ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ခေါဇာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

November 6, 2022

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေးမြို့နယ် ခေါဇာမြို့တွင် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ညက လူနေရပ်ကွက်အတွင်း  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အသက် ၆ နှစ်အရွယ်ကလေးနှစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။ “ပစ်နေတာ နှစ်ညဆက်တိုက်ရှိနေပြီ ည (နိုဝင်ဘာ ၄ ရက်နေ့) ကတော့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ရေးမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။ ခေါဇာမြို့တွင်  စစ်ကောင်စီ၏ ခလရ တပ်ရင်း ၃၁ အခြေစိုက်စခန်းရှိပြီး ယင်းစခန်းမှ […]

ပုလောတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီးငါးဦးထက်မနည်း ဒဏ်ရာရဟုဆို

diz_admin

November 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပိတပ်ကျေးရွာတွင် နိုဝင်ဘာ ၄ ရက်နေ့တိုက်ပွဲကြောင့် ပင်လယ်အတွင်း ငါးဖမ်းရာမှပြန်လာသည့် အရပ်သားတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူမှာ တိုကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိ ကိုဖြိုးငွေစိုးနှင့် ပိတပ်ရွာနေ သုံးဘီးဆိုင်ကယ်မောင်းသူ အသက် ၃၀ ကျော်အရွယ် ကိုဇေယျာလင်း တို့ဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ ယင်းအပြင်နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ယင်းနေအိမ်နေ မိသားစုငါးဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “သားအဖနှစ်ဦး လှေမောင်းပြီး ဝင်လာတဲ့အချိန် ပစ်ခံထိတာ သားမှာထိပြီး သေသွားတယ်။ သူတို့နဲ့အတူတူ ဝင်လာတဲ့လှေကတော့ မောင်းပြေးတာ လွတ်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ အလားတူသုံးဘီးဆိုင်ကယ်မောင်းသူ ကိုဇေယျာလင်းသည်လည်း သုံးဘီးမောင်းလာစဥ်လမ်း၌ […]

လောင်းလုံးတွင် စစ်ကားဖြတ်လာစဉ် ‌ဗုံးပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

diz_admin

November 5, 2022

လောင်းလုံးမြိုနယ်၊ ခမောင်းတောင်ရွာနှင့် ထိန်တွင်းရွာကြားလမ်းပိုင်းတစ်နေရာတွင် ယနေ့ (နိုဝင်ဘာ ၅) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ယနေ့နံနက် ကိုးနာရီခန့်က ထိန်တွင်းရွာဘက်မှ စစ်ကားတစ်စီးထွက်လာစဉ် ခမောင်းတောင်ရွာကားလမ်းမနှင့် တစ်ဖာလုံကျော်ခန့်အကွာ‌ ထိန်တွင်းရွာသို့သွားသည့် လမ်းပိုင်းတစ်နေရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အသက် ၃၉ နှစ်အရွယ်ရှိ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူအိမ်ကိုသွယ်ထားတဲ့ မီးကြိုးပြတ်လို့ မီးဆက်နေတယ်ပြောတယ်။ အဲဒီအချိန်မှာပဲ ကင်တာအမျိုးအစား ဒိုင်နာကားတစ်စီးကလည်း စစ်သားတွေတင်ပြီး ထိန်တွင်းရွာကထွက်အလာ သူ့အိမ်နား မလှမ်းမကမ်းအရောက် ထပေါက်တာ”ဟု ၎င်းကပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ယင်းအမျိုးသမီး၏ ညာဖက်မျက်လုံး၊ ညာဖက်ဒူး နှင့် ခြေမျက်စိ ဘယ်ညာ ပြတ်ရှဒဏ်ရာအပါအဝင် ပေါင်ခြံကနေ ခြေထောက်နှစ်ဖက်စလုံး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်း‌ဘေးဝဲယာတစ်လျှောက် […]

ဆွမ်းစားကြွသည့် မူးဒူးဆရာတော် သေနတ်ဖြင့်ပစ်ခံရ၍ ဒဏ်ရာရ

diz_admin

November 5, 2022

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာဆရာတော်သည် ယနေ့ (နိုဝင်ဘာ ၅ ) မနက် အလှူအိမ်သို့ဆွမ်းစားကြွရာ အလှူအိမ်မရောက်မီ လမ်းခုလတ်တွင် ပစ်ခတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဆရာတော်သည် ယနေ့ နံနက် လေးနာရီဝန်းကျင်ခန့်တွင် VIGO အမျိုးအစား မော်တော်ယာဉ်ဖြင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးနှင့်အတူ ပရဒတ်ကျေးရွာအလှူသို့ ဆွမ်းစားကြွရာ မူးဒူးရွာနှင့် ထိန်ကြီးရွာကြား ဒေသအခေါ် ဇော်အန်း တံတားအနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “လေးနာရီလောက်က သေနတ်သံတော့ လေးငါးချက်ကြားရတယ် မနက်ရောက်မှ ဆရာတော်ကား ပစ်ခတ်ခံရတယ်ဆိုတာ သိရတယ်”ဟု ၎င်းကပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဆရာတော်၏ ဝဲဘက်ခြောက်ထောက်(ပေါင်)တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူအမျိုးသားမှာ ထိခိုက်ဒါဏ်ရာရရှိမှုမရှိပေ။ စစ်ကောင်စီ အကြီးအကဲ ခရီးစဉ်ရှိသဖြင့်ဆိုကာ နိုဝင်ဘာ ၂ ရက်နေ့မှစပြီး ထားဝယ်အထူးစီးပွားရေးဇုန် တစ်ခုလုံးကို လုံခြုံရေးအင်အားတိုးမြင့်ထားသည်။ […]

ဆွီဒင်တိရစ္ဆာန်ရုံမှ လွတ်သွားသော ၇ ပေရှည် တောကြီးမြွေဟောက် တစ်ပတ်အကြာမှာ လှောင်အိမ်ထဲပြန်လာ

diz_admin

November 5, 2022

အလွန်အဆိပ်ပြင်းသော အရှည် (၇)ပေရှိ တောကြီးမြွေဟောက်ကြီးဟာ ဆွီဒင်နိုင်ငံက တိရစ္ဆာန်ရုံတစ်ရုံက သူ့လှောင်အိမ်ထဲကနေ ထွက်ပြေးလွတ်မြောက် သွားခဲ့ပါတယ်။ မြွေကြီးပျောက်လို့ သီတင်းတစ်ပတ်ကြာ ဒေါင်းတောက်အောင် ရှာကြရတာပေါ့။ အဆိပ်ကလည်း အင်မတန် ပြင်းတာကိုး။ ဒါပေမဲ့ သီတင်းပတ် (၁)ပတ်ကြာတဲ့အခါ သူ့နေရာသူ ခပ်တည်တည်နဲ့ မြွေကြီးက ပြန်လာသတဲ့လေ။ ခုတော့ မြွေကြီးကို ဟူဒီနီ လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ “ဟူဒီနီ က သူ့ရဲ့ လှောင်အိမ်ထဲကို ပြန်ဝင်လာခဲ့ပါတယ်” လို့ ဆကန်ဆန် တွားသွားသတ္တဝါမျိုးစုံ ပြတိုက်က CEO ဂျိုနက်စ်ဝဲစတွန်း က ပြောကြားပါတယ်။ အဆိုပါ သတ္တဝါမျိုးစုံပြတိုက်ဟာ စတော့ဟုမ်းမြို့က တိရစ္ဆာန်ရုံရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ အလွန်အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက်ဟာ သူ့ရဲ့ ဖန်လှောင်အိမ်ထဲက မီးအလင်းရောင်ပေးတဲ့ နေရာ အပေါက်ကလေးကနေ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

November 4, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ တောင်ကိုးရီးယား အီထေးဝန်တွင် လူအုပ်ပိလို့ သေဆုံးသူ ၁၅၆ ဦးအထိ ရှိလာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် အီထေးဝန်မှာ အောက်တိုဘာ ၂၉ ရက် ဟောလိုးဝင်းပွဲညက လူတွေတိုးကြိတ် ပိမိခဲ့လို့ လူ ၁၅၆ ဦးအထိသေဆုံးခဲ့ပြီး ၁၇၂ ဦး ဒဏ်ရာရကာ ၃၃ ဦးမှာ ပြင်းထန်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ညဘက်မှာ လူတွေအသွားများတဲ့ Hamilton ဟိုတယ်အနီး ဂုန်းဆင်းလမ်းကျဉ်းလေးတနေရာမှာ ဟောလိုးဝင်းပွဲလာတဲ့ ထောင်ပေါင်းများစွာသောလူတွေ ပိတ်မိကာ အသက်ရှုကျပ် နှလုံးရပ်ပြီး သေဆုံးခဲ့တာလို့ မျက်မြင်တွေ့သူတွေကလည်း ပြောပါတယ်။ သေဆုံးသူအများစုမှာ […]

လုံခြုံရေးတင်းကျပ်ထားသည့် ထားဝယ်ဒေသတွင် ဗုံးပေါက်

diz_admin

November 4, 2022

လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားသည့် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ နခံတောရွာသင်္ချိုင်းအနီး မုဒ်ပေါက်ဝတွင် ယနေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ညနေ ၃ နာရီခွဲခန့်က နခံတောသင်္ချိုင်းအနီးတွင် ဗုံးထောင်ထားသည်ဟုဆိုကာ ယင်းလမ်းအသုံးပြုမှုကို ယာယီပိတ်ထားခဲ့ပြီးနောက် ၁ နာရီခန့်အကြာတွင် ဗုံးပေါက်ကွဲသံ ကြားရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “ဗုံးပေါက်သံတော့ ကြားတယ်၊ ခံတောသင်္ချိုင်း မုဒ်ပေါက်ဝနားမှာဖြစ်တာလို့ ပြောတယ်၊ လူထိခိုက်မှုရှိမရှိ မသိဘူး၊ ခုဏက အဲ့နားမှာ ဗုံးထောင်ထားလို့ ဗုံးရှင်းနေတယ်ဆိုပြီး လမ်းပိတ်ထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းပြန်စရန် ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ထားဝယ်ကိုရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ သို့သော် ယင်းသတင်းအပေါ် Dawei Watch အနေဖြင့် […]

ပုလော၊ ပိတပ်ရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျသဖြင့် ရွာသားလေးဦး ဒဏ်ရာရဟုဆို

diz_admin

November 4, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပိတပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ကာ ပိတပ်ရွာအတွင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အနည်းဆုံးအရပ်သား လေးဦးခန့် ဗုံးစထိမှန် ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။ “ဒဏ်ရာရသူတွေကိုတော့ သွားမသယ်ရသေးဘူးလို့ ကြားရတယ်။ အခုထိလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေတုန်းပဲ”ဟု ဒေသခံအမျိုးသားက ယနေ့ မွန်းလွဲ ၂ နာရီ ကပြောသည်။ ပိတပ်ကျေးရွာသို့ ယနေ့နံနက်က ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး လက္ကူးဘက်မှ ပုလောမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းမှဖြတ်တိုက်ရာ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ကပြောသည်။ ယင်းသို့တိုက်ပွဲဖြစ်နေစဥ် ပုလော ၂၈၅ တပ်နှင့် လက္ကူးကျေးရွာတပ်ဘက်မှ ပိတပ်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ကူသဖြင့် လက်နက်ကြီးများ ရွာအတွင်း ကျရောက်ပြီး […]