ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ဟင်းချိုတောရွာတွင် နေအိမ်ငါးလုံးမီးရှို့ခံရ

diz_admin

January 11, 2023

လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာတွင် နေအိမ်ငါးလုံး ယနေ့ ဇန်နဝါရီလ ၁၁ရက် နံနက် ၄နာရီခန့်က မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ‌ကျေးရွာ၏ အရှေ့ဘက်က ရေလမ်းခရီးဖြင့် လက်နက်ကိုင် လူနှစ်ဆယ်ခန့် အရပ်ဝတ်ဖြင့် လာရောက်ပြီး မီးရှို့သွားခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့က ပြောသည်။ မီးရှို့ခံရသည့်နေအိမ်များမှာ NLD ပါတီထောက်ခံသူများ၏ နေအိမ်ဖြစ်ပြီး လာရောက်မီးရှို့သူများမှာ ပျူစောထီးများဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုသည်။ “မီးရှို့ခံရတဲ့ အိမ်တွေက NLD ထောက်ခံသူတွေ။ အခုပဲ သွားငြှိမ်းသတ်ပြီးလာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၁ဝရက်က ဟင်းချိုတောရွာသို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် ယနေ့ နံနက်ပိုင်း‌တွင် မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံ နောက်တစ်ဦးက ဆိုသည်။ အသေးစိတ် အခြေအနေကို Dawei […]

လူမှောင်ခိုပို့ဆောင်နေသည့် ပွဲစားကားများ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့် ယာယီပိတ်ကြောင်းကြေညာ

diz_admin

January 10, 2023

ထိုင်းနှင့် မလေးရှားနိုင်ငံကို လူမှောင်ခိုပို့ဆောင်နေသည့်ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေနှင့် သံတိုသံစဝယ်ယူနေသည့် သုံးဘီးယာဉ်များအားလုံး ထားဝယ်အရှေ့တောဒေသရှိ ထားဝယ်-ထီးခီးလမ်းပိုင်း အသုံးပြုခွင့် ယာယီပိတ်လိုက်ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်) က ယနေ့(ဇန်နဝါရီ ၁၀) ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။ အရှေ့တောဒေသတွင် လတ်တလောဖြစ်ပွားနေသည့် စစ်ရေးအခြေအနေအရ အဆိုပါလမ်းကြောင်း အသုံးပြုခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ လုံးဝဖြတ်သန်းခွင့်မပြုကြောင်း မေတ္တာရပ်ခံ သတိပေးကြေညာခြင်းဖြစ်သည်။ ယင်းအပြင် အခြားယာဉ်များ ဖြတ်သန်းသွားလာခြင်းကိုလည်း မနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဖြတ်သန်းကြရန်နှင့် အမိုးအကာများ ဖုံးအုပ်သွားလာခြင်း၊ အိမ်စီးကားများ မှန်တင်သွားလာခြင်း မပြုကြရန်လည်း အသိပေးကြေညာထားသည်။ ပကာရီကျေးရွာမှ ဝကုန်းကျေးရွာကြားတွင် အချိန်အခါမရွေး တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်လည်း အသိပေးကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ […]

ကော့သောင်းတွင် ရက်ဆက်လောင်ကျွမ်းနေသည့်တောမီး ငြှိမ်းသတ်နိုင်ပြီဟုဆို

diz_admin

January 10, 2023

ကော့သောင်းမြို့ ၁၁၉၉ တောင်ကုန်းပေါ်တွင် ‌ငါးရက်ဆက်လောင်ကျွမ်းနေသည့် တောမီးအား ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၇ ရက်မှစပြီး လောင်ကျွမ်းနေသည့်တောမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ အချို့တို့က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ တောင်ပေါ်သို့ မီးသတ်ယာဉ်များ တက်ရန် မလွယ်ကူခြင်း၊ ရေသယ်ယူရန် မလွယ်ကူခြင်းတို့ကြောင့် မီးသတ်ရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ “ဒါတောင် မီးခိုးငွေ့တွေ ကျန်သေးတယ်။ ဘယ်အချိန်ဘယ်နေရာက ထလာဦးမယ် မသိသေး။ အိမ်တွေနဲ့ နီးလာရင်တော့ မဖြစ်မနေကို တက်ရှင်းရတာပါ။ နှစ်စဉ်ဖြစ်နေကျပါ” ဟု ၎င်းက ပြောဆိုသည်။ မီးလောင်သည့် နေရာသည် ရပ်ကွက်အချို့တို့နှင့် နီးသဖြင့် နေအိမ်များအား ကူးစက်မှု မရှိအောင် […]

လက်နက်ကြီးကျည်ထိမှန်သဖြင့် ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

diz_admin

January 10, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် KNU တို့ထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယင်းသို့ ထိခိုက်ခြင်းဖြစ်ကြောင်း KNU သထုံခရိုင်က ယနေ့ (ဇန်နဝါရီ ၁၀) ထုတ်ပြန်ထားသည်။ သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) တပ်ရင်းနှင့် အမှတ် (၃၁၀) အမြှောက်တပ်ရင်းတို့က ဇန်နဝါရီလ ၇ ရက် ညက လက်နက်ကြီးဖြင့် ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်နက်ကြီးကျည်သည် သုံးခွကျေးရွာ သရက်ခြံအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် ကျည်စထိမှန်သေဆုံးသွားခဲ့ပြီး အသက် ၇ နှစ်အရွယ် […]

ထိုင်းဘတ်ဈေး ဆက်တိုက်တက်နေပြီး ဆက်လက်မြင့်တက်နိုင်

diz_admin

January 10, 2023

လချီငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုလဆန်းမှစတင်ကာ တရွေ့ရွေ့တက်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းမှစကာ ငြိမ်သက်နေသည့်ဘတ်ဈေးသည် လေးလခန့်အကြာတွင် တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ဘတ်ဈေးငြိမ်စဉ်က ထိုင်းငွေတစ်ဘတ်လျှင် ၇၄ ကျပ်ခန့် ပေါက်ဈေးရှိရာမှ လက်ရှိတွင် ၈၄ ကျပ်အထိ ဈေးပေါက်နေသည်။ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စီးပွားရေးအနေအထားအရ ကျပ်ငွေနှင့် ထိုင်းဘတ်ငွေလဲလှယ်ရာတွင် ဘတ်စျေးမာနေဦးမည်ဖြစ်ကြောင်း ငွေလွှဲလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးတတ်နိုင်သူများက ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာကြသလို ငွေကြေးလွှဲပြောင်းမှုများကြောင့် ဘတ်ငွေဝယ်လိုအားမြင့်တက်လာကြောင်း မြန်မာစီးပွားရေးပညာရှင်တစ်ဦးက Dawei Watch ကို ပြောသည်။ “အခုဒီခေတ်မှာ စိတ်ဝင်စားစရာက လူလတ်တန်းစားအထက်နဲ့ သူဌေးတွေက ထိုင်းမှာ ရင်းနှီးလာတာပဲ”ဟု အဆိုပါ စီးပွားရေးပညာရှင်က ဆိုသည်။ ထိုအခင်းအကျင်းများအပြင် မတည်ငြိမ်သည့်ကျပ်ငွေ ကိုင်ထားခြင်းထက် ရွှေနှင့် အမေရိကန်ဒေါ်လာကို ဝယ်ယူရင်းနှီးထားရာမှ လက်ရှိတွင် ထိုင်းဘတ်ကိုလည်း ဝယ်ယူရင်းနှီးမြှုပ်နှံလာကြကြောင်း […]

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာ မောင်းမကန်ကမ်းခြေ

diz_admin

January 10, 2023

အမြဲတမ်းစည်ကားနေလေ့ရှိသည့် မောင်းမကန်ကမ်းခြေမှာ စစ်အာဏာသိမ်းမှုနှင့်အတူ လူသူအရောက်အပေါက် နည်းပါးလျက်ရှိသည်။ ယခင်က ပွင့်လင်းရာသီတွင် ခရီးသွားများဖြင့် ပြည့်နေလေ့ရှိသော်လည်း လက်ရှိတွင်မူ တနင်္ဂနွေနေ့ကဲ့သို့ အားလပ်ရက်တွင်ပင် လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေသည်။ စစ်အာဏာသိမ်းဂယက်က ထားဝယ်ဒေသရှိ နာမည်ကြီးကမ်းခြေကို အထီးကျန်စေသည်အထိ ရိုက်ခတ်စေခဲ့သလို ကမ်းခြေအမှီပြု ရှာဖွေစားသောက်နေသူများအတွက်လည်း စီးပွားပျက်သည်အထိ အခက်ကြုံနေရသည်။ လုံခြုံမှုကင်းမဲ့သည့် အခြေအနေကြောင့် ကမ်းခြေတွင်သာမက မောင်းမကန်ရွာအတွင်း လမ်းပေါ်တွင်လည်း လူသူကြဲပါးနေသည်။ ဇန်နဝါရီလ ၈ ရက်(တနင်္ဂနွေနေ့)တွင် တွေ့ရသည့် မောင်းမကန်ကမ်းခြေ၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းဘက်က ဖွင့်မည်

diz_admin

January 10, 2023

ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မဲဆောက်ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက ထုတ်ပြန်သည်။ နယ်စပ်ဂိတ်ဖွင့်ပွဲကို တက်ရောက်ရန်အတွက် မဲဆောက်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရုံးအဖွဲ့အစည်းများထံသို့ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီးနောက် ၃ နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်က နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့သော ၂၀၂၂ ခုနှစ် မေလအစောပိုင်းတွင်လည်း မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်က ကြေညာခဲ့သော်လည်း မြန်မာဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ လုံခြုံရေးအခြေအနေအရ ညှိနှိုင်းမှုအဆင်မပြေဟု […]

ပုလော မီးလောင်ချောင်းရွာသားများ ရွာမပြန်နိုင်သေး၊ ဥယျာဉ်ခြံလုပ်ငန်းများ ပစ်ထားရ

diz_admin

January 10, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် နှစ်ဖက်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများ နေရပ်မပြန်နိုင်ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ မီးလောင်ချောင်းရွာတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီမှ နံနက် ၁၀ နာရီအထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွာကြောင်း ဒေသခံများက ပြောသည်။ “ဖြစ်ဖြစ်ခြင်း တစ်ရွာလုံး အကုန်ပြေးကြ၊ ရှောင်ကြတာပေါ့။ အခုအချိန်ထိ ရွာပြန်မရဲကြသေးဘူး။ အလုပ်လည်း မလုပ်ကြရဘူးဖြစ်နေတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ ဇန်နဝါရီလ ၉ ရက်နှင့် ယနေ့တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း ကျေးရွာထဲတွင် စစ်ကောင်စီတပ် ရှိနေသေးသဖြင့် ရွာမပြန်ရဲကြခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ မီးလောင်ချောင်းရွာတွင် အိမ်ခြေသုံးရာနီးပါးရှိပြီး ဒေသခံအများစုမှာ ရော်ဘာနှင့် ကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းတို့ လုပ်ကိုင်ကြပြီး လက်ရှိတွင် လုပ်ငန်းများကို […]