ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် အခေါက်ရွှေ ဈေးပြန်ကျ၊ အရောင်းအဝယ် ပြန်ငြိမ်

diz_admin

October 24, 2022

တစ်ကျပ်သားလျှင် ကျပ် ၃၃ သိန်းအထိမြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် အောက်တိုလာလ ၂၄ ရက်နေ့တွင် ၂၇ သိန်းကျော်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းမှ မွန်းလွှဲပိုင်းတွင် ကျပ် ၂၆ သိန်းနီးပါးအထိ မြင့်တက်ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၃ သိန်းအထိ မြင့်တက်လာကြောင်း လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အမည်ပျက်စာရင်းအဖြစ် ထည့်သွင်းကြောင်း အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့သည်။ […]

ဗြိတိန်ဂီတဝိုင်းတစ်ခုက သီချင်းအယ်ဘမ်သစ်ကို တစ်ခွေထဲထုတ်ကာ ပေါင်တစ်သန်းဖြင့် ရောင်းချ

diz_admin

October 24, 2022

The Pocket Gods လို့ အမည်ရတဲ့ Indie တေးဂီတအဖွဲ့ တစ်ဖွဲ့ဟာ အယ်ဘမ်အသစ် ထုတ်ပါမယ်။ အခွေ တစ်ချပ်တည်းပဲ ထုတ်ပြီး ရောင်းမှာပါတဲ့။ ရောင်းစျေးကတော့ ပေါင်တစ်သန်း ဖြစ်သတဲ့။ Vegetal digital လို့ အမည်ပေးထားတဲ့ အခွေအသစ်ကို စိန့်အယ်ဘန်စ် ဒေသ အခြေစိုက် ဂီတဝိုင်းက ဟတ်ဖို့ရှိုင်းယားမြို့ ဓာတ်ပြားဆိုင် တစ်ဆိုင်မှာ တင်ပြီး ရောင်းချထားတာ ဖြစ်ပါတယ်။ အကယ်၍ ရောင်းချခွင့်ရခဲ့ရင် အနုပညာရှင်တွေကို ငွေပိုပေးတဲ့ အွန်လိုင်းဝန်ဆောင်မှု တစ်ခုကို Spotify နဲ့ စင်ပြိုင် ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီးတော့ Spotify ကို ဆက်သွယ်ပြီး မှတ်ချက်တောင်းခံထားတယ်လို့ BBC က ဆိုပါတယ်။ Spotify က သူ့ဆီမှာ […]

မြိတ်ကအလှူပွဲမြင်ကွင်း

diz_admin

October 23, 2022

ကိုဗစ်နိုင်တင်း ကပ်ဘေးနှင့် အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခများကြောင့် ကျင်းပနိုင်ခြင်း မရှိသည့် ဘုံကထိန်ပွဲ၊ ရှင်ပြုပွဲများကို မြိတ်မြို့တွင် ပြန်လည်ကျင်းပနေပြီဖြစ်သည်။ တနင်္သာရီတိုင်းတွင် စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများမှာ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ ယင်းကြောင့် အလှူပွဲများမှာ အာဏာမသိမ်းခင်ကာလလောက် မများသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော မြိတ်မြို့ပေါ်တွင်မူ ကထိန်ပွဲနှင့် ရှင်ပြုပွဲများကို မြင်တွေ့လာရခြင်းဖြစ်သည်။ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း ကထိန်ပွဲများကို ကျင်းပလေ့ရှိသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျခတ္တာပင်အင်းရွာသား လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

diz_admin

October 23, 2022

ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ညက သေနတ်ပစ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး နှင့်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်မှုကြောင့် ကျောင်းဆရာဦးဖိုးခိုင် နှင့် ဇနီး ဖြစ်သူ ကျောင်းဆရာမ ဒေါ်အေးမိုး‌ဆွေအပါအဝင် ဦးဝင်းသိန်း နှင့် ဇနီးဒေါ်အောင်းဆန်းမဲ တို့လေးဦးသေဆုံးခဲ့ကြပြီး ဦးဝင်းဦးဆိုသူမှာ ခြေထောက်ကျိုးသွားခဲ့သည်။ ယင်းနေ့ညသန်းခေါင် ၁ နာရီခန့်တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက လာရောက်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်တော်တို့အိပ်မောကျနေတဲ့အချိန် ဖြစ်နေတော့ အသံတော့ မကြားလိုက်ဘူး မနက်ကျမှ သိရတာ”ဟု ၎င်းဒေသခံကပြောသည်။ ‌အဆိုပါပစ်ခတ်မှုကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပြုလုပ်ခဲ့သည်ဆိုသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ သေဆုံးသူ ဆရာမ ဒေါ်အေးမိုးဆွေမှာ ကျခတ္တာပင်အင်းရွာ အလယ်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး တစ်ဦးဖြစ်ပြီး ယောက်ျားဖြစ်သူဦးဖိုးခိုင်မှာ ယခင်က ယင်းကျောင်းတွင် ကျောင်းဆရာတစ်ဦးဖြစ်သော်လည်း […]

အောက်သရက်ချောင်းကျေးရွာတွင် နေအိမ်နှစ်ဆောင် မီးရှို့ခံရ

diz_admin

October 23, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာရှိ နေအိမ်နှစ်ဆောင် မီးရှို့ခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီခန့်တွင် စစ်တပ်နှင့် ပဲဒက်ရွာပြည်သူ့စစ်အဖွဲ့များ အောက်သရက်ချောင်းကျေးရွာကို ဝင်ရောက်လာပြီး  ဦးဆန်းသိန်း ဆိုသူ၏ နေအိမ်ကို မီးရှို့ခဲ့ရာ ဘေးအိမ်ပါ မီးလောင်ခဲ့သည်ဟု အောက်သရက်ချောင်းကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။ ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် မီး‌လောင်နေချိန်တွင် ရွာအတွင်းမရှိကြပေ။ “သူ့အိမ်မှာ လူမရှိဘူး၊ စစ်တပ်ဝင်လာချိန်မှာ တစ်ရွာလုံးရှောင်ကြတာပေါ့လေ ဟိုပြေးဒီပြေးပေါ့၊ ဖမ်းသွားတာက တစ်ယောက်ရှိတယ်” ဟု ဒေသခံရွာသားက ဆိုသည်။ စစ်တပ်နှင့်တွေ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် ရွာသူ ရွာသား ၆ ဦးခန့်ကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သော်လည်း  ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးသောကြောင့်ဆိုကာ အသက် ၁၉ နှစ်အရွယ် လူငယ်ကိုမူ […]

ကလေးငယ်များကို နှိပ်စက်မှုဖြင့် တိုင်တန်းခံရသည့် ကံပေါက်ဒေသခံသားအဖနှစ်ဦး အဖမ်းခံရ

diz_admin

October 23, 2022

ကလေးသုံးဦးအား ရိုက်နှက်နှိပ်စက်သည်ဟုဆိုကာ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီးရှိ ဂန့်ဂေါ်တောင်ကျေးရွာမှ ‌သားအဖနှစ်ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် ကလေးသုံးဦးကို ဂန့်ဂေါ်တောင်ကျေးရွာရှိ ‌ရော်ဘာခြံမန်နေဂျာဟုဆိုသူနှင့် သမီးတို့က မကြာခဏ ရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ “ရိုက်တာကတော့ အမြဲတမ်းရိုက်တယ်။ ရွာထဲမှာနေတဲ့သူတွေက နေ့တိုင်းမြင်နေကျဆိုတော့ ရိုးသွားပြီးလို့ကို ပြောရ မယ်။ ဒီတစ်ခါရိုက်တာက ကလေးမလေး ခပ်ကြီးကြီးတစ်ယောက်ဆို မေ့လဲသွားတဲ့အထိပဲ” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးသုံးဦး၏ မိဘနှစ်ပါးမှာ အခြားတိုင်းနှင့် ပြည်နယ်တစ်ခုမှ ၎င်း‌ရော်ဘာခြံတွင် အလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရော်ဘာရာသီမတိုင်မီ အသုံးစာရိတ်အတွက် ကြိုငွေထုတ်ထားရာမှ ပြန်မဆပ်နိုင်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် […]

ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်ဖြင့် ခုနစ်ဦးသေဆုံး၊ ၆ လသား ကလေးပါဝင်

diz_admin

October 23, 2022

ထားဝယ်တွင် လေးရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ခုနစ်ဦးရှိလာပြီး သေဆုံးရာတွင် အသက် ၆ လသာ ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။ သေဆုံးသူများတွင် အသက်အငယ်ဆုံးမှာ ၆လသားကလေး ဖြစ်ပြီး အသက်ကြီးပိုင်းတွင် ၆၅နှစ်မှ ၉၂ ကြားအရွယ်များ ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ အောက်တိုဘာ ၂၀ ရက်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ဦး၊ ၂၂ ရက်နေ့တွင် ကိုဗစ်ဖြင့်သေဆုံးသူ ၂ ဦး၊ ယနေ့ ၂၃ ရက်နေ့တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၂ ဦး ရှိကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၃ ရက် နံနက်တွင် ထားဝယ်ဆေးရုံကြီး၌ ကိုဗစ်အလောင်း နှစ်လောင်းရှိသည်ဟု အကြောင်းကြားလာခြင်းဖြစ်ကြောင်း […]

အလှူအတန်းများလာ၍ ထားဝယ်တွင် ငါးကွန်းရှပ် ဈေး ၂ ဆတက်

diz_admin

October 23, 2022

အလှူအတန်းပေါသည့် ထားဝယ်ဒေသ၏ ယခုလိုကထိန်အလှူကာလတွင် လူကြိုက်များပြီး လူအများစား‌သုံးလေ့ရှိသည့် ငါးကွန်းရှပ်ငါး အမျိုးအစားမှာ ဈေးမြင့်တက်နေသည်ဟု ငါးအဝယ်ဒိုင်များထံမှသိရသည်။ ပြီးခဲ့သည့် သီတင်းကျွတ် လဆန်းပိုင်းမှစ၍ ထားဝယ်ငါးဈေးကွက်တွင် ငါးကွန်းရှပ် တစ်ပိဿာဈေးနှုန်းမှာ ကျပ်တစ်သောင်းခွဲခန့်သာရှိခဲ့ပြီး ယခုလဆန်းတွင် တစ်ပိဿာ ကျပ်တစ်သောင်းခုနှစ်ထောင်သို့ စျေးအနည်းငယ် စတက်လာခဲ့သည်။ ယခု သီတင်းကျွတ်လ တတိယပတ်တွင်မူ တစ်ပိဿာ ကျပ်သုံးသောင်းအထိ နှစ်ဆနီးပါးခန့် စျေးမြင့်တက်လာကြောင်း ထားဝယ်မြို့ကမ်းနားဈေးရှိ ငါးအဝယ်ဒိုင်ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးကပြောသည်။ “အဓိကအလှူ ရာသီမို့ပါ ငါးအရနည်းတဲ့ အပတ်နဲ့တိုက်ဆိုင်လို့လည်းဖြစ်တယ်”ဟု ၎င်းကပြောသည်။ ထားဝယ်းဈေးကွက်တွင် ငါးကွန်းရှပ်ဈေးနှုန်းမှာ အထွက်နှုန်းနှင့် ဝယ်လိုအားလိုက်၍ ဈေးနှုန်းပြောင်းလဲလေ့ရှိသော်လည်း ယခုလို ကထိန်အလှူကာလာများတွင် ပုံမှန်ထက် ဈေးကောင်းရလေ့ရှိကြောင်း ထားဝယ်မြို့ ကမ်းနားဈေးတွင် ငါးအဝယ်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးကပြောသည်။ “အရင်က တစ်သောင်းနှစ်ထောင် တစ်သောင်းသုံးထောင်အများဆုံးပါပဲ။ အစ်မတို့ ဒိုင်မှာတော့ နှစ်သောင်းခုနှစ်ထောင်အထိ […]