ရက်ရှည်တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ
Dawei Watch
April 10, 2025ရက်ရှည်တိုက်ပွဲဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်းပိုင်းရှိ သိန်ခွန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီလ ၇ရက် နေ့လယ် ၁၂နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီ ဘက်က တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ”တိုက်ပွဲဖြစ်နေတုန်း လေကြောင်းနဲ့ လာကြဲတယ်။ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့ လည်း ပစ်တယ်။ ရဲဘော် နှစ်ယောက်ဒဏ်ရာရ (မစိုးရိမ်ရ) သွားတယ်” ဟု အသက် ၂၈နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် အခြားထိခိုက်မှုအခြေအနေအသေးစိတ်တို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယခုလမှစတင်ကာ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ ချောင်းလမုရွာနှင့် ကွမ်းသီးတောရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ”သူတို့က […]


