ထားဝယ်တွင် စက်ဘီးသူခိုးများ သောင်းကျန်းလာ
diz_admin
January 10, 2023ထားဝယ်မြို့တွင် စက်ဘီး အခိုးခံရမှုများလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လမ်းဘေးတွင် ရပ်ထားသည့် စက်ဘီးအခိုးခံရသည့်အပြင် ဆိုင်တွင်ရောင်းချနေသည့် စက်ဘီးများကိုပါ ခိုးယူလာကြကြောင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်တွင် ကျန်းမာရေးအတွက် စက်ဘီးစီးသူများ ရှိလာပြီး အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးများ မြင့်တက်သွားခြင်း၊ စက်သုံးဆီပြတ်လပ်ခြင်းတို့ကြောင့်လည်း စက်ဘီးစီးသူ ပိုများလာသည်။ စက်ဘီးစီးသည့် အလေ့အထ ပြန်လည်ကျယ်ပြန့်လာပြီး တစ်စီးလျှင် ငွေကျပ် တစ်သိန်းဝန်းကျင်မှ သိန်း ၇၀ ဝန်းကျင်အထိ တန်ဖိုးရှိ စက်ဘီး အမျိုးအစားများကို စီးနင်းလေ့ရှိသည်။ အထက်ပါအမျိုးသား၏ အဆိုအရ အသိမိတ်ဆွေအသိုင်းအဝိုင်းတွင် အချိန်လပိုင်းအတွင်း အခိုးခံရသည့်စက်ဘီး ခြောက်စီးအထိရှိနေပြီး နောက်ထပ်အခိုးခံရသူများလည်းရှိနေသေးသည်ဟု ဆိုသည်။ လက်ရှိပျောက်ဆုံးနေသည့် စက်ဘီးများတွင် သော့အိမ်မပါကြသည့်အတွက် အလွယ်တကူပင် ခိုးယူခံနေရကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ ထိုသို့အခိုးခံရသော်လည်း ရဲစခန်းသို့ […]


