သဘော့လိပ်ကျေးရွာအုပ်စုတွင် ခဲအထွက်နည်းလာသဖြင့် ခဲလုပ်သားများနေရာပြောင်း
Dawei Watch
April 24, 2025တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာအုပ်စုတွင် ခဲအထွက်နည်းလာသဖြင့် ခဲသတ္တုလုပ်ကိုင်သူများက ဘုတ်ပြင်းမြို့နယ်ဘက်သို့ ပြောင်းရွှေ့ကြကြောင်း ခဲလုပ်သားများနှင့် ဒေသခံအချို့က ပြောသည်။ သဘော့လိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလဝန်းကျင်မှစတင်ကာ ခဲအထွက်နှုန်းနည်းလာသဖြင့် တွက်ခြေမကိုက်ဖြစ်လာကြောင်း သဘော့လိပ်ရွာနေ အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ပြောင်းရွှေ့သွားသည့် ခဲလုပ်သားများမှာ တစ်နိုင်တစ်ပိုင် ရှာဖွေလုပ်ကိုင်နေကြသူများ၊ ဥယျာဉ်ခြံဝယ်ပြီး ခဲတူးနေသည့် လုပ်ငန်းရှင်အချို့နှင့် အဆိုပါခဲလုပ်ငန်းရှင်များထံတွင် လုပ်ကိုင်နေသူများလည်း ပါဝင်ပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ် ရတနာပုံသတ္တုမိုင်းဘက်သို့ ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများက ပြောဆိုသည်။ အရေအတွက်မည်မျှ ပြောင်းရွှေ့သွားကြသည်ကိုမူ အသေးစိတ်မသိရသေးပေ။ ”ခဲတွေက အရင်နှစ်တွေကဆိုလျှင် တစ်ရက်ကို ကောင်းကောင်းရတဲ့ရက်ဆို သုံးပိဿာအထိရတယ်။ အခုက တစ်ရက်ကို နှစ်ဆယ်သားရဖို့တောင် မနည်းရှာနေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာနှင့် […]


