ဆိုင်ကယ်အပိုပစ္စည်းဈေးကြီးသဖြင့် အရည်အသွေးနိမ့်ပစ္စည်းဝယ်သူပိုများလာဟုဆို
diz_admin
September 29, 2022ထားဝယ်ဈေးကွက်ထဲတွင် ဆိုင်ကယ်အပိုပစ္စည်း ဈေးကြီးမြင့်နေသဖြင့် ဈေးနည်းပြီး အရည်အသွေးနိမ့်ပစ္စည်း ရွေးချယ်ဝယ်ယူသူ ပိုများလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းသွားပြီး ကုန်ဈေးနှုန်း မြင့်မားလာမှုနှင့်အတူ ဆိုင်ကယ်အပိုပစ္စည်းဈေးနှုန်းလည်း ထိုးတက်သွားခဲ့ကြောင်း ထားဝယ်ဒေသရှိ ဆိုင်ကယ်ပြင်ဆိုင်၊ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ “ဆိုင်ကယ် ပြင်တော့မယ်ဆိုပြီး ဆိုင်လာရင် ပရုပ်ဆီဗူးပါ ယူလာခိုင်းမရလိုဖြစ်နေပြီ။ ဈေးမေးပြီးရင် (ခေါင်းမူးရင်) ရှူလို့ရအောင်” ဟု ထားဝယ်ဒေသခံ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံထုတ် အကောင်းစား တာယာတစ်စုံလျှင် အာဏာမသိမ်းမီက ကျပ်ငါးကျော်သာရှိသော်လည်း ယခုနှစ် ဇွန်လခန့်တွင် ကျပ်ရှစ်သောင်းခွဲဝန်းကျင်သို့ မြင့်တက်သွားခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သိန်းငါးသောင်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ အင်ဂျင်ဝိုင်၊ ဘရိတ် စသည်တို့မှာလည်း အလားတူ ဈေးမြင့်တက်လျှက်ရှိသည်။ “(ထိုင်းထုတ်) Click […]


