ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် သီဟိုဠ်စေ့ စျေးမရသဖြင့် တောင်သူများ အခက်တွေ့

Dawei Watch

February 26, 2026

တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာနေသည့် ကျေးရွာအချို့တွင် သီဟိုဠ်စေ့ စျေးကောင်းမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သီဟိုဠ်ပင်အဓိက စိုက်ပျိုးသည့် ကျေးရွာများမှ ဒေသခံတောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က စျေးကောင်းရသော်လည်း ယခုနှစ်တွင် စျေးကျနေကြောင်း တောင်သူများထံမှ သိရသည်။ သီဟိုဠ်စေ့ တစ်ပိဿာလျှင် ပြီးခဲ့သည့်နှစ်တွင် အနိမ့်ဆုံးစျေး ၆၅၀၀ ကျပ် ပေါက်စျေးရှိသော်လည်း ယခုနှစ်တွင် ၄၅၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြားတွင်သာ စျေးရှိကြောင်း ဒေသခံများက ဆိုသည်။ “စျေးကျတော့ စားဝတ်နေ‌ရေးအတွက် ပိုပင်ပန်း (ခက်ခဲ) လာတယ်။ အရင်က ခရုစေ့ (သီဟိုဠ်စေ့) ပေါ်ချိန်ဆို ဝမ်းသာ နေရတယ်။ ကုန်စျေးနှုန်းကတက်ပြီး ဒေသထွက်ကုန်တွေက စျေးကျနေရင် ပိုပင်ပန်းတာပေါ့” ဟု ချောင်းလမုရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။ သီဟိုဠ်စေ့များကို ဝယ်သူများသည် ကျေးရွာများမှတစ်ဆင့် မြိတ်သို့ […]

အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် ကာကွယ်ပြောဆို

Dawei Watch

February 26, 2026

ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသော်လည်း အစ္စရေး၏ ဂါဇာစစ်ပွဲကို အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကာကွယ်ပြောဆိုသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အစ္စရေးဘက်မှ ယုံကြည်ချက်အပြည့်အဝဖြင့် ရပ်တည်ကြောင်း ဝန်ကြီးချုပ်မိုဒီက အစ္စရေးပါလီမန်၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ အိန္ဒိယခေါင်းဆောင်တစ်ဦးက အစ္စရေးပါလီမန်၌ ပထမဆုံး မိန့်ခွန်းပြောကြားခြင်း ဖြစ်ပြီး အစ္စရေးအပေါ် အိန္ဒိယ၏ ကာလရှည်ထောက်ခံမှုကို အလေးပေးပြောဆိုခဲ့သည်။ “အိန္ဒိယဟာ အစ္စရေးဘက်က အခုအချိန်မှာရော နောင်အနာဂတ်ကာလမှာရော ခိုင်ခိုင်မာမာ ယုံကြည်ချက်အပြည့်နဲ့ ရပ်တည်သွားမှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးအပေါ် ဟားမတ်စ်၏ တိုက်ခိုက်မှုကို အရိုင်းအစိုင်း လုပ်ရပ်အဖြစ် ၎င်းက အပြစ်တင်ရှုတ်ချခဲ့သည်။ အရပ်သားများကို သတ်ဖြတ်ခြင်းအတွက် မည်သည့်အကြောင်းပြချက်ကမျှ […]

တရားမဝင်လာသော မြန်မာများလိုက်ပါသည့်ကား မောင်းပြေး၍ ထိုင်းရဲလိုက်ဖမ်းချိန် တိမ်းမှောက်၊ ၂၀ ကျော်ဒဏ်ရာရ

Dawei Watch

February 26, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာနိုင်ငံသား ၂၀ ကျော် ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၇ နာရီခန့်တွင် ကန်ချနဘူရီမြို့ ဝမ်ဒွန်းဒေသ အမြန်လမ်းပေါ်တွင် ကားတိမ်းမှောက် ခဲ့ခြင်းဖြစ်သည်။ ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေစဉ် ကားအနောက်ပိုင်းကို တာလပါတ်ဖြင့် ဖုံး၍ မောင်းလာသော မသင်္ကာဖွယ်ရာ ပစ်ကပ်ကားကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ဖမ်းဆီးစဉ် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးသို့ တိမ်းမှောက်ခဲ့ကြောင်း ဆိုသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၆၀ ကျော် လိုက်ပါလာပြီး ကားတိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသား ၂၃ […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ပစ်ခတ်သဖြင့် ကားသမားတစ်ဦးသေဆုံးပြီး အရပ်သားငါးဦးဒဏ်ရာရ

Dawei Watch

February 25, 2026

သရက်ချောင်းမြို့နယ်အထက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်မောင်းတစ်ဦးသေဆုံးပြီး အရပ်သား ငါးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါလမ်းရှိ ပိန်းတော၊ ပန်းပြင်၊ မဲနယ်အိုး၊ သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်ရွာများကို စစ်အာဏာရှင်တပ် က ဖေဖော်ဝါရီလ ၂၃ရက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပိန်းတောရွာ မှန်ကျောင်း ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်ဖွဲ့သည် ကြက်စာတင်ဆောင်လာသည့် ၆ ဘီးတပ်ကားတစ်စီးကို ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းနေရာမှာပင် သေဆုံးပြီး ယာဉ်နောက်လိုက်နှစ်ဦးဒဏ်ရာရကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အဲဒီနေ့က ကားသုံးစီးဆင်းလာတယ်။ စစ်သားတွေက မှန်ကျောင်းရှေ့ကနေ ထွက်တားတယ်။ ရှေ့ကားက […]

စစ်အုပ်စု လွှမ်းမိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်ကို စတင်ခေါ်ယူရန်လုပ်ဆောင်

Dawei Watch

February 25, 2026

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြီးနောက် လွှတ်တော်အသီးသီး ခေါ်ယူမည့်ရက်များကို ကြေညာခဲ့ရာ တနင်္သာရီတိုင်းတွင်လည်း လွှတ်တော်ခေါ်ယူနိုင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း စစ်ကော်မရှင်၏ ဝါဒဖြန့်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။ တတိယအကြိမ် တိုင်းလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး၌ တိုင်းစစ်ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ဝန်ထမ်းအချို့က ပြုလုပ်ခဲ့ကြသည်။ ယင်းအစည်းအဝေး၌ တိုင်းလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က လွှတ်တော်ရုံးအဆောက်အအုံ၊ လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင်၊ အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမနှင့် ဧည့်ခန်းမများ ပြင်ဆင်ထားရှိမှု အခြေအနေများကို တင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း တိုင်းလွှတ်တော်အဆောက်အအုံသို့ တိုင်းစစ်ကော်မရှင် ဝန်ကြီးချုပ် ဦးမြတ်ကို ကိုယ်တိုင်သွားရောက်၍ ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ စစ်ကော်မရှင်သည် တိုင်းနှင့် […]

ထိုင်းတောင်ပိုင်းတွင် ဝေဒီဒေသခံ သားအမိနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံး

Dawei Watch

February 25, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်၊ စဝီမြို့တွင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာ ဒေသခံ သားအမိနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးကြောင်း မေတ္တာရှေ့ထားစေတနာပွား နာရေးကူညီမှုအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီခန့်က မိသားစုဝင် လေးဦးသည် ဘုရားကြီးပွဲက ဆိုင်ကယ်စီးပြီး ပြန်လာစဉ် ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။ ကားတိုက်ခံရမှုကြောင့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန္ဒာမြင့်နှင့် အသက် ၉ နှစ်အရွယ် သားဖြစ်သူ မောင်နိုင်ရဲလင်းတို့ အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ “အလောင်းကိုတော့ မိုးလင်းမှ ဆေးရုံကားနဲ့ သယ်ဆောင်လာပါတယ်” ဟု မေတ္တာရှေ့ထားစေတနာပွား နာရေးကူညီမှုအသင်း၏ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ နောက်ထပ် ကားတိုက်ခံရမှုကြောင့် အဖေဖြစ်သူနှင့် သမီးဖြစ်သူတို့ […]

ဘန်ကောက်အနီး မြန်မာနိုင်ငံကူးလက်မှတ်အတု လုပ်သည့်နေအိမ်ကို ထိုင်းရဲဝင်စီး၊ မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

February 25, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံကူးလက်မှတ်အတုနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အတုများကို ပြုလုပ်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နွန်ထဘူရီခရိုင် ဘန်းဘိုဝါဒေသရှိ နေအိမ်နှစ်ဆောင်ကို ရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်စီးနင်းရှာဖွေစဉ် ကိုမင်းအမည်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ နေအိမ်ထဲကို ဖေဖော်ဝါရီလ ၂၀ ရက်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သည့် စက်ပစ္စည်း ၆၆ မျိုး၊ နိုင်ငံကူးလက်မှတ်အတု ၃၀ ကျော်၊ ထိုင်းနှင့် မြန်မာလဝက ပြည်ဝင်ခွင့်တုံးအတု ၁၆ ခု၊ ကား၊ ဆိုင်ကယ်နှင့် ဘတ်နှစ်သန်းကျော် လည်ပတ်နေသော ဘဏ်စာအုပ်များကိုလည်း တွေ့ရှိခဲ့ သဖြင့် […]

ကန်ချနဘူရီတွင် တရားမဝင် လာသော မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

Dawei Watch

February 25, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၄ ရက်က ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် အနက်ရောင်ပစ်ကပ်ကားတစ်စီး အမြန်မောင်းလာသဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးခဲ့သောအခါ ကန်ချနဘူရီမြို့ နော့ဘိုဝါဒေသတွင် ပစ်ကပ်ကားကို လမ်းဘေးသို့ ရပ်တန့်နိုင်ခဲ့ကြောင်း ဆိုသည်။ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၆ ဦးသည် ကားအတွင်းနှင့် ကားနောက်ပိုင်းတွင် အိပ်လျက်အနေအထားဖြင့် လိုက်ပါလာကြောင်း ဖော်ပြသည်။ အားလုံးကို စစ်ဆေးရာ နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းဒေသမှတစ်ဆင့် […]