ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်းက ရွာအချို့တွင် ဖုန်းပြောခွင့် KNU တင်းတင်းကျပ်ကျပ်ပိတ်ပင်၊ မလွှဲမရှောင်သာ ပိတ်ရသည်ဟု KNU ပြော

Dawei Watch

March 6, 2026

စစ်အာဏာရှင်တပ်နှင့် KNU ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် KNU က ဖုန်းပြောဆိုခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည့် ဝင်းဝရဲစခန်းနှင့် ၇ မိုင်ခန့်အကွာ ကျွဲမင်းကုန်းရွာနှင့် ကနက်သီရိကျေးရွာ တို့တွင် ပိတ်ပင်ထားကြောင်း အဝေးရောက်နေသည့် ကနက်သီရိရွာခံ လူငယ်တစ်ဦးက ပြောသည်။ ထို့အပြင် အခြားကျေးရွာများတွင်လည်း အလားတူ ပိတ်ပင်ထားနိုင်ကြောင်း ၎င်းက ဆိုသည်။ “ဖုန်းလိုင်းက နေရာတိုင်းမမိဘူး။ ရွာပြင်ထွက်ပြီး ဖုန်းလိုင်းရတဲ့ နေရာတွေမှာ သွားသွားပြောရတာ၊ အဲဒါကို KNU က ဖုန်းမပြောရဘူးဆိုပြီး လိုက်လိုက်ပိတ်နေတာ။ အိမ်ကလူတွေနဲ့ လုံးဝအဆက်အသွယ်မရတာ ဆယ်ရက်လောက်ရှိနေပြီ” ဟု အထက်ပါလူငယ်က ပြောဆိုသည်။ ဒေသခံများအား ဖုန်းပြောဆိုခွင့်မပြုကြောင်း ကြေညာထားသည့် ဆိုင်းဘုတ်များ KNU လက်အောက်ခံ […]

ထားဝယ်မြို့တွင် သံဃာတော်များ ဒုတိယအကြိမ်မြောက် မြို့ပတ် ပရိတ်ရွတ်မည်

Dawei Watch

March 6, 2026

ထားဝယ်မြို့တွင် မတ်လ ၈ရက် တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး သံဃာတော်များသည် မြို့တွင်းလှည့်လည်ပြီး ပရိတ်ရွတ်ဖတ် ပူဇော်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။ မြို့တွင်းလှည့်လည်ရာတွင် ဗုဒ္ဓရုပ်ပွားတော်များ တင်ဆောင်သည့်ကား၊ ပရိတ်ရေအိုး တင်ဆောင်သည့်ကားနှင့် ပရိတ်ရွတ်ဖတ်သည့် သံဃာတော်များကို တင်ဆောင်မည့်ကား အပါအဝင် ကား ၂၁စီးခန့်သည် ညနေ ၃ နာရီမှစ၍ ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ထားဝယ်မြို့တွင်း နှစ်ကျိတ်ရှစ်ဆူဘုရားများ လှည့်လည်သည့် လမ်းကြောင်းများအတိုင်း ပရိတ်ရွတ်ဖတ်ပြီး ည ၉ နာရီတွင် ရွှေတောင်စားလမ်းအတိုင်း ဝင်ရောက်ကာ ဇေတဝန်ဘုန်းတော်ကြီးကျောင်းတွင် အဆုံးသတ်မည်ဖြစ်ကြောင်း ဦဆောင်စီစဉ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။ “အခုက ဒုတိယအကြိမ်ဖြစ်တယ်ပေါ့နော်။ အစဉ်အလာ တစ်ခုအနေနဲ့ ဖြစ်သွားရအောင် မြို့ခံပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး စီစဉ်ခဲ့တာပါ” ဟု ၎င်းက […]

မလေးရှားသွားရန် ပွဲစားကို ဘတ်တစ်သိန်းပေးပြီးလာသော မြန်မာ ၂၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

Dawei Watch

March 6, 2026

မလေးရှားသို့သွားရန် ဘတ်တစ်သိန်းအထိ အကုန်အကျခံ၍ ဝင်လာသော ကလေးငါးဦးအပါအဝင် မြန်မာနိုင်ငံသား ၂၁ ဦးသည် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနက ဖော်ပြချက်နှင့် အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တို့အရ သိရသည်။ မတ်လ ၅ ရက်က ကန်ချနဘူရီမြို့ ဘန်ကောင်ဒေသတွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာ ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။ ယင်းအချိန် အခြားကားတစ်စီးက ကြားဝင်နှောက်ယှက်ပြီး ရပ်နားခဲ့သဖြင့် ပစ်ကပ်ကားသည် မောင်းပြေးသွားခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့က နောက်ကလိုက်လံဖမ်းဆီးချိန် ကားကို လမ်းဘေးရှိ အိမ်နံဘေးတွင် ရပ်နား၍ စွန့်ပစ်ထားခဲ့သည်ကို တွေ့ရပြီး ကားသမားက ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ကားထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးနှင့်အတူ ကလေးငယ်ငါးဦး လိုက်ပါလာသည်ကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် […]

ဆောင်းဘောက်တင်ကား ဓာတ်လိုက်ပြီး လူငယ်နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

Dawei Watch

March 6, 2026

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကမ်းကြီးဆိပ်ရွာတွင် ဆောင်းဘောက်များ တင်ဆောင်ထားသည့်ကား ဓာတ်လိုက်ပြီး ကားပေါ် လိုက်ပါလာသည့် လူငယ်နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရကြောင်း နီးစပ်သည့်ဒေသခံများထံမှ သိရသည်။ မတ်လ ၄ ရက် နံနက်ပိုင်းက ကမ်းကြီးဆိပ်ရွာတွင် ရှင်လောင်းလှည့်ချိန် ဆောင်းဘောက်များ တင်ဆောင်ထားသည့် ကားသည် လျှပ်စစ်ဓာတ်ကြိုးနှင့် မလွတ်သဖြင့် ကားပေါ်လိုက်ပါလာသည့် လူငယ်တစ်ဦးက ဓာတ်ကြိုးကို မကိုင်လိုက်ရာမှ ကားတစ်စီးလုံး ဓာတ်လိုက်ကြောင်း ၎င်းတို့က ပြောသည်။ ဓာတ်လိုက်မှုကြောင့် လူငယ်နှစ်ဦးသည် ကားပေါ်တွင်ပင် သေဆုံးပြီး ဆောင်းဘောက်ပိုင်ရှင် ကားသမားအပါအဝင် လူ လေးဦး အပြင်းအထန်ဒဏ်ရာရကြောင်း နီးစပ်သည့် ဒေသခံများက ဆိုသည်။ ဆောင်းဘောက်ယာဉ်သည် ကျိုက်ထိုမြို့နယ် စွပ္ပနူးကျေးရွာကဖြစ်ပြီး ကမ်းကြီးဆိပ်ရွာ ရှင်ပြုအိမ်အတွက် အငှားလိုက်နေခြင်းဖြစ်ကြောင်း စွပ္ပနူးကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။ “ကားက မီးကြိုးနဲ့ မလွတ်တော့ […]

ထိုင်းက ၉၅ ရက်စာ လောင်စာဆီ ဖူလုံမှုရှိမည်ဟုဆို၊ မြန်မာနှင့် လာအိုကို ဆီဆက်ရောင်းပေးမည်

Dawei Watch

March 6, 2026

ထိုင်းနိုင်ငံတွင် ၉၅ ရက်စာအထိ လောင်စာဆီ ဖူလုံမှု ရှိမည်ဖြစ်ပြီး မြန်မာနှင့် လာအိုတို့ကို လောင်စာဆီ ဆက်ရောင်းပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများ မဟုတ်သော အမေရိကန်ပြည်ထောင်စု၊ မလေးရှားနှင့် တောင်အာဖရိကနိုင်ငံများမှ လောင်စာဆီတင်သွင်းရန် သဘောတူညီမှုရရှိပြီးဖြစ်၍ ထိုင်းနိုင်ငံထဲ လောင်စာဆီသည် ၉၅ ရက်စာအထိ ဖူလုံလာမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး Auttapol Rerkpiboon က မတ်လ ၅ ရက်နေ့က ပြောသည်။ နိုင်ငံထဲတွင် မူလက ရက် ၆၀ စာ လောင်စာဆီဖူလုံမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ၆၅ ရက်စာအထိ ဖူလုံမှုရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဝီရကူနှင့် ပြုလုပ်သော စွမ်းအင်ဆိုင်ရာ အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးက ပြောသည်။ နောက်ထပ် အရှေ့အလယ်ပိုင်းနိုင်ငံများမဟုတ်သော နိုင်ငံများမှ ရက် ၃၀ […]

ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ နုတ်ထွက်ရန် အင်ဒိုနီးရှားကို အရပ်ဖက်အဖွဲ့များ ဖိအားပေး

Dawei Watch

March 6, 2026

ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)တွင် အင်ဒိုနီးရှားအစိုးရ ပါဝင်နေမှုကို ပြန်လည်သုံးသပ်ရုတ်သိမ်းရန် နိုင်ငံအတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ ၊ ပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းတောင်းဆိုလျက် ရှိသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်အကြား လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အင်ဒိုနီးရှားအစိုးရအပေါ် ယင်းသို့ တိုက်တွန်းတောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ အင်ဒိုနီးရှား အူလမာကောင်စီ (MUI) သည် လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲစတင်ချိန်ကတည်းက ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(BoP)မှ အင်ဒိုနီးရှားအစိုးရ နုတ်ထွက်ရန် အစောဆုံး တောင်းဆိုခဲ့သည့် အဖွဲ့အစည်းများတွင် ပါဝင်သည်။ ပါလက်စတိုင်းအတွက် စစ်မှန်သည့် လွတ်လပ်ရေးကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိဟု ယူဆရသည့်အတွက် ယင်းဘုတ်အဖွဲ့မှ နုတ်ထွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အင်ဒိုနီးရှား အူလမာကောင်စီ (MUI) က တနင်္ဂနွေနေ့က […]

တနင်္သာရီ ခြောက်မိုင်ရွာသို့ ရောက်နေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

Dawei Watch

March 6, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပြောဆိုချက်နှင့် မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တို့ အရ သိရသည်။ ခြောက်မိုင်ရွာ ဘုန်းကြီးကျောင်းတွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မတ်လ ၄ ရက် ညနေ ၃နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်က အရာရှိအပါအဝင် လေးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က သုံးဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်ထံမှ သေနတ်နှစ်လက်ကိုလည်း သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားကို တွေ့ရသည်။ စစ်အာဏာရှင်တပ်ဘက်က သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ စစ်အာဏာရှင်တပ်သားများသည် မတ်လ ၄ရက် […]

မြိတ်တွင် အုန်းသားခြောက် ဈေးထက်ဝက်ကျ

Dawei Watch

March 5, 2026

မြိတ်မြို့တွင် အုန်းသားခြောက်ဈေး ထက်ဝက်ကျနေပြီး တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက် နေကြောင်း အုန်းသားခြောက်လုပ်နေသူများထံမှ သိရသည်။ အုန်းဆီပြုလုပ်ရာတွင် အသုံးပြုသည့် အုန်းသားခြောက် တစ်ပိဿာဈေးနှုန်းမှာ ယမန်နှစ်က ကျပ်နှစ်သောင်းဝန်းကျင် ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မြိတ်-ထားဝယ်လမ်းတွင် တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် သယ်ယူရခက်ခဲနေသဖြင့် အုန်းသားခြောက် ဈေးကျနေခြင်းဖြစ်ကြောင်း မြိတ်မြို့တွင် အုန်းသားခြောက်လုပ်နေသူတစ်ဦးက ဆိုသည်။ မြိတ်မြို့တွင် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် လေးထောင်အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ၁၅၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိတော့ကြောင်းအုန်းသီးကုန်သည်အချို့ထံမှ သိရသည်။ “အုန်းသီးဈေးတွေ ပြန်ကျသွားတော့ အုန်းသားခြောက်ဈေးလည်း ပြန်ကျလာတယ်ဗျ။ အရင်က လှန်းထားတဲ့ဟာတွေ ဈေးကောင်း မရတော့ဘူး။ ရန်ကုန်ကို ပို့မယ်လုပ်ထားတာ ကားလမ်းပိတ်နေတာနဲ့ ဈေးကျတာနဲ့ […]