စမ်းလှမ်းရွာက အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် လောင်းကစားဝိုင်းများရပ်နား
diz_admin
February 10, 2023အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲ၊ ဘာသာရေးပွဲတော်များဖြင့် အမြဲစည်ကားနေလေ့ ရှိသည့် စမ်းလှမ်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဖေဖော်ဝါရီလ ၇ ရက်က တိုက်ခိုက်ခံခဲ့ရသည်။ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးရဲကလေးဆိုသူနှင့် လောင်းကစားဝိုင်းကန်ထရိုက်တာတစ်ဦးဖြစ်သူ ဦးသားကြီး (ခေါ်) သူရစိုး တို့ လိုက်ပါလာသည့် သုံးဘီးကားကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ လောင်းလုံး-စမ်းလှမ်းရွာသွား လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စမ်းလှမ်းကျေးရွာသို့ ဘုရားပင့်ပြီးပြီးပြန်လာချိန် ပျူးစောထီးခေါင်းဆောင်လိုက်ပါလာသော ရှေ့ပြေးသုံးဘီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမူမသိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒေသခံအချို့အား ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မေးမြန်းစဉ် ဦးရဲကလေးနှင့် ဦးသူရစိုးတို့အပါအဝင် ဘုရားပင့်အဖွဲ့ တိုက်ခိုက်ခံရသည်မှာ မှန်ကန်သော်လည်း သေဆုံးခြင်းမရှိကြောင်း ပြောဆိုသည်။ “သေတော့ မသေဘူး။ ရွာမှာရှိနေတုန်းပဲ။ သူတို့နှစ်ယောက်လုံး […]


