ရွေးကောက်ပွဲအကြိုနေ့ တနင်္သာရီတွင် ရွာများကို စစ်အာဏာရှင်တပ် မီးရှို့၊ ခြံလေးခြံနှင့် အိမ်တစ်ဆောင်ပျက်စီး
Dawei Watch
January 12, 2026တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ကျေးရွာသုံးရွာရှိ ရာဘာခြံ၊ ကွမ်းခြံနှင့် နေအိမ်တစ်ဆောင်တို့ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ရွေးကောက်ပွဲ အကြိုနေ့ ဇန်နဝါရီလ ၁၀ရက် နံနက် ၁၁နာရီခွဲတွင် ဘန်းလမွတ်ရွာမှ စစ်အာဏာရှင်တပ် ခြေလျင် စစ်ကြောင်းနှစ်ကြောင်းက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြောသည်။ ဘန်းလမွတ်ရွာတွင် ရော်ဘာခြံတစ်ခြံ၊ ပနပ်ငယ်ရွာတွင် ရော်ဘာခြံတစ်ခြံ၊ ပနပ်ငယ်ရွာထဲတွင် ပါဝင်သည့် ဒေသအခေါ် လယ်ဦးရွာ အလုပ်စခန်းနေရာတွင် ရော်ဘာခြံတစ်ခြံ၊ ကွမ်းခြံတစ်ခြံနှင့် အိမ်ဆောက်ရန် စုထားသည့် သစ်ခွဲသား ၂တန်၊ ရမ်းဖိုရွာတွင် တစ်ထပ်တိုက် အိမ်တစ်ဆောင်တို့ကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။ “မီးရှို့ခံရထဲမှာ ဘန်းလမွတ်ရွာက ကော်ပတ်တော (ရော်ဘာခြံ) က အများဆုံး လောင်သွားတယ်။ နွေရာသီ သစ်ရွက်ကြွေချိန် ဖြစ်နေတော့ […]


