ပုလော ဆင်ထိုးကြီးရွာတွင် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာရ
Dawei Watch
February 3, 2026ပုလောမြို့နယ် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ဆင်ထိုးကြီးရွာ အရှေ့ကမ်းတွင် အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း ယင်းကျေးရွာမှ ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၇နာရီကျော်တွင် အထက်ဖော်ပြအမျိုးသမီးသည် အခြားအမျိုးသမီးနှစ်ဦး၊ အသက် ၁၀အရွယ် မိန်းကလေးတစ်ဦးတို့နှင့်အတူ သူငယ်ချင်းဖြစ်သူ၏ အိမ်ကို လာစဉ် နေအိမ်ခြံဝန်းနောက်ဘက်ရှိ မရမ်းသီး ခူးရန်ပြင်စဉ် မြေမြှုပ်မိုင်းနင်းမိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ သူငယ်ချင်းခြံဆိုတော့ လန်ဂေါ်ရွက် (တညင်ရွက်) ဝင်ရောက်ခူးဆွတ်ပြီးနောက်တွေ မရမ်းသီးတွေ့လို့ ဝင်ခူးစား ကြတာ။ မရမ်းသီးတွေလည်း သီးနေတာမြင်တော့ ခူးဖို့သွားရင်း အပင်အောက်မှာ မိုင်းနင်းမိတာ” ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသဖြင့် အသက် ၆၆ နှစ်အရွယ် ဒေါ်စိန်သန်းကြည် […]


