BREAKING
November 1, 2025

မြိတ်

မြစ်ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေ အနည်းငယ်ပြန်ကျ

Dawei Watch

August 1, 2024

ရေစံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် ယနေ့ ဩဂုတ်လ ၁ရက် နံနက်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်ကျလာကြောင်း တနင်္သာရီဒေသခံများထံမှ သိရသည်။ တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ရက် နံနက်က ၃၁ ပေကျော်အထိ မြင့်တက်လာခဲ့ပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာဒါဇင်ပေါင်းများစွာ ရေကြီးရေလျှံခဲ့သည်။ အဆိုပါစံချိန်မှာ ၁၉၉၄နောက်ပိုင်း အမြင့်ဆုံးအထိ မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ နံနက်တွင် ၁ ပေခန့်ပြန်ကျလာကြောင်း တနင်္သာရီမြို့ခံတစ်ဦးက ဆိုသည်။ တနင်္သာရီမြစ်ရေ၏ အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ပြီး လက်ရှိတွင် အန္တရာယ်ရေအမှတ်အထက် ငါးပေကျော်တွင် ရှိနေဆဲဖြစ်သည်။ မြစ်ရေအနည်းငယ် ပြန်ကျသဖြင့် ဩဂုတ်လ ၁ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၂၉ ပေ ၁၁ လက်မသာ ရှိတော့ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် တကူ၊ ညောင်ပင်ကွင်း၊ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာအုပ်စုတွင် ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားအဖြစ်များလာ

Dawei Watch

August 1, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ရေဘေးသင့်ပြည်သူများ အူရောင်ငန်းဖျားရောဂါအဖြစ်များနေကြောင်း ရေဘေးသင့် ‌ပြည်သူများ၊ ကျန်းမာရေးနှင့် ကူညီကယ်ရေးလုပ်ပေးနေသူများထံမှ သိရသည်။ အူရောင်ငန်းဖျားနှင့် ဆက်စပ်ရောဂါများမှာ ကလေးအရွယ်မှစပြီး လူကြီးပိုင်းအထိ အဖြစ်များနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးနေသည့် ဒေသခံအမျိုးသားက ပြောသည်။ ယခုလက်ရှိတွင် ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦး၏ စာရင်းအရ ၁၅ဦးအထိဖြစ်ပွားနေပြီး မြေပြင်တွင် ယင်းထက်ပိုများ နေနိုင်ကြောင်း ၎င်းက ဆိုသည်။ “အူရောင်ငန်းဖျားက ရေမတက်ခင်က တစ်ယောက် နှစ်ယောက်စဖြစ်ပေမယ့် အခုပိုဆိုးလာတယ်။ အခုဆိုရင် ၁၅ ယောက် လောက်ဖြစ်နေတယ်၊အရွယ်စုံပဲ။ လက်ရှိ ဆေးရုံပို့ပေးထားရတာ တစ်ယောက်ရှိတယ်။ မသက်သာသေးဘူး” ဟု ၎င်းက ပြောသည်။ အူရောင်ငန်းဖျားရောဂါ လက္ခာပြသူများကို စစ်ဆေးချိန်တွင် ရောဂါဖြစ်ပွားနေသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း အဆိုပါဒေသတွင် ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။ အူရောင်ငန်းဖျားအပြင် ဝမ်းပျက်ဝမ်းလျှောနှင့် ငန်းဖျား၊ […]

မြိတ်မြို့တွင် စွန့်ပစ်ထားသည့်ကလေးအလောင်းတွေ့

Dawei Watch

August 1, 2024

မြိတ်မြို့၊ ကလွင်သင်္ချိုင်းအနီးတွင် စွန့်ပစ်ခံထားရသည့် အသက်တစ်နှစ်ကျော်အရွယ် မိန်းကလေး အလောင်းတစ်လောင်းတွေ့ရှိကြောင်း ဝဋံသကနာရေးကူညီမှုအသင်း (မြိတ်) ထံက သိရသည်။ ဇူလိုင်လ ၃၁ ရက် ညနေ ၄နာရီကျော်က ကလွင်ရပ်ကျေးရွာအုပ်စု၊ ကလွင်ရပ်၊ သင်္ချိုင်း‌ရှေ့ရှိ ရေမြောင်းအတွင်း မှောက်လျက်သေဆုံးနေသည့်ကလေးအလောင်းကို ဆော့ကစားနေသည့် ကလေးများက တွေ့ရှိခြင်းဖြစ်ကြောင်း ဝဋံသက နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောသည်။ “ကလေးက အဝတ်အစားမရှိဘူး။ သေလောက်တဲ့ ပြင်ပဒဏ်ရာမျိုးလည်း မတွေ့ရဘူး။ လက်မှာ အရေပြားနည်းနည်း ပွန်းပဲ့တာမျိုးလောက်ပဲ ရှိတယ်။ သူ့ရဲ့ စအိုတစ်ဝိုက်မှာတော့ ဝါနေတယ်။ သင်္ချိုင်းရှေ့ ရေမြောင်းထဲမှာ လာပစ်ထားတယ်” ဟု ၎င်းက ဆိုသည်။ ကလေးအလောင်းကို ဝဋံသကနာရေးကူညီမှုအသင်းက ‌သယ်ယူပြီး မြိတ်မြို့ ကုတင် ၁၀၀ ဆေးရုံကြီးရင်ခွဲရုံသို့ ဇူလိုင်လ ၃၁ ရက်နေ့က […]

ပုလောကုန်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအိမ်ကို KNDO မိုင်းခွဲဖျက်ဆီး

Dawei Watch

July 31, 2024

ပုလောမြို့နယ်၊ ပုလောကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ နေအိမ်ကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ခွဲ (၅) က ဇူလိုင်လ ၃၀ ရက်တွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့်အပတ်က ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များ စခန်းစွန့်ခွာပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကုလားနီး၏ နေအိမ်ကို ယင်းသို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ ယင်းအပြင် ပျူစောထီးတို့၏ နေအိမ် ရှစ်လုံးကိုလည်း ချိပ်ပိတ်ကာ နေအိမ်ထဲရှိ ပစ္စည်းနှင့် ရိက္ခာတို့ကို ဒေသခံများအား ဝေငှပေးလိုက်ကြောင်းKNDO တပ်ခွဲ (၅)တာဝန်ရှိသူ ကိုဗဟုက ပြောသည်။ ဦးကုလားနီးမှာ လက်နက်ကိုင် ပျူစောထီးလည်းဖြစ်ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် တော်လှန်ရေးနှင့် ဆက်နွယ်သူများကို ဖမ်းဆီးထောင်ချခြင်း၊ နေအိမ်များကိုချိပ်ပိတ်ခြင်း၊ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ […]

တနင်္သာရီ ရေကြီးမှုတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး၊ တစ်ဦးပျောက်ဆုံး

Dawei Watch

July 31, 2024

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်၊ ပြည့်အေးရွာတွင် ဇူလိုင်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ရေကြီးရေလျှံမှုအတွင်း အသက် ၃ဝ ဝန်းကျင် အမျိုးသားနှစ်ဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၉ ရက်က ရေနစ်ပျောက်ဆုံးနေသည့် ပြည့်အေးရွာသား ကိုဇော်ထွေး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက်တွင် ပြန်ဆယ်ယူရရှိပြီး သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း တကူရွာသားတစ်ဦးက ဆိုသည်။ “တစ်ယောက်ပဲ ပြန်တွေ့သေးတယ်။ မနေ့ (၃ဝရက်) က နစ်တဲ့တစ်ယောက်ကတော့ ပြန်မတွေ့ရသေးဘူး။ ပျောက်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြစ်ရေတက်မှုကြောင့် တကူတိုက်နယ်ရှိ ရပ်ကွက် ၁၄ ခုစလုံး ရေကြီးရေလျှံနေပြီး ရေအဝင်များသည့် ရပ်ကွက်များတွင် နေထိုင်သူများသည် ကုန်းအမြင့်ပိုင်းရှိ စာသင်ကျောင်းနှင့် ရေလွတ်ရာ ရပ်ကွက်များရှိ ဆွေမျိုးနီးစပ်သူများထံ […]

ဒေသခံများသွားသည့် လမ်းပေါ် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းထောင်ထား

Dawei Watch

July 31, 2024

တနင်္သာရီမြို့နယ်တွင် ဒေသခံများသွားလာနေသည့် ကျေးရွာလမ်းများ၌ စစ်ကောင်စီတပ်က မိုင်းများထောင်ထားကြောင်း ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော တနင်္သာရီလွတ်မြောက်ရေး အင်အားစု (TLF) ကပြောဆိုလိုက်သည်။ ပြည်သူများ အန္တရာယ်ရှိနေသဖြင့် စစ်ကောင်စီတပ်က လမ်းပေါ်တွင် ထောင်ထားသည့်မိုင်းများ ပြန်ရှင်းလင်းပေးရန် ယင်းအဖွဲ့က ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက် ခြင်းဖြစ်သည်။ တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၅၆ တပ်က အနီးကျေးရွာများရှိ ဒေသခံများ၏ ဥယျာဉ်ခြံများ၊ ကုန်ထုတ်လမ်းများပေါ်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိကြောင်း TLF အဖွဲ့တာဝန်ခံ ဆှန်ဝါးက ပြောဆိုသည်။ ဇဝဲကျေးရွာအုပ်စု ရေခမ်းချောင်းကျေးရွာတွင် ဒေသခံများသွားသည့်လမ်းပေါ်‌ စစ်ကောင်စီတပ်ထောင်ထားသည့် GYAT-၆၄ အမျိုးအစား မြေမြှုပ်မိုင်းတစ်လုံးကိုလည်း ၎င်းတို့တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်ကပင် ရှင်းလင်းပေးခဲ့ရကြောင်း ပြောသည်။ ယင်းသို့ပင် မတ်လ ၃၀ […]

စစ်ရေးတင်းမာနေသည့် တနင်္သာရီက လယ်သစ်ရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

July 30, 2024

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာကို စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက် ညနေ ၄နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီး ၁၃လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ်က လယ်သစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် လူထိခိုက်မှုမရှိဟု ကနဦးကြားသိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လယ်သစ်ရွာမှာက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြတ်တောက်နေတာဆိုတော့ အသေးစိတ်မသိရသေးပေမယ့် ဒေသခံတွေအနေနဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကနဦးသိထားရပါတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်ခြင်းမလုပ်မီ ဂျက်တိုက်လေယာဉ်တစ်စီးလာဝဲခဲ့သေးကြောင်း ၎င်းက ဆိုသည်။ ဇူလိုင် ၁၈ရက်ကစပြီး ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာမှ လယ်သစ်ရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် […]

တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် ပုလောကုန်းစခန်းကို စစ်ကောင်စီတပ်စွန့်ခွာ

Dawei Watch

July 30, 2024

မြိတ်ခရိုင် ပုလောမြို့နယ်၊ ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်(ပျူစောထီး)များ စခန်းစွန့်ခွာသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယင်းစခန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ရှိပြီး စစ်ကောင်စီတပ်၏ ခလရ ၂၈၅ တပ်ရင်းက အာဏာသိမ်းပြီးနောက် ပုလောကုန်းရွာတွင်တပ်စွဲထားခြင်းဖြစ်သည်။ တော်လှန်ရေးတပ်များက ယင်းစခန်းကိုမကြာခဏ တိုက်ခိုက်နေပြီး ပိတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်ဖွဲ့က ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများတင်ပို့၍ မရကြောင်း ပုလောမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကျွန်တော့်အထင်ပြောရရင် ဒီစခန်းကနေ မဆုတ်ခင် ၅ မိုင်မှာတိုက်ပွဲဖြစ်တယ်၊ ၅ မိုင်တိုက်ပွဲမှာ ဗိုလ်တွေအရာရှိတွေကျတယ်ဆိုတော့ တပ်ရင်းအခြေအနေတွေ ကစဉ့်ကလျားဖြစ်နေလို့ ပြန်ဆုတ်တာလို့ထင်တယ်၊ အခုက သူတို့တပ်ရင်းတွေမှာလည်း အင်အားမလုံလောက်ဘူး။ အင်အားနည်းနေတယ်ပေါ့ တိုက်ပွဲဖြစ်ရင် လာကူနိုင်တဲ့ အနေအထားမရှိတော့ ပြန်ဆုတ်သွားလို့ထင်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။ […]