တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
July 13, 2024တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင် ၁၃)နေ့လယ်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ Mi2 ရဟတ်ယာဉ်တစ်စီး၊ K8W တိုက်လေယာဉ်ဖြင့် ဗုံးသီး ၁၂ လုံးခန့် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပဝကျေးရွာအုပ်စုကို လှည့်ပတ်ပစ်ခတ်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လေယာဉ်ဖြင့် ဗုံးလာကြဲပြီးနောက် မော်တုံးအခြေစိုက် အမြောက်တပ် ၃၀၆ တပ်ရင်းကလည်း ပဝကျေးရွာအုပ်စုဘက်ကို ၁၂၀ မမလက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။ “၅ မိုင်ရွာတိုက်ပွဲနဲ့တော့ ဆက်စပ်မှုမရှိပါဘူး၊ ကျန်တော်ထင်တာ ဇူလိုင် ၇ ရက်နေ့က သင်တန်းဆင်းပွဲလုပ်တယ်တော့ ပဝဖက်မှာလို့ထင်ပြီး လာလုပ်တာဖြစ်နိုင်ခြေရှိပါတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ […]