တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ် လေးပေကျော်နေပြီး ရပ်ကွက်အချို့ ရေကြီး
Dawei Watch
July 26, 2024မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် လေးပေကျော် ရောက်ရှိနေပြီး ရပ်ကွက်အချို့တွင် ရေကြီးရေလျှံနေကြောင်း မြို့ခံများက ပြောသည်။ မိုးသည်းထန်မှုကြောင့် ဇူလိုင်လ ၂၁ ရက်စ၍ ရေတက်နေခြင်းပြီး ၂၄ ရက်တွင် တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၇ ပေကို ကျော်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စိုးရိမ်ရေအမှတ်ကျော်လွန်ချိန်တွင် တနင်္သာရီမြို့အတွင်း လမ်းမများနှင့် နေအိမ်အချို့ကို ရေစတင်ဝင်ရောက်ကြောင်း မြို့ခံတို့က ပြောဆိုသည်။ လက်ရှိတွင် မြစ်ရေသည် ၂၁ ပေ ကျော်သို့ ရောက်ရှိနေပြီး ရေဆက်တက်နေသဖြင့် အန္တရာယ်ရေအမှတ် ၂၄ ပေသို့ ရောက်ရှိရန် နှစ်ပေ စွန်းစွန်းသာ လိုတော့ကြောင်း တနင်္သာရီမြို့ခံတို့က ပြောသည်။ မြစ်ရေတက်မှုကြောင့် မြို့တွင်းရပ်ကွက်အချို့တွင် ခြေသလုံးကျော်ကျော် ရေတက်နေပြီး ရွှေလိပ်ပြာနှင့် မွန်စုစသည့် မြစ်နှင့်နီးသည့် ရပ်ကွက်များတွင် ရေဝင်ရောက်မှုပိုများကြောင်း […]


