သဲဖြူရွာအနီးရှိ စစ်ဘေးရှောင် ၁,၅၀၀ ခန့်အတွက် ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
Dawei Watch
January 21, 2026တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းတွင် ကာလရှည်တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် သဲဖြူရွာဝန်းကျင်တွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၁,၅၀၀ ဝန်းကျင်မှာ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ သိန်ခွန်းရွာရှိ စစ်အာဏာရှင်တပ်သားများ သဲဖြူရွာသို့ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သဲဖြူရွာမှ ဒေသခံများ စစ်ဘေးရှောင်နေရသည်မှာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။ စစ်ဘေးရှောင်များသည် စပါးရိတ်သိမ်းချိန်တွင် မရိတ်သိမ်းရဘဲ တိမ်းရှောင်ခဲ့ရသဖြင့် စားနပ်ရိက္ခာအတွက် ဆန်ကိုသာ အဓိကအားထားနေရပြီး ကျန်သည့် အခြေခံစားသောက်ကုန်များ မရှိတော့ကြောင်း ၎င်းကပြောသည်။ “ဆန်ရှိရင်ရပြီ ဆိုတဲ့စကားကို ကြားဖူးတယ်လေ့နော်။ အဲ့တော့ တစ်ခြားပစ္စည်းတွေ အခြေခံစားသောက်ကုန်တွေကို ညီမျှအောင် ပိုက်ဆံတွေကို သူများလှူလိုက်ရင်တောင်မှ သူတို့မဝယ်တော့ပဲ ဆန်တစ်မျိုးပဲဝယ်တဲ့ ပြဿနာတွေရှိလာတယ်” ဟု အထက်ပါ […]


