ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာလုပ်သား လေးဦးသေဆုံးမှုတွင် ထိုင်းပွဲစား နှစ်ဦးကိုဖမ်းမိ၊ မြန်မာပွဲစား မမိသေး

diz_admin

September 6, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားမှောက်သဖြင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို စွန့်ပစ်ခဲ့သော ထိုင်းပွဲစား နှစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၅ ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စန်ခရာဘူရီဒေသ နောင်လူရွာရှိ ဘုရားသုံးဆူ-စန်ခရာဘူရီ အမှတ် ၃၂၃ လမ်းမကြီးတွင် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို တင်ဆောင်လာသည့် ကားတစ်စီး လမ်းဘေးမြောင်းထဲတိမ်းမှောက်ရာ မြန်မာအလုပ်သမား ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ကားသမားသည် သေဆုံးဒဏ်ရာရရှိနေသော မြန်မာအလုပ်သမားများကို တစ်စုံတစ်ရာ ကူညီမှုမရှိဘဲ အခြားပစ်ကပ်ကားတစီးက လာရောက်ခေါ်ယူသဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ စုံစမ်းစစ်ဆေးချက်အရ မြန်မာအလုပ်သမားများကို ပို့ဆောင်ရာတွင် အသက် ၂၂နှင့် ၂၃ နှစ်အရွယ် […]

ထားဝယ်တွင် ဆားဈေး ၂၀၀ ခန့်ထပ်တက်

diz_admin

September 6, 2022

ထားဝယ်တွင် ဆားဈေး ကျပ် ၂၅၀ ခန့်ထပ်တက်လာကြောင်း သရက်ချောင်းမြို့နယ်မှ ဆားချက်တောင်သူအချို့က ပြောသည်။ ယခုနှစ် မေလ နွေရာသီက မီးချက်ဆား တစ်ပိဿာ ငွေကျပ် ၅၀၀ ခန့်သာရှိသော်လည်း ယခု စက်တင်ဘာလတွင် တစ်ပိဿာ ၇၅၀ ကျပ်ခန့်အထိဖြစ်လာသည်ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာမှ ဆားချက်တောင်သူ မမြင့်စန်းက ပြောသည်။ “ဆားကလည်း မရှိဘူး၊ တခြားကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတယ်၊ ကိုယ်က ၅၀၀ ဈေး၊ ၆၀၀ ဈေးနဲ့ရောင်းထုတ်လိုက်လည်း အခုက ဆီဘူးတစ်လုံးဖိုးပဲ ရတာကိုး၊ အဲတော့ ကိုယ့်မျှတည်း(ကိုယ်တစ်ယောက်တည်း) သက်သာနေလည်း မရဘူးလေ၊ ခုက ချည်ပေါင်ရွက်၊ ကန်စွန်းရွက်ကအစ ဈေးကတက်နေတော့ ကိုယ့်ဘက်ခြမ်းကလည်း အဆင်ပြေသလိုမျိုး တက်ရတာပဲ” ဟု ၎င်းကဆိုသည်။ နယ်ဘက်ခြမ်းတွင် ထိုင်းနိုင်ငံထုတ် စားသုံးဆီ (ပဲပိစပ်ဆီ) တစ်လီတာလျှင် […]

ထိုင်းဓါတ်မြေဩဇာ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်ကြုံ

diz_admin

September 6, 2022

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုလဲဓါတ်မြေဩဇာများ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်အခဲကြုံနေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။ တောင်သူများနှစ်စဉ် ဝယ်သုံးနေကျ ထိုင်းနိုင်ငံထုတ် ပုလဲဓါတ်မြေဩဇာ တစ်အိတ် ပြီးခဲ့သည့်နှစ် စပါးစိုက်ချိန်က ကျပ်လေးသောင်းခွဲသာရှိရာမှ ယခုနှစ်စပါးစိုက်ချိန်တွင် ကျပ်တစ်သိန်းခွဲအထိ မြင့်တက်လာသည့်အတွက် ဝယ်မသုံးနိုင်ကြတော့ကြောင်း တောင်သူများက ပြောသည်။ “ဈေးကြီးလို့ ဝယ်မသုံးကြတော့ဘူး။ ထွက်ချင်သလောက်ထွက် ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်” ဟု မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။ လက်ရှိပျိုးပင် နှစ်လသားအရွယ်ရောက်နေပြီး ဓာတ်မြေဩဇာဈေးကြီးသဖြင့် မကျွေးနိုင်သေးကြောင်း မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာနေ တောင်သူတစ်ဦးကလည်း ပြောဆိုသည်။ “(ဓာတ်မြေဩဇာ) အစာမထည့်ဘဲ ထားလို့လည်းမရ။ ကြံရင်းဖန်ရင်း နောက်ဆုံး ပြည်တွင်းထုတ်နဲ့ ရောပြီး စမ်းသုံးကြည့်မယ်လို့ စဉ်းစားတယ်” ဟု ၎င်းက ပြောသည်။ ပြည်တွင်းက ထုတ်သည့် […]

ထားဝယ်-ထီးခီးလမ်းပိုင်းကို တစ်လပိတ်၊ မသင်္ကာဖွယ်ရာများကို ပစ်ခတ်မည်ဟုသတိပေး

diz_admin

September 6, 2022

ထားဝယ်-ထီးခီး အရှေ့တောနယ်လမ်းပိုင်းကို တစ်လပိတ်လိုက်ပြီး မသင်္ကာဖွယ်ရာများအားလုံးကို ပစ်ခတ်ရှင်းလင်း မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ယနေ့ (စက်တင်ဘာ ၆) သတိပေးစာ ထုတ်ပြန်လိုက်သည်။ အဆိုပါ လမ်းကြောင်းကို စက်တင်ဘာ ၆ ရက်မှစတင်ကာ အောက်တိုဘာ ၅ ရက်နေ့အထိ တစ်လပိတ်မည်ဖြစ်ပြီး နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ထုတ်ပြန်ထားသည်။   ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ကို လိုက်နာပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။ အသိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပတ်သက်မှုတစ်စုံတစ်ရာ ရှိသူဟုယူဆပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆေးခြင်းခံရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မလိုက်နာဘဲ ဖြတ်သန်းသွားလာမှုကြောင့် တစ်စုံတစ်ရာထိခိုက်လျှင် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ မသင်္ကာဖွယ်ရာ အားလုံးကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် Kaw Thoo Lei Army […]

ထိုင်းရောက် မြန်မာလုပ်သားသုံးသိန်းနီးပါးကို တရားဝင်အထောက်အထား CI သက်တမ်းတိုးပေးမည်

diz_admin

September 6, 2022

ထိုင်းနိုင်ငံတွင် စင်တာလေးခု ထပ်မံဖွင့်လှစ်ပြီး မြန်မာအလုပ်သမားများကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား (CI) စာအုပ်များကို သက်တမ်းတိုးထုတ်ပေးရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်သည်။ Certificate of Identity (CI) စာအုပ်များကို ထိုင်းနိုင်ငံ ခရိုင်လေးခုဖြစ်သော စမွတ်စခွန်၊ စမွတ်ပရကန်၊ ရနောင်းနှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ကြေညာထားသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ CI စာအုပ်များ သက်တမ်းတိုးထုတ်ပေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသိန်းနီးပါး ကျန်နေသေးသဖြင့် စင်တာများ ထပ်မံဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂ရက်က ပြုလုပ် သည့် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသူများကို သက်တမ်းတိုးပေးခွင့်ပြုရန် မြန်မာနိုင်ငံဘက်က တင်ပြချက်အပေါ် ထိုင်းအစိုးက ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု ဆိုသည်။ စင်တာလေးခု စတင်ဖွင့်လှစ်မည့်အချိန်ကာလကို ထုတ်ပြန်ထားခြင်းမရှိဘဲ ၂၀၂၃ […]

ကော့သောင်းတွင် ထိုင်းဘတ်ငွေ အရောင်းဆိုင်အများစု မဖွင့်ရဲ

diz_admin

September 6, 2022

ကော့သောင်းမြို့ရှိ ထိုင်းဘတ်ငွေ အရောင်းအဝယ်ဆိုင်အများစုမှာ ဆိုင်ဖွင့်မရောင်းရဲကြသဖြင့် ပိတ်ထားကြကြောင်း ဈေးကွက်ထဲမှ စုံစမ်းသိရှိရသည်။ ထိုင်းဘတ်ငွေ အရောင်းအဆိုင်များမှာ ကော့သောင်းမြို့ ကမ်းနားလမ်းတွင် ဖွင့်ထားကြပြီး ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်ကစပြီး ဆိုင်ပိတ်ထားခဲ့ကြောင်း ဘတ်အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။ ကမ်းနားလမ်းတွင် ဘတ်အရောင်းဆိုင် ၂၀ ကျော်ရှိရာ လက်ရှိတွင် အများစုမှာ ပိတ်ထားကြောင်း ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။ “ကမ်းနားလမ်းမှာဆို ဖွင့်တဲ့ (ဘတ်အရောင်းအဝယ်) ဆိုင်က လက်ချိုးရေလို့ရတယ်။ လေး၊ ငါး၊ ခြောက်ဆိုင် လောက်ရှိတော့တယ်” ဟု ၎င်းက ပြောဆိုသည်။ ဘတ်ဈေးအတက်အကျ ကြမ်းခြင်း၊ မြဝတီရှိ ဘတ်အရောင်းအဝယ်ဆိုင်များ အဖမ်းခံနေသည့် သတင်းများ ကြားနေရခြင်းတို့ကြောင်း ဆိုင် မဖွင့်ရဲတော့ခြင်းဖြစ်ကြောင်း ကော့သောင်းဒေသခံ ဘတ်အရောင်းအဝယ် သမားတစ်ဦးက ရှင်းပြသည်။ ထိုင်းနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ဘတ်ငွေအသုံးပြုမှု […]

ဗြိတိန်ဝန်ကြီးချုပ်အသစ် စွမ်းအင်စျေးနှုန်းကျရန်နှင့် အခွန်လျှော့ချရန် ကတိပေး

diz_admin

September 6, 2022

ဗြိတိန်ဝန်ကြီးချုပ်အသစ် ရာထူးအတွက် ယှဉ်ပြိုင်အနိုင်ရခဲ့သော လစ်ဇ်ထရပ်စ် သည် စွမ်းအင်စျေးနှုန်းတက်လာခြင်းနှင့် အခွန်လျှော့ချရေး ကိစ္စများကို ကိုင်တွယ်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ယင်းကြောင့် စွမ်းအင်တင်သွင်းသူများအနေဖြင့် အစိုးရ ထုတ်ပေးသော ချေးငွေများ ရရှိနိုင်မည့် အစီအစဉ် ကို ကြာသပတေးနေ့တွင် ကြေညာဖွယ်ရှိသည်။ ဗြိတိန်ဘုရင်မကြီးက ဝန်ကြီးချုပ် မစ်စ်ထရပ်စ် ကို ဘာမိုရယ်ရဲတိုက်တွင် တရားဝင်ခန့်အပ်လိုက်ပြီးနောက် ဘောရစ်ဂျွန်ဆင် ၏ နေရာကို ဆက်ခံရခြင်း ဖြစ်သည်။ ဗြိတိန်၏ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည့် အသက် ၄၇ နှစ် ထရပ်စ် သည် ၎င်း၏ အစိုးရအဖွဲ့ကို မကြာခင် ကြေညာဖွယ်ရှိသည်။ အောင်ပွဲခံမိန့်ခွန်းထဲတွင် ၎င်းက အခွန်လျှော့ချရန်အတွက် ကတိများပေးခဲ့ကာ ဗြိတိန်ကို စီးပွါးပျက်ကပ်အတွင်း မကျရောက်အောင် ကာကွယ်သွားမည်ဟု ပြောခဲ့သည်။ မိသားစုများနှင့် စီးပွါးရေးလုပ်ငန်းများကို အကာအကွယ်ပေးမည့် […]

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိဟုဆို

diz_admin

September 5, 2022

ထားဝယ်အကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၄၂ဦးရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ယနေ့ (စက်တင်ဘာ ၅) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ အာဏာသိမ်းကာလတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၂ ဦးရှိပြီး ထားဝယ်ထောင်အတွင်း အထူးတရားရုံးတွင် တရားရင်ဆိုင်နေဆဲ အမျိုးသမီး ၃၀ ဦးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသူများကို စစ်ကောင်စီတရားရုံးက အနိမ့်ဆုံးထောင်ဒဏ် ၁ နှစ် ၆ လမှ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်ထားကြောင်း အထက်ပါကွန်ရက်က ထုတ်ပြန်သည်။ အထက်ပါစာရင်းမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့် စာရင်းဖြစ်ပြီး ဖမ်းဆီးခံရပြီး ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများ၏ […]