ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆန်သယ်ယူခွင့် ကန့်သတ်ခံရသဖြင့် စပါး‌ဝယ်မရဲဟုဆို၊ ဈေးနှိမ်ခံရမည်ကို လယ်သမားများစိုးရိမ်

diz_admin

November 9, 2022

ထားဝယ်ခရိုင်အတွင်း ဆန်သယ်ယူခွင့်ကန့်သတ်ခံနေရသဖြင့် ဆန်စက်လုပ်ငန်းရှင်များ စပါးမဝယ်ရဲဘဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို့တွင် လူတစ်ဦးလျှင် အများဆုံးဆန် ၇ အိတ်အထိသာ သယ်ယူခွင့်ပြုထားကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်အချို့က ပြောသည်။ ထိုကဲ့သို့ ဆန်သယ်ယူခွင့်ကန့်သတ်ခံနေရသဖြင့် ဒေသထွက်စပါးများ ကြိတ်ခွဲပြီး ရန်ကုန်မြို့သို့တင်ပို့ရန် အခက်အခဲ ဖြစ်နေကြောင်း ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ထားဝယ်ကနေလည်း ၇ အိတ်ထက်ပိုပြီး နယ်တွေကို သယ်လို့မရဘူး။ နယ်ကနေလည်း ထားဝယ်ကို သယ်လို့ မရဘူး။ တစ်ခါသယ်ရင် ၇ အိတ်သယ်နေလို့ အလုပ်မဖြစ်ဘူး။ ဒါကစီးပွားရေးလုပ်ငန်းလေ” ဟု ဒေသခံ ဆန်ရောင်းဝယ်ရေးသမားတစ်ဦးက ပြောသည်။ ဆန်သယ်ယူခွင့်ကန့်သတ်ခံလာရသဖြင့် ဆန်စက်လုပ်ငန်းရှင်များမှာ ဒေသထွက်စပါးများကို မဝယ်တော့ဘဲ အခြေအနေစောင့်ကြည့်နေကြကြောင်း ပြောဆိုကြသည်။ “ဝယ်ပြီး သိုထားနိုင်တဲ့သူတွေတော့ ဝယ်နေကြတာရှိတယ်။ ကျွန်တော်တို့က သိုထားလို့လည်း အဆင်မပြေ၊ ကြိတ်ခွဲပြီးပို့မယ်ဆိုတော့လည်း သယ်လို့မရဲဘူးဆိုတော့ အခုအနေအထားမှာတော့ စပါးတွေ လိုက်မဝယ်သေးဘဲ […]

ထားဝယ်တွင် ဖျာရက်သည့် ပျော့ပင် ဈေးမရ၊ ခုတ်ရောင်းသူများ တွက်ခြေမကိုက်

diz_admin

November 9, 2022

ထားဝယ်ဒေသတွင် ဖျာရက်လုပ်ရာတွင်အသုံးပြုသည့် ပျော့ပင်ဟုခေါ်သော အပင် ဈေးမရသောကြောင့် ခုတ်ရောင်းကြသူများ တွက်ခြေမကိုက်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ယခင်နှစ်က ပျော့ပင် တစ်သောင်းကို သုံးသောင်းကျပ်ခန့်ပေါက်ဈေးရှိပြီး ယခုနှစ်တွင် အပင် တစ်သောင်းကို တစ်သောင်းခွဲ နှစ်သောင်းခန့်အထိသာ ပေး၍ ‌ မရောင်းဘဲထားထားရကြောင်း လောင်းလုံးမြို့နယ်မှ ပျော့ပင် ခုတ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီဈေးနဲ့တော့ ကျွန်မတို့မရောင်းတော့ဘူး။ မီးပဲရှို့ပစ်တော့မယ်” ဟု ၎င်းက ဆိုသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးမငြိမ်သက်မှုနှင့် အလုပ်အကိုင်ရှားပါးက စားဝတ်နေရေးမပြေလည်မှုတို့ကြောင့် လူငယ်အများစုသည် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ ထွက်ခွာသွားကြသဖြင့် ဖျာရပ်လုပ်ငန်း လုပ်ကိုင်သူလည်း နည်းပါးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဓိက လုပ်မယ့်သူမရှိကြတာပေါ့။ ထိုင်း၊ မလေး ပြန်ခေတ်စားလာကြတာကိုး။ အခုက ရွာမှာကျန်တဲ့ အသက်ကြီးပိုင်းတွေကပဲ လုပ်တော့တယ်” ဟု […]

ပုလောတွင် တိုက်ပွဲကြောင့် ရွာသားများထွက်ပြေးနေရပြီး နေအိမ်အချို့မီးရှို့ခံရဟုဆို

diz_admin

November 9, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာကိုးရွာက ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကဒဲ၊ ပဝတ်ကုန်း၊ သင်္ကန်းတော၊ တို၊ ပိတပ်၊ တန်းရှင်း၊ တပို၊ နန်းတောင်၊ မင်းထိန်စသည့် ကျေးရွာနေပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ပြည်သူများ ထွက်ပြေးနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နှင့် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တို့တွင် တပို၊ တန်းရှင်း၊ တို၊ သင်္ကန်းတော၊ မင်းထိန် စသည့်ကျေးရွာများမှ နေအိမ်ခြောက်လုံးထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ရွာသားအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “စစ်တပ်က ဒီမနက်ပဲ မင်းထိန်ရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီးတော့ ဘုန်းကြီးကျောင်းနံဘေးက […]

ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်းလုပ်ကြံခံရမှုအတွက် ပြည်သူများလမ်းပိတ်ဆန္ဒပြ

diz_admin

November 9, 2022

ဝန်ကြီးချုပ်ဟောင်း အင်ရမ်ခန်း သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သေနတ်ပစ်လုပ်ကြံခံရကာ ခြေသလုံး ကျည်ထိသွားပြီး ဆေးကုသမှုခံနေရချိန် ၎င်းကို ထောက်ခံသူများက မြို့တော် အစ္စလာမ်မာဘတ်တွင် လမ်းများကို ပိတ်ကာ ဆန္ဒပြနေကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဆန္ဒပြပွဲများကြောင့် လမ်းများပိတ်ဆို့ကာ ယာဉ်သွားယာဉ်လာများ ထိခိုက်ခဲ့ပြီး ကျောင်းများ ပိတ်ခဲ့ရကြောင်း သတင်းများက ဖော်ပြထားသည်။ ယခင် ခရစ်ကတ် ကစားသမား အကျော်အမော်ဖြစ်သော အင်ရမ်ခန်း သည် ဧပြီလ အတွင်း ပါလီမန်တွင် အယုံအကြည်မရှိအဆို ရှူံးနိမ့်ရာမှ ဝန်ကြီးချုပ်အဖြစ်မှ ဆင်းခဲ့ရပြီးနောက် ရွေးကောက်ပွဲကို ပြန်လည်ပြုလုပ်ရန် တောင်းဆိုနေခြင်း ဖြစ်သည်။ လမ်းများပိတ်သဖြင့် သွားလာရခက်လာကြောင်း၊ မိသားစုများ ယာဉ်ကြောထဲတွင် ပိတ်မိနေကြောင်း၊ ဆေးရုံကားကိုပင် ပေးမသွားကြောင်း ရဲအရာရှိတစ်ဦးက မီဒီယာကို ပြောကြားခဲ့သည်။ […]

ပုံစံပြောင်းကျင်းပလာကြသည့် တနင်္သာရီတိုင်းက ဘုရားလှည့်ပွဲများ

diz_admin

November 8, 2022

ပုံမှန်ဆိုလျှင် ထားဝယ်တန်ဆောင်တိုင်ပွဲပြီးသည်နှင့် ဘုရားပွဲများ တိုင်းအတွင်း နေရာအနှံ့အပြားတွင် ကျင်းပကြသော်လည်း ယခုနှစ်တွင် မြို့ကြီးအချို့နှင့် ကျေးရွာအနည်းငယ်တွင်သာ ကျင်းပကြတော့သည်။ ကျင်းပသည့်ဒေသတွင်လည်း ယခင်မြင်တွေ့နေကျပုံစံ မဟုတ်တော့ပေ။ ကော့သောင်းမြို့ ဘုရားလှည့်ပွဲတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား သုံးလေးဦး ပါသည့် စစ်ကားတစ်စီးနှင့် အရာရှိများစီးလေ့ရှိသည့် ရဲကားတစ်စီး ဘုရားတန်း၏ ထိပ်ဆုံးတွင် တွေ့ရသည်။ ဘုရားတန်း၏ အလယ်တွင်လည်း ရဲတပ်ဖွဲ့ကားနှစ်စီး၊ ယူနီဖောင်းအပြည့်အစုံဝတ်ထားသည့် ခြေကျင် လမ်းလျှောက် သွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေကြောင်း ဘုရားပွဲတွင်ပါဝင်သူ ကော့သောင်းမြို့ခံအချို့က ပြောသည်။ “စစ်ကားတွေ၊ ရဲကားတွေကတော့ လုံခြုံရေးအနေနဲ့ လိုက်တာပါ။ အရင်ကတော့ ဒါမျိုး‌စစ်ကားတွေ လက်နက်တွေနဲ့ ပါတာမျိုးတော့ မရှိဘူးပေါ့။ ရဲတပ်ဖွဲ့ကတော့ အရင်ကလည်း အမြဲပါနေကျပါ” ဟု ‌ဘုရားလှည့်ပွဲတွင် ပါဝင်သူ ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။ […]

မြိတ်-ထားဝယ်ကားလမ်း ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ထုတ်ပြန်

diz_admin

November 8, 2022

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ပြည်သူ့ကာကွယ်တပ်ရင်း (၁) ပုလောနှင့် မဟာမိတ်တပ်များက ထုတ်ပြန်လိုက်သည်။ မြိတ်-ထားဝယ်ကားလမ်းရှိရာ ပုလောမြို့နယ်၌ ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေပြီး နောက်ထပ်လည်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ယင်းလမ်းကို အသုံးမပြုကြရန် နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ မိဘပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နောက်ထပ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ သွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ပုလောမြို့နယ် မင်းထိန်ရွာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အပြန်အလှန် ထိတွေပစ်ခတ်မှုများ ဖြစ်ခဲ့သည်။ ယနေ့ နံနက်တွင်လည်း ကဒဲ၊ သင်္ကန်းတော၊ နန်းတောင် စသည့် ကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး […]

ထိုင်း ရနောင်းတွင် အလုပ်လုပ်ခွင့်ကတ်လုပ်သော မြန်မာလုပ်သား ၁၀၀ ကျော် ငွေလိမ်ခံရ

diz_admin

November 8, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ပန်းရောင်ကတ်ခေါ် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ် ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကြေးလိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အလိမ်ခံလိုက်ရသော မြန်မာအလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမား အနည်းဆုံး ၁၀၀ ကျော်သည် ဘတ်ကတ်ဟုလည်းခေါ်သည့် ပန်းရောင်ကတ်ကို ပြုလုပ်ရန် မယုဇနထွန်းအမည်ရှိ ပွဲစားနှင့်ချိတ်ဆက်ခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။ မြန်မာအလုပ်သမားများသည် ထိုင်းအစိုးရက တရားဝင်ပြုလုပ်ပေးနေသော ပန်းရောင်ဘတ် ပြုလုပ်ရန်အတွက် လုပ်ငန်းစဉ်အသေးစိတ်ကို မသိရှိကြသဖြင့် မြန်မာနိုင်ငံသား ပွဲစားတစ်ဦးနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားကတ်ပြုလုပ်ရာတွင် လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်းများပြုလုပ်နိုင်ရန်အတွက် မြန်မာအလုပ်သမားများ ထံမှ တစ်ဦးလျှင် ဘတ်ငွေ ၆၀၀၀ မှ ၉၀၀၀ အထိ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထို့ကြောင့် အလုပ်သမားများ ပေးချေထားသည့် ငွေမှာ ဘတ်ခြောက်သိန်းနှင့် ကိုးသိန်းကြားတွင် […]

ရေးမြို့နယ်တွင် ပျောက်ဆုံးနေသည့်မိန်းကလေး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

diz_admin

November 7, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း လူမှုကယ်ရေးအသင်းတို့ထံမှ သိရသည်။ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်မီ သင်္ချိုင်းအနီး ခြုံကြားတွင် ထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံက သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် မဖူးပွင့်ကဗျာက နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် ညပိုင်းအထိ […]