ကျုံဒိုးတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်
diz_admin
January 25, 2023ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး နေအိမ်များ မီးလောင်နေသည့်အပြင် ဒေသခံထောင်နှင့်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကမ်းနီကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၂၃ရက်တွင် တိုက်ပွဲ စတင်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း ဒေသခံတို့က ပြောသည်။ တိုက်ပွဲကြောင့် ကျုံဒိုးမြို့နှင့် အနီးအနားရှိ ကမ်းနီ၊ သရက်တော၊ ကော့ကျိုက်၊ ရွာကလေး၊ ကော့သာ၊ ညောင်ရိပ်သာ စသည့်ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီတို့သည် ဘားအံ၊ ဇာသပြင်၊ ကော့ဘိန်း၊ သံလှယ်၊ မော်လမြိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရွာထဲမှာပဲ ပစ်ခတ်နေကြတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ရွာမှာ ယောက်ျာလေးတွေပဲ တစ်ယောက်စ နှစ်ယောက်စ ကျန်နေတာ။ […]


