ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဇင်းကျိုက်တွင် နေအိမ်ရှစ်လုံးမီးလောင်၊ မိသားစုဝင် လေးဦးသေဆုံး

diz_admin

November 10, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းက နေအိမ်မီးလောင်ကျွမ်းမှုတွင် မိသားစုဝင် လေးဦးသေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်က ဒေါ်သန်းသန်းခိုင်ဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည့်မီးကြောင့် နေအိမ် ရှစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်သန်းသန်းခိုင်အပါအဝင် မိသားစုဝင်များဖြစ်သည့် မောင်လင်းထွန်း၊ ဒေါ်ခင်စီနှင့် ဆဋ္ဌမတန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မီးထိန်းနိုင်တဲ့အချိန်မှာ အိမ်ရှစ်လုံး၊ စပါးကျီတစ်လုံး လောင်ကျွမ်းသွားတယ်။ မီးက ဒေါ်သန်းသန်ခိုင်အိမ်ကနေ စလောင်တာ၊ အဲဒီအိမ်က လူလေးဦးကတော့ သေဆုံးသွားတယ်” ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုကို ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေနှင့် […]

ထိုင်းသတ္တုတွင်းကုမ္ပဏီနှင့် ဒေသခံတိုင်းရင်းသား ကွမ်းခြံအမှု သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေး ပေးရန် တရားရုံးအမိန့်ချ

diz_admin

November 10, 2022

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာတွင် သတ္တုတူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင်သတ္တုကုမ္ပဏီကြောင့် ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦး၏ ကွမ်းခြံပျက်စီးသည့်အမှုကို ကျပ်သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေးပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်သည်။ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က ကျပ်သိန်း တစ်ထောင်ကျော် လျော်ကြေးပေးရန် တနင်္သာရီတိုင်း တရားလွှတ်တော်က အမိန့်ချထားသည့်အမှုကို စစ်ကောင်စီလက်ထက်တွင်မှု ကျပ်သိန်းရာဂဏန်းသာ လျော်ကြေး ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ “အခုက စားဝတ်နေရေးကလည်း အရမ်းအခက်အခဲဖြစ်နေရတာနဲ့၊ ပြေးနေရတာနဲ့ (စစ်ဘေးရှောင်နေရတာနဲ့) ဆိုတော့ ရသမျှပဲ လက်ခံလိုက်ရတာပေါ့” ဟု ကာယကံရှင် ကရင်တိုင်းရင်းသား ဖထီးစောဒါးရွှေက ပြောသည်။ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် သတ္တုတူးဖော်ရေးကုမ္ပဏီ (MPC) ၏ စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျော်ကြေးငွေရလိုကြောင်း ကရင်တိုင်းရင်းသားစောဒါးရွှေက ထားဝယ်ခရိုင်တရားရုံးတွင် ၂၀၁၅ ခုနှစ်က တရားစွဲခဲ့သည်။ […]

ပုလောတွင် အဖမ်းခံ ရွာသား ၃၀ကျော်ပြန်လွတ်ပြီး ၂၀ကျော် မလွတ်သေး၊ တိုက်ပွဲပြင်းထန်နေ

diz_admin

November 10, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရွာသား ၃၀ကျော် ပြန်လွတ်လာပြီး ပိတပ်ကျေးရွာသား ၂၀ ကျော်မှာ လွတ်မြောက်လာခြင်း မရှိသေးကြာင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတို့က ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က နံနက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာတွင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ရွာသား ၃၀ ကျော်အား ညဦးပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။ “ရွာကဘုန်းကြီးပဲ လိုက်ပြီးသွားခေါ်လာပေးတယ်။ အယောက် ၃၀ ကျော်လောက်ရှိတယ်” ဟု မင်းထိန်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြန်လွတ်လာသူများမှာ မင်းထိန်၊ ပဝတ်ဖျားနှင့် စစ်ကြောင်းထိုးရာ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ပိတပ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၄ […]

ဗြိတိန် ချားလ်စ်ဘုရင်ကို ကြက်ဥများဖြင့် ပိတ်ပေါက်သည့် ကျောင်းသား အဖမ်းခံရ

diz_admin

November 10, 2022

ယော့ခ်မြို့သို့ လာရောက်သော ဘုရင်နှင့် မိဖုရား တို့ကို ကြက်ဥများဖြင့် ပိတ်ပေါက်သဖြင့် အမျိုးသားတစ်ဦး အဖမ်းခံလိုက်ရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ ယော့ခ် သို့ လာရောက်သည့် ဘုရင်နှင့်မိဖုရား တို့ကို မြို့သူမြို့သားများက ရိုးရာအစဉ်အလာအတိုင်း စုရုံးကြိုဆို နေကြစဉ် ဆန္ဒပြသူတစ်ဦးက ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၃) နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်းကို ရဲများက ထိန်းချုပ်နေစဉ် “ဒီတိုင်းပြည်က ကျွန်တွေရဲ့ သွေးနဲ့ တည်ဆောက်ထားတာကွ” ဟု ၎င်းက ဟစ်အော်ခဲ့သည်။ ယော့ခ်တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်သော အဆိုပါ လူငယ်ကို ရဲတပ်ဖွဲ့က အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ဆောင်မှုဖြင့် ဖမ်းထားဆဲဖြစ်သည်။ လူအုပ်ကြီးက “ဘုရင်ကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေ” ဟု ပြန်အော်ကြပြီး “မင်းက ရှက်စရာပဲ” ဟုလည်း […]

စားအုန်းဆီ သက်သက်သာသာရဖို့ အလုအယက် ဝယ်ကြရ

diz_admin

November 10, 2022

ထားဝယ်မြို့တွင် စားအုန်းဆီ တစ်ပိသာ ၄၆၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသောကြောင့် ဒေသခံပြည်သူများလာရောက် ဝယ်ယူလျက်ရှိသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ကမြင်တွေ့ရစဉ်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ရောင်းချခြင်းဖြစ်ပြီး ပြင်ပစျေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၇၅၀၀ ဝန်းကျင်ခန့်ရှိသည်။

စာရေးဆရာ အကြည်တော်ကွယ်လွန်

diz_admin

November 9, 2022

စာဖတ်သူများကို ပြုံးပျော်စေခဲ့သူ စာရေးဆရာ အကြည်တော်သည် ရန်ကုန် ပင်လုံဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် ယနေ့ နိုဝင်ဘာလ ၉ ရက် ည ၈နာရီခွဲ ဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ အစာအိမ်ပြွန်ကင်ဆာရောဂါကြောင့် ထိုင်းတွင် သွားရောက်ဆေးကုသခဲ့ပြီးနောက် မြန်မာနိုင်ငံ ဆက်လက်ကုသနေစဉ် အောက်တိုဘာလ ၁၃ ရက်တွင် ရှော့ခ်ဖြစ်ကာ ရုတ်တရက်သတိမေ့မျောသဖြင့် ပင်လုံဆေးရုံတွင် အရေးယူ ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။ စာရေးဆရာ အကြည်တော်သည် ဟာသစာပေဖြင့် အလွန်အောင်မြင်ပြီး လူချစ်လူခင်များသူဖြစ်သည်။ ၎င်းရေးသားခဲ့သည့် ဝတ္ထု အများအပြားကို ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးရာတွင်လည်း အောင်မြင်ခဲ့သည်။ ကဗျာကို ဂီတသံစဉ်နှင့် ပေါင်းစပ်ကာ ကိုယ်တိုင်ရွတ်ဆိုခဲ့သည့် “ကဗျာဂီတ” အယ်လ်ဘမ်ကိုလည်း မကွယ်လွန်ခင်က ထုတ်ဝေခဲ့သည်။

ပုလော ထမင်းမစားရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်

diz_admin

November 9, 2022

ပုလောမြို့နယ်၊ ထမင်းမစားရွာအနီးတွင် ယနေ့ ညနေပိုင်းက ဗိုလ်ခေါင်းဖြူတပ်ဟု ခေါ်သည့် ကရင်ပြည်သူ့ ကာကွယ်ရေးတပ် (K-PDF) နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း K-PDF က ထုတ်ပြန်သည်။ ထမင်းမစားရွာနှင့် နန်းပရုပ်ရွာကြား လမ်းကင်းလာယူသည့် စစ်ကောင်စီတပ်အား ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ဗိုလ်ခေါင်းဖြူစစ်ကြောင်းမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့လည်း ညနေက အဲဒီရွာဖက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြားရတယ်” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကရင်ပြည်သူ့ကာကွယ်ရေးတပ် (K-PDF) နှင့် ပျူစောထီးတို့ ပူးပေါင်းပါဝင်သည့် […]

ထားဝယ်မြို့ ကျန်းမာရေးလမ်းပေါ်တွင် အမျိုးသားရုပ်အလောင်းတွေ့

diz_admin

November 9, 2022

ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက် ကျန်းမာရေးလမ်းတွင် ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသူဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၆၆ နှစ်အရွယ်ရှိ ကြက်စားပြင်ရပ်ကွပ်သား ဦးကြည်လွင်ဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနက် ငါးနာရီကျော်လောက်ရှိမယ်။ ကျန်းမာရေးလမ်းက တံတားဖြူ အကျော်လေးမှာ တွေ့ရတယ်”၎င်းကဒေသခံက ဆိုသည်။ လမ်းဘေးတွင် ဦးခေါင်းသေနတ် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျှက်တွေ့ရပြီး ဦးကြည်လွင်၏ မျက်လုံးကို အဝတ်ဖြင့် ပိတ်ထားကြောင်း လမ်းသွားလမ်းလာစဉ် မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။ ၎င်းနှင့် အခြားအမျိုးသားတစ်ဦးတို့ကို နိုဝင်ဘာလ ၈ရက်နေ့ညက လူတစ်စုက လာရောက်ဖမ်းခေါ်သွားသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ ဦးကြည်လွင်၏ ဇနီးဖြစ်သူ ဒေါ်ညွန့်လှိုင်ဆိုသူမှာလည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ […]