ထိုင်းစက်ရုံတွင် အထောက်အထားမမှန်ဘဲလုပ်ကိုင်သည်ဟုဆိုကာ မြန်မာလုပ်သား ၃၀ ဖမ်းဆီးခံရ
diz_admin
February 9, 2023ထိုင်းနိုင်ငံ ရယောင်းခရိုင်ရှိ သံလုပ်ငန်းစက်ရုံတွင် အထောက်အထားမှန်ကန်မှုမရှိဘဲ လုပ်ကိုင်နေကြသည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၀ ဦးဖမ်းဆီးခံလိုက်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၈ ရက်တွင် ထိုင်းအာဏာပိုင်များက ကွင်းဆင်းစစ်ဆေးပြီး ဖမ်းဆီးခြင်းဖြစ်သည်ဟု ဆိုသည်။ ရယောင်းခရိုင် ပလွက်ဒဲင်ဒေသရှိ တရုတ်နိုင်ငံသားပိုင် သံလုပ်ငန်းစက်ရုံဖြစ်သော BOW FUNG METAL PRODUCT စက်ရုံတွင် အလုပ်သမားများ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည်ဟု တိုင်ချက်ရသဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ အဆိုပါစက်ရုံသို့ ရယောင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ အလုပ်သမားခန့်ထားရေးရုံး၊ အလုပ်သမားကာကွယ် စောင့်ရှောက် ရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံး စသော ဌာနပေါင်းစုံက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စက်ရုံအတွင်းရှိ အဆောက်အအုံသုံးခုကို တစ်ပြိုင်နက် အင်အားသုံးစစ်ဆေးခဲ့ပြီးနောက် မြန်မာအလုပ်သမားများနှင့် တရုတ်အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း သတင်းများတွင် ရေးသားထားသည်။ အလုပ်သမားများ၏ […]


