တနင်္သာရီတိုင်းတွင် မှတ်ပုံမတင်ထားသည့် ဖုန်းဆင်းကတ်သုံးစွဲမှု စစ်ဆေးဖမ်းဆီးရန် စစ်ကောင်စီ စီစဉ်
Dawei Watch
March 9, 2025မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ်များကို စစ်ဆေးဖမ်းဆီးရန်အတွက် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယင်းအဖွဲ့တွင် တနင်္သာရီတိုင်း အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည် ဖြစ်သည်။ တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်ဦးဆောင်ပြီး တိုင်းအစိုးရအဖွဲ့ရုံးတွင် မတ်လ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၈ရက်တွင်သတင်းထုတ်ပြန်ထားသည်။ ထိုအစည်းအဝေးသို့ အော်ရီဒူး၊ MPT၊ အက်တမ် စသည့် ဖုန်းအော်ပရေတာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။ လက်ရှိတွင် တိုင်းအဆင့် တရားမဝင်ဆင်းကတ် စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်အလိုက် စစ်ဆေးရေးအဖွဲ့များကို ထပ်မံဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုအစည်းအဝေးတွင် စစ်ကောင်စီခန့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။ မှတ်ပုံမတင်ထားသည့် ဆင်းကတ်ဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ E-Commerce ထိခိုက်သည့်လုပ်ရပ်များ […]


