ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းမှ ထိုင်းသို့ တရားမဝင်လာသော ကလေးငယ်သုံးဦးအပါအဝင် မြန်မာ ၂၀ဦး အဖမ်းခံရ

diz_admin

September 21, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသော ကလေးငယ်သုံးဦး အပါအဝင် မြန်မာအလုပ်သမား ၂၀ ဦးကို ယနေ့ ဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ရနောင်းခရိုင် စုက်စာရမ်ဒေသ နာ့ခါးရွာအနီးတွင် ပစ်ကပ်ကားတစ်စီးဖြင့် မြန်မာအလုပ်သမားများကို တရားမဝင် ပို့ဆောင်နေသည်ဟု စက်တင်ဘာလ ၂၀ ရက် ည ၁၀ နာရီခန့်တွင် သတင်းရရှိသဖြင့် စုက်စာရမ်စစ်ဆေးရေးဂိတ်တွင် ထိုင်းအထူးခြေမြန်တပ်ရင်းက ကြိုတင်စောင့်ဆိုင်းနေကြကြောင်း ဖော်ပြသည်။ ယင်းနောက် ယနေ့ (စက်တင်ဘာ ၂၁) နံနက် ၂ နာရီခန့်တွင် ဖန်ငခရိုင် ခူရာဘူရီဒေသသို့ သွားနေသော အဆိုပါကားကို စစ်ဆေးရေးဂိတ် တာဝန်ရှိသူများက တာဆီးစစ်ဆေးရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ဖမ်းဆီးခံရသူများတွင် ကလေးငယ် ယောင်္ကျားလေး […]

ဦးခေါင်းခြုံထည်ဥပဒေဖြင့် အဖမ်းခံရသည့်အမျိုးသမီး အီရန်အချုပ်ထဲတွင် သေဆုံးသဖြင့် အမျိုးသမီးများ Hijab ခြုံထည်များကို မီးရှို့ကာဆန္ဒပြ

diz_admin

September 21, 2022

ဦးခေါင်းခြုံထည်ဥပဒေကို မလိုက်နာသဖြင့် အဖမ်းခံရခဲ့ရာမှ ထောင်ထဲတွင် အမျိုးသမီးသေဆုံးသွားပြီးနောက် အမျိုးသမီးများသည် ခြုံထည်Hijab များကို မီးရှို့ကာ ဆန္ဒပြနေကြကြောင်း BBC သတင်းက ဖော်ပြထားသည်။ ဆန္ဒပြပွဲများ ဖြစ်ပွားနေသည်မှာ (၅) ရက်ဆက်တိုက်ဖြစ်နေပြီး မြို့များ၊ မြို့ကြီးများကို ကူးစက်လျက်ရှိသည်။ ကွယ်လွန်သွားသူ မာဆာအမီနီသည် သုံးရက်ကြာ သတိလစ်မေ့မျောနေခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်သည်။ တီဟီရန်မြို့ မြောက်ပိုင်းတွင် အမျိုးသမီးများ ခြုံလွှာကို ချွတ်ကာ မီးတင်ရှို့ကြသည့်အခါ လူအုပ်ကြီးက လက်ခုပ် ဩဘာပေးပြီး ချီးကျူးခဲ့ကြသည်။ မစ်စ် အမီနီ သည် ပြီးခဲ့သည့်သီတင်းက အီရန်နိုင်ငံ စာရိတ္တပဲ့ပြင်ရေး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အမျိုးသမီးများ ခေါင်းခြုံလွှာဆင်မြန်းရန်၊ လက်နှင့်ခြေများကို အထည်အပွများဖြင့် လုံလုံခြုံခြုံဝတ်ဆင်ရန် ပြဋ္ဌာန်းထားသော ဥပဒေကို ချိုးဖောက်မှု စွပ်စွဲခံထားရသည်။ […]

အလှူတွင် ဓားပြတိုက်၊ ဧည့်သည်များ၏ လက်ဝတ်ရတနာများပါ လုယူခံရ

diz_admin

September 20, 2022

ရေဖြူမြို့နယ်၊ ဇီးကျရွာရှိ နေအိမ်တစ်ခုတွင် အိမ်နီးချင်းများဖိတ်ကာ အလှူလုပ်နေစဉ် ဓားပြတိုက်ခံရပြီး ဧည့်သည်များ၏ လက်ဝတ်ရတနာများ အပါအဝင် ငွေသားကျပ် သိန်းရှစ်ဆယ်ကျော် လုယူခံရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ (စက်တင်ဘာ ၂၀ )ညနေ လေးနာရီကျော်ခန့်က အိမ်နီးနားချင်းများနှင့် ဆွေမျိုးများဖိတ်ကာ မုန့်လက်သုပ်ဖြင့် ဧည့်ခံနေစဉ်တွင် သေနတ်ကိုင်ထားသည့် မျက်နှာဖုံး(နှာခေါင်းစီး)တပ် အမျိုးသားသုံးဦးက ဓါးပြတိုက်သွားခြင်းဖြစ်သည်။ “သူ့ (အတိုက်ခံရသည့်အိမ်ရှင်)အိမ်မှာ ဒီနေ့ထားဝယ်မုန့်လက်သုပ်လှူနေတယ်။ အဲဒီအချိန်မှာပဲ လူသုံးဦးက လူတစ်ယောက်ရဲ့ နာမည်လာမေးတယ်။ ထားဝယ်အသံကြားတော့ မုန့်လက်သုပ်လာစားလို့ခေါ်တာပေါ့ အထဲရောက်မှ ဓားပြမှန်းသိတယ်။ အဲဒီထဲမှာ ထားဝယ်သားက နှစ်ဦး ဗမာကတစ်ဦးပါတယ်”ဟု ၎င်းကပြောသည်။ ယင်းနောက် မုန့်လက်သုပ်လာစားသည့် ဆွေမျိုးတော်စပ်သူအချို့၏ မိုဘိုင်းဖုန်းများအပါဝင် လက်ဝတ်ရတာအချို့ကိုလည်း ယင်းဓားပြများက ယူဆောင်သွားခဲ့သည်။ ဓားပြတိုက်သွားသူများကို ဒေသခံများက သိရှိခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း Dawei watch အနေဖြင့် ရရှိခြင်းမရှိသေးပေ။ ဓားပြတိုက်ခံရသောနေအိမ်မှာ […]

ထိုင်းတွင် လျော်ကြေးမရဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားတစ်ရာကျော်ဆန္ဒပြ

diz_admin

September 20, 2022

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်ရှိ ငါးသေတ္တာစက်ရုံတစ်ခုတွင် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၁၀ ဦး လျော်ကြေးမရဘဲ အလုပ်ထုတ်ခံလိုက်ရသဖြင့် စက်ရုံရှေ့တွင် ယနေ့ ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါအလုပ်သမားများမှာ စမူပရကန်ခရိုင် ဘန်ဘော်နယ်မြေရှိ Premier Canning Industry Company Limited စက်ရုံတစ်ခုတွင် လုပ်ကိုင်နေကြသူများဖြစ်သည်။ စက်ရုံဘက်က အလုပ်လျော့နည်းလာသည်ဟုသာ ယေဘုယဆန်ဆန်အကြောင်းပြချက်ပေးပြီး ကြိုတင်အသိပေး အကြောင်းကြားခြင်းလည်း မရှိဘဲ စက်တင်ဘာလ ၁၇ ရက်တွင် ရုတ်တရက် အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ နစ်နာကြေးလည်းမရဘဲ အလုပ်ထုတ်ခံရခြင်းဖြစ်သဖြင့် အလုပ်သမားများသည် ယနေ့ (စက်တင်ဘာ ၂၀) ဆန္ဒပြခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) တို့က ကူညီဖြေရှင်းပေးရန်လည်း […]

ပုလော၊ကဒဲရွာအနီးတွင် ခရီးသည်တင်ကားပစ်ခတ်ခံရပြီး ယာဉ်မောင်းသေနတ်ဒဏ်ရာရ

diz_admin

September 20, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ခရီးသည်တင်ယာဉ်ငယ်တစ်စီး ပစ်ခတ်ခံခဲ့ရပြီး ယာဉ်မောင်းအမျိုးသားမှာ သေနတ်ဒဏ်ရာရရှိသွားကြောင်း ထားဝယ်မြို့နယ်ကြက်ခြေနီအဖွဲ့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၂၀) နေ့လယ် ၁၂ နာရီခွဲခန့်က ကဒဲရွာအနီးတွင် ဒဏ်ရာရထားသည့် အဆိုပါ ယာဉ်မောင်းကို တွေ့ရှိခဲ့သဖြင့် ကူညီကာ ဆေးရုံပို့ပေးခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့သူမှာ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အိုအေစစ်ယာဉ်လိုင်းမှ ယာဉ်မောင်းသူဖြစ်ပြီး ရင်ဘတ်တွင် ဒဏ်ရာရရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ “ဒဏ်ရာဘယ်လောက် ပြင်းမပြင်းကိုတော့ ကျွန်တော်တို့မသိရဘူး။ ကျွန်တော်တို့တွေ့တဲ့အချိန် သူ့စပယ်ရာ(ယာဉ်အကူ)က သွေးတိတ်အောင် အဝတ်နဲ့အထပ်ထပ်စည်းထားပြီးပြီ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါယာဉ်သည် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာပြီး ခရီးသည် ငါးဦး လိုက်ပါလာသည်ကို တွေ့ရကြောင်း ၎င်းက […]

ဆူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၂ ဦးသေဆုံးကာ၊ ၉၀ ခန့်ဒဏ်ရာရ

diz_admin

September 20, 2022

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အင်အားအကြီးဆုံး ဆူပါတိုင်ဖွန်းမုန်တိုင်း ဂျပန်သို့ ဝင်ရောက်သွားခဲ့ရာ မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများ ရှိနေသဖြင့် ကယ်ဆယ်ရေး လုပ်သားများက သတိပေးချက်များ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် တနင်္ဂနွေက ကျူရှူးကျွန်းကို ဝင်ရောက်တိုက်ခတ်သွားသော တိုင်ဖွန်းမုန်တိုင်း နန်မာဒိုကြောင့် လက်ရှိအချိန်အထိ လူ ၂ ဦးသေဆုံးထားပြီး ၊ လူ ၉၀ ဒဏ်ရာရရှိကြောင်း  သတင်းထုတ်ပြန်ထားသည်။ လူဦးရေ ၉ သန်းခန့် နေရာများ ရွှေ့ပြောင်းခဲ့ရပြီး နေအိမ်ပေါင်း ၃ သိန်းခွဲကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ရသည်။ လာမည့် ၂၄ နာရီအထိ မိုးရေချိန် ၁၆ လက်မရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ သေဆုံးသူနှစ်ဦးအနက် အမျိုးသားတစ်ဦးမှာ ရေလွှမ်းမိုးချိန် ကားရေနစ်သွားသဖြင့် သေဆုံးခြင်း ဖြစ်ပြီး နောက်ထပ်တစ်ဦးမှာ မြေပြိုသဖြင့် သေဆုံးရခြင်း ဖြစ်သည်။ ဆူပါတိုင်ဖွန်းသည် […]

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၅ဦး ဖမ်းဆီးခံရ

diz_admin

September 20, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင်၌ မောင်းနှင်ထွက်ပြေးသွားသော ကားတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၅ ဦး စက်တင်ဘာလ ၁၈ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲလမတ်ဒေသတွင် စစ်ဆေးရေးဂိတ်ကို ရှောင်ကာ အရှိန်ဖြင့်မောင်းနှင်လာသော တိုယိုတာကားတစ်စီးကို မင်္သကာသဖြင့် ထိုင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်က ရပ်တန့်ရန် အချက်ပြခဲ့ကြောင်း ရေးသားသည်။ သို့သော်လည်း ကားမှာ မရပ်ပေးဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ တောထဲတွင် ရပ်ထားသော ကားကိုတွေ့ရှိရပြီး တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ ပါဝင်ပြီး အားလုံးသည် နယ်စပ်မြစ်ဖြစ်သော သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံရှိ ခရိုင်များတွင် […]

ပုလောနှင့် ဘုတ်ပြင်းတွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အစစ်အဆေးတင်းကြပ်

diz_admin

September 20, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ခရီးသည်ယာဉ်များအား အစစ်အဆေးတင်းကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၂၀) နံနက် ၈ နာရီခွဲခန့်တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာနှင့် သင်္ကန်းတောရွာကြား ပြည်ထောင်စုလမ်းပေါ်တွင် မြိတ်မြို့ဖက်မှတက်လာသည့် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။ “ကဒဲရေကျော်နားမှာ ဖြစ်သွားတာ မိုင်းနှစ်လုံးကွဲသံကြားတယ်။ ကားနှစ်စီးလည်း ထိသွားတယ်လို့ သိရတယ်” ဟု ကဒဲရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ မိုင်းကွဲပြီးနောက် ဆိုင်ကယ်များ၊ ကားများကို ရပ်တန့်ခိုင်းကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများက ဆိုသည်။ အလားတူ စက်တက်ဘာလ ၁၉ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်၊ ဝါးဒင်းရွာနှင့် ဝါးချောင်းရွာကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများထံမှ […]