တနင်္သာရီကို ရိက္ခာပို့သည့် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲ
Dawei Watch
April 26, 2025တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းကို ရိက္ခာသွားပို့သည့် စစ်ကောင်စီယာဉ်တန်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီလ ၂၄ ရက်နေ့တွင် ရိက္ခာ၊လက်နက်ခဲယမ်းနှင့် စစ်ကောင်စီတပ်သားများလိုက်ပါလာပြီး မြိတ်ဘက်မှတနင်္သာရီ ဘက်သို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ပထမအကြိမ် တိုက်ခိုက်မှုတွင် နှစ်ဖက်စလုံး ထိခိုက်မှုမရှိကြောင်း ၎င်းကပြောသည်။ ထိုနောက် ဧပြီလ ၂၅ ရက်နေ့တွင် တနင်္သာရီမြို့အနီးရှိ ခမရ ၅၅၇ တပ်ကို ရိက္ခာပို့ပြီး မြိတ်ဘက်သို့ ပြန်မောင်းလာသည့် အထက်ပါယာဥ်တန်းကို ဘန်းလမွတ်ရွာအနီးရှိ ကမ်းတိုရွာတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “အပြန်အလှန်ပစ်ခတ်မှုက တစ်နာရီကျော်ကြာဖြစ်ကြတယ်။ မနေ့ (ဧပြီ၂၄)က တက်သွားတဲ့ကားတွေပဲ။ အခုပြန် တိုက်ခံထိတယ်။သူတို့ဘက်က သေနတ်ငယ်တွေနဲ့ […]


