ ဥယျာဉ်ခြံလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ကွမ်းသီးအနု ဈေးကောင်းချိန်တွင် ရောင်းချသူများလာပြီး ပိဿာချိန် ထောင်ဂဏန်းအထိ အဝင်များလားသဖြင့် ဈေးနှုန်းလျော့ကျသွားကြောင်း ကွမ်းသီးအနုအဝယ်ဒိုင်အချို့ထံမှ […]

စစ်အေးတိုက်ပွဲ ငြိမ်းချမ်းရေးစွမ်းဆောင်ခဲ့သူ ဆိုဗီယက်သမ္မတဟောင်း ဂိုဘာချော့ဗ်ကွယ်လွန်

diz_admin

August 31, 2022

စစ်အေးတိုက်ပွဲကို ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့သူ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂိုဘာချော့ဗ် အသက် (၉၁)နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ ၁၉၈၅ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ဂိုဘာချော့ဗ် သည် ဆိုဗီယက်ကို တံခါးဖွင့်ခဲ့ပြီး ပြည်တွင်းပြုပြင် ပြောင်းလဲမှုများလည် လုပ်ဆောင်ခဲ့သည်။ သို့သော် ၎င်းသည် ဆိုဗီယက်ပြည်ထောင်စု တဖြည်းဖြည်းပြိုကွဲလာခြင်းကိုမူ မတားနိုင်ခဲ့ဘဲ ခေတ်သစ် ရုရှားဖက်ဒရေးရှင်း ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များက ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပြီး သမိုင်း၏ လမ်းကြောင်းကို ပြောင်းလဲပေးခဲ့သူဟု ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ် က မှတ်ချက်ပြုခဲ့သည်။ “မီခေးလ်ဂိုဘာချော့ဗ် ဟာ တမျိုးတည်းရှိတဲ့ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူးချုပ်က Twitter တွင် ရေးသားခဲ့သည်။ ဂိုဘာချော့ဗ်သည် လူကြီးရောဂါ ကာလကြာရှည် ခံစားနေရခြင်းဖြစ်ကာ ကျန်းမာရေး အခြေအနေများ ယိုယွင်းလာခဲ့ကြောင်း […]

ထိုင်းတွင် ဂတ်စ်အိုးစက်ရုံပေါက်ကွဲ၍ မြန်မာလုပ်သားအပါအဝင် ၅ ဦးဒဏ်ရာရ

diz_admin

August 30, 2022

ထိုင်းနိုင်ငံ စမုတ်ပရကန်ခရိုင်ရှိ LPG ဂက်စ်အိုးဖြည့် စက်ရုံတွင် မီးလောင်ပေါက်ကွဲမှုတစ်ခု ယနေ့မနက်အစောပိုင်းတွင် ဖြစ်ပွားရာ မြန်မာအလုပ်သမားများအပါအဝင် ၅ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘန်ကောက်အနီး စမုတ်ပရကန်ခရိုင် စောင်ထွန်းဒေသရှိ LPG ဂက်စ်အိုးဖြည့်စက်ရုံ၌ အလုပ်သမားများ အိပ်ပျော်နေချိန် ယနေ့မနက် ၀၀ နာရီ ၂၀ မိနစ်ခန့်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မနက် ၈ မှ ညနေ ၅ နာရီ အလုပ်ချိန်ပြီးသွားသဖြင့် အခန်းထဲတွင် အလုပ်သမား ၃၀ ကျော်အိပ်ပျော်နေချိန် ပေါက်ကွဲသံများကြောင့် နိုးလာခဲ့ပြီး အပြင်သို့ထွက်ပြေးလာခဲ့ရာ စက်ရုံ၏ဂက်စ်ဖြည့်သောနေရာတစ်ခုလုံးမှာ မီးလောင်နေသည်ကို တွေ့ရှိရကြောင်း အလုပ်သမားတစ်ဦးက ပြောကြားသည်။ မီးလောင်ခံရသူများမှာ ကြောက်လန့်ပြီး ထွက်ပြေးနေကြသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။ မီးလောင်ရာနေရာသို့ စောင်ထွန်းအုပ်ချုပ်ရေးအဖွဲ့မှ မီးသတ်ကားများနှင့်အတူ ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ […]

ထားဝယ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ဟုဆို

diz_admin

August 30, 2022

စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်ပြောဆိုထားသော်လည်း ပြင်ပဈေးကွက် တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့ပြီး ရည်ညွှန်းဈေးအတိုင်းသာ ရောင်း ချရန် ပြောဆိုထားသော်လည်း ထားဝယ်တွင် ရန်ကုန်က ဈေးဖွင့်သည့် ပြင်ပပေါက်ဈေးအတိုင်းသာ အရောင်းအဝယ် ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်အချို့က ဆိုသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ် ၃၀) အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၃၄,၀၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးထုတ်ပြန်ထားသောလည်း ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် လုပ်နေ သည့် ပေါက်ဈေးမှာ တစ်ကျပ်သား ၃,၁၂၀,၀၀၀ အထိဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ […]