ရေဖြူ ကလိန်အောင်မြို့မှ စစ်တပ်ပိုင် မြဝတီသတင်းထောက် တစ်ဦး ပစ်သတ်ခံရ
diz_admin
January 24, 2023ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့နေ စစ်တပ်ပိုင် မြဝတီသတင်းစာတိုက်မှ သတင်းထောက်တစ်ဦးပစ်သတ်ခံရကြောင်း သိရသည်။ ပစ်သတ်ခံရသူမှာ ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်သည့် လူလတ်ပိုင်းအရွယ် ကိုလင်းလင်းထွန်းဆိုသူဖြစ်သည်။ ၎င်းအား ကလိန်အောင်မြို့အခြေစိုက် Spring Dhamma PDF KLA၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ( DDPDF) နှင့် ပူးပေါင်းအဖွဲ့တို့က ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကလိန်အောင်မြို့ ဇင်းဘာလမ်း ဆောက်လုပ်ရေးရုံးအနီး ဘိလိယက်ခုံတွင်ရှိနေစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ မည်သည့်အကြောင်းရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းမရှိပေ။ ကံပေါက်ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Freedom Kanbauk Facebook Page စာမျက်နှာတွင်မူသေဆုံးသူ ကိုလင်းလင်းထွန်းမှာ ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ […]


