စစ်ကောင်စီက ကုန်စည်သယ်ခွင့် ပိတ်ထား၍ တနင်္သာရီက ရွာသုံးရွာတွင် ကွမ်းသီးခြောက်စျေးကျ
Dawei Watch
April 1, 2025တနင်္သာရီမြို့နယ်အတွင်းရှိ ပဝရွာ၊ လယ်သစ်ရွာနှင့် သရဖုံရွာများကို စစ်ကောင်စီတပ်က ကုန်ပစ္စည်းသယ်ဆောင်ခွင့် ပိတ်ထားသဖြင့် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ဒေသခံနှင့်ကွမ်းသီးရောင်းဝယ်သူများ ထံမှသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစကာ ပဝရွာ၊လယ်သစ်ရွာနှင့်သရဖုံရွာသို့ သွားရာလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကန့်သတ်ထားရာ မြိတ်မြို့သို့ ကွမ်းသီးခြောက်တင်ပို့ခွင့်မရသဖြင့် စျေးကျလာကြောင်း ဒေသခံများက ပြောသည်။ ကားလမ်းမပိတ်မီက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဈေးရှိသော်လည်း လက်ရှိအချိန်တွင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိတော့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုသို့ဈေးကျနေသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အခြေအနေများကြောင့် သိုလှောင်မထားတော့ဘဲ ရသည့်ဈေးဖြင့် ထုတ်ရောင်းနေရကြောင်း ၎င်းကပြောသည်။ “အရင်ကလို သိုမထားတော့ဘူး။ ဘယ်အချိန်ဘာနဲ့ ကြုံမယ်မှန်းမသိဘဲ တစ်နေ့ တစ်မျိုးစျေးပြောင်းနေတယ်လေ။ စျေးကျလည်း ရတဲ့စျေးနဲ့ပဲ ရောင်းနေရတယ်” […]


