ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ကျပ်တစ်သိန်းကျော်အထိ စံချိန်တင်ဈေးမြင့်ခဲ့သည့် စားအုန်းဆီဈေး ဆက်တိုက်ကျဆင်း

diz_admin

October 5, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် အမြင့်ဆုံးဈေးနှုန်း ကျပ်တစ်သိန်းကျော်ဖြင့် စံချိန်တင်ခဲ့သည့် စားအုန်းဆီဈေး ဆက်တိုက်ကျဆင်းလာနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လအတွင်းက စားအုံးဆီ (ပုံးဝါ) ဆယ်ပိဿာပါ တစ်ပုံးလျှင် တစ်သိန်းတစ်သောင်းအထိမြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ၆၃၀၀၀ ကျပ်အထိ ဈေးကျဆင်းလာကြောင်း ကုန်စုံအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ဈေးကျတော့ တချို့ဆိုင်တွေဆို မရောင်းပေးကြတော့ဘူး။ သိုထားကြတာ” ဟု ထမင်းဟင်းရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ဆယ်ပိဿာပါ စားအုံးဆီ (ပုံးဝါ) အား ထမင်းဟင်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်တို့တွင် အများဆုံး အသုံးပြုလေ့ရှိကြသည်။ စားအုံးဆီဈေးနှုန်း တစ်သိန်းတစ်သောင်းကျပ်မှ ၉၃၀၀၀ ကျပ်၊ ၈၉၀၀၀ ကျပ်၊ ၈၆၀၀၀ ကျပ်၊ ၇၁၅၀၀ ကျပ်အထိ ဈေးကျဆင်းခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် ၆၃၀၀၀ ကျပ်သာ ကျန်ရှိခဲ့ကြောင်း ကုန်စုံဆိုင်ရှင်တချို့က ပြောပြသည်။ […]

ခေတ်ပြန်စားလာသည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်း

diz_admin

October 5, 2022

ဆယ်စုနှစ် ၂ခုကျော် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်းများ ပြန်လည် ခေတ်စားလာသည်။ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလတွင် ထားဝယ်၌ ပြန်လည်ပြုလုပ်ရောင်းချကြရာမှ သီတင်းကျွတ်မီးအိမ် တွန်းလှည်းများကို ကလေးများ ပြန်လည်ကစားခွင့်ရလာခဲ့သည်။ မီးအိမ်တွန်းလှည်း ထားဝယ်မြို့က မိသားစုနှစ်ခု ပြုလုပ်ရောင်းချနေပြီး တွန်းလှည်းတစ်ခု ကျပ် သုံးထောင်ဝန်းကျင်ဖြင့် ပေးဝယ်ကြရသည်။ ဝါးခြမ်း၊ ဆီစိမ်စက္ကူ၊ ကော်စသည့်ပစ္စည်းများဖြင့်ပြုလုပ်ပြီး လိပ်ပြာပုံ၊ ယုန်ပုံ၊ ဆင်ပုံ အစရှိသည့် တိရစ္ဆာန်ပုံ အမျိုးမျိုးထုတ်လုပ်ရောင်းချနေကြကာ ယုန်ပုံမီးအိမ်လှည်းကို လူကြိုက်များကြောင်း မီးအိမ်လှည်း ပြုလုပ်ရောင်းချသူတို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ရောင်းအားကောင်းခဲ့ပြီး ယခုနှစ်တွင်မူ စီးပွားရေးကျပ်တည်းမှုများကြောင့် ဝယ်ယူသူ နည်းပါး နေသည်ဟု ၎င်းတို့က ပြောသည်။ အခြားတစ်ဖက်တွင်လည်း အလှဖန်တီးရှင်အချို့ကလည်း Pre-Wedding အတွက် သီတင်းကျွတ်အလှမီးအိမ်များလည်း အော်ဒါမှာယူမှုရှိနေသည်ဟု ဆိုသည်။ သီတင်းကျွတ် အထိန်းအမှတ်တစ်ခုဖြစ်သည့် ထားဝယ်က […]

ထိုင်း တာခ့်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၄ဦး ဖမ်းဆီးခံရ

diz_admin

October 5, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၄ ဦးကို ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်တွင် ဖမ်းမိကြောင်း အမှတ် ၃၅ ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။ မဲလမတ်ဒေသတွင် ယနေ့ နံနက် ၁နာရီခန့်က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ တောထဲ အမှောင်ထဲတွင် လမ်းလျှောက်နေကြသော မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးချိန်တွင် ထိုင်းပွဲစားသည် မြန်မာအလုပ်သမားများကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ကျန်ရစ်ခဲ့သော မြန်မာ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် ကရင်ပြည်နယ် ဘားအံမြို့ကဖြစ်ပြီး မြဝတီမြို့အနီး သောင်ရင်းမြစ်ကို လှေဖြင့် ဖြတ်ကာ […]

တနင်္သာရီတွင် ပျူစောထီးတစ်ဦးကို လက်နက်နှင့်အတူဖမ်းမိ

diz_admin

October 5, 2022

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် ပြည်သူ့စစ်ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ဒေသခံများနှင့် နဂါးစစ်သည်စစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ညောင်ပင်ကွင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုနိုင်(ခေါ်)မတ်အီရှာ ဆိုသူအား အောက်တိုဘာ ၄ ရက်ညနေတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။ “သူကကမ်းနားဦးမှာနေတယ်။ ညနေရေသွားချိုးချိန် အဖမ်းခံရတယ်လို့ မြင်တဲ့သူတွေကပြောတယ်။ လက်နက်အပြည့်အစုံနဲ့ အဖမ်းခံရတာ”ဟု ညောင်ပင်ကွင်းဒေသခံ အမျိုးသား ကပြောသည်။ ကိုနိုင်အဖမ်းခံရပြီးနောက် ပြန်လိုက်ရှာရန် စစ်ကောင်စီတပ်မှ ပျူစောထီးများအား ခိုင်းစေနေသည်ဟု ဒေသခံများကပြောသည်။ “စစ်တပ်ကလည်း ရွာမှာမရှိဘူး။ သူတို့လည်းလိုက်ပြီးမရှာကြဘူး”ဟု ဒေသခံအမျိုးသမီးက ပြောသည်။ ညောင်ပင်ကွင်းကျေးရွာနေ ကိုနိုင်(ခ)မတ်အီရှာ ဆိုသူအား မိမိတို့ “နဂါးစစ်သည်စစ်ကြောင်း”တပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ကြောင်း စစ်ကြောင်း(၂)မဟာမိတ်တပ်ပေါင်းစု၊ သတင်းနှင့်ပြန်ကြားရေးက ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။ ၎င်းနှင့်အတူ M-16 သေနတ် ၁ လက်၊လက်ပစ်ဗုံး […]

ပန်းဒလဲရွာက မိသားစုဝင်သုံးဦး အသတ်ခံရ

diz_admin

October 5, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူများမှာ မိသားစုဝင်များဖြစ်ကြပြီး အသက် ၆၀ ဝန်းကျင်အရွယ် ဦးသောင်းနိုင်၊ ဇနီးဒေါ်တင်ရှိန်နှင့် သားဖြစ်သူ မောင်မင်းနိုင်တို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရုပ်အလောင်းများကို ယင်းနေ့ ညနေပိုင်းက ပန်းဒလဲရွာသင်္ချိုင်းနှင့် ဘောလုံးကွင်းကြားတွင် အခြားရွာမှ ဒေသခံ တစ်ဦးက တွေ့ရှိခြင်းဖြစ်ကြောင်း ပန်းဒလဲရွာ ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့က ရွာကနေ ရှောင်ရှောင်ပြီးနေတာကြာပြီ။ သေနတ်ပစ်သံတောင်မကြားရဘူး” ဟု ၎င်းက ပြောဆိုသည်။ ဦးသောင်းနိုင်မှာ ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းတို့ မိသားစုဝင်သုံးဦးစလုံးကို PDF အဖွဲ့များဖြစ်သည့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး-ပကဖ) နှင့် DDT တပ်ခွဲ (၃) […]

သီတင်းကျွတ်မီးအိမ်တွန်းလှည်း ယခုနှစ် ဝယ်သူနည်း

diz_admin

October 5, 2022

ဆယ်စုနှစ် နှစ်ခုကျော် တိမ်မြုပ်နေရာမှ ပြန်လည်ခေတ်စားလာသည့် သီတင်းကျွတ်မီးအိမ်တွန်းလှည်းမှာ ယခုနှစ်တွင် ရောင်းအား ကျသွားကြောင်း မီးအိမ်လှည်းပြုလုပ်ရောင်းချသူထံမှ သိရသည်။ ပြီးခဲ့သည့် နှစ်လေးဆယ်ဝန်းကျင်က ထားဝယ်ဒေသတွင်ခေတ်စားခဲ့ပြီး ဖယောင်းတိုင်မီးထွန်းကာ တွန်းပြီးကစားရသည့် မီးအိမ်တွန်းလှည်းမှာ ကလေးများက နှစ်ခြိုက်စွာ ကစားလေ့ရှိသည်။ အဆိုပါ မီးအိမ်တွန်းလှည်းမှာ ဒေသတွင်း ကွယ်ပျောက်နေရာမှ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ရာသီက ပြန်လည်ပြုလုပ် ရောင်းချလာကြခြင်း ဖြစ်သည်။ ယမန်နှစ်သီတင်းကျွတ်ကာလက အလုံးရေ ၂၅၀ ခန့်ရောင်းချရပြီး ယခုနှစ်တွင်မူ အလုံးရေ ၁၀၀ ကျော်သာ ရောင်းချရသေးကြောင်း မီးအိမ်လှည်းပြုလုပ်ရောင်းချသူ ဦးစိုးမိုးက ဆိုသည်။ လိပ်ပြာပုံ၊ ယုန်ပုံ၊ ဆင်ပုံ အစရှိသည့် တိရစ္ဆာန်ပုံ အမျိုးမျိုးထုတ်လုပ်ရောင်းချနေပြီး ယုန်ပုံမီးအိမ်လှည်းကို အများဆုံးပြုလုပ်ရသည်ဟု ဆိုသည်။ “နည်းတယ်ဆိုတာက စီးပွားရေးကျပ်တည်းကြလို့ ဖြစ်မယ်။ အရင်နှစ်က အခုချိန်ဆို နားတောင် […]

ယူကရိန်းတောင်ပိုင်းရှိ ရုရှား ထိန်းချုပ်ခံ ကျေးရွာများကို ယူကရိန်းပြန်သိမ်း

diz_admin

October 5, 2022

ယူကရိန်းနိုင်ငံ ခါဆန်ဒေသ တောင်ပိုင်းကျေးရွာကြီးတစ်ခုကို ရုရှားလက်မှ ယူကရိန်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ အမှတ် (၃၅) ကမ်းတက်တပ်ဖွဲ့က အဆိုပါ ဒေသတွင် ယူကရိန်းအလံလွှင့်ထူနေသည်ကို ကာကွယ်ရေး ဝန်ကြီးဌာနက ဗီဒီယို ထုတ်ပြန်ထားသည်။ ဒါဗီဒစ်ဘရစ်ကျေးရွာနှင့် အနီးတဝိုက်ရွာများကို ယူကရိန်းက ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားတပ်များ မဖြစ်မနေ ပြန်လည်ဆုတ်ခွါနေရကြောင်း သတင်းများတွင် တွေ့ရှိရသည်။ ရုရှားသမ္မတဗလာတီမာပူတင်က  ယူကရိန်းနယ်မြေ (၄)ခုကို  ရုရှားသို့ သွတ်သွင်းရန် အမိန့်ထုတ်နေစဉ် ယခုကဲ့သို့ ယူကရိန်းဘက်မှ ပြန်လည်သိမ်းပိုက်မှုများ ရှိလာခြင်း ဖြစ်သည်။ ရုရှားနယ်မြေအဖြစ်သို့ သွတ်သွင်းခြင်းသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သကဲ့သို့ ၊ အဓိပ္ပါယ်မဲ့အရာမထင်သော လုပ်ရပ်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး က ပြောကြားခဲ့သည်။ ရုရှားနယ်မြေအဖြစ် သွတ်သွင်းခြင်းကို […]

ထားဝယ်တွင် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ဖြင့်သေဆုံး

diz_admin

October 4, 2022

ထားဝယ်တွင် ကိုဗစ်ပိုး ကူးစက်ခံထားရသည့် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယနေ့ (အောက်တိုဘာ ၄) နံနက်ပိုင်းက သေဆုံးသွားကြောင်း ထားဝယ်-နာရေးကူညီမှုအသင်းနှင့် ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ သေဆုံးသူ မိန်းကလေးငယ်မှာ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာကဖြစ်ပြီး ဖျားနာနေသဖြင့် မယ်ဒီလန်းဆေးရုံသို့ တက်ရောက်ပြသခဲ့ရာ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ပိုးပါတွေ့ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ “မနက်စောစော ဆုံးတယ်လို့ပြောတယ်ရှင့်။ ကလေးက မနေ့က လာကတည်းက ဦးနှောက်အမြှေးပါးရောင်တာတို့ ဘာတို့ ဖြစ်နေတယ်လို့ ပြောတယ်ရှင့်” ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ထားဝယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ဝန်းကျင်ကပင် ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် လူနာမရှိတော့ဘဲ တစ်နှစ်နီးပါး […]