ချောင်းနှစ်ပေါက်ရွာချောင်းတွင် ငါးဖမ်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်
Dawei Watch
May 1, 2025ထိုင်း-မြန်မာ မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်း ချောင်းနှစ်ပေါက်ရွာရှိ ရေချိုချောင်းတွင် ငါးဖမ်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဧပြီလ ၃၀ ရက် ညနေ ၅ နာရီတွင် သိန်ခွန်းရွာအနီးရှိ ချောင်းနှစ်ပေါက်ရွာချောင်းတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ပိုက်ဖြင့်ငါးဖမ်းနေချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၃၀ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထိုသို့ တိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်သားလေးဦးခန့် သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “ရေချောင်းထဲမှာ ပိုက်နဲ့ငါးဆင်းဖမ်းနေကြတယ်။ ချောင်းထဲက သူတွေမှာ သေနတ်မရှိဘူး။ ဒီဘက်ကပစ်တာနဲ့ လေးယောက် ရေထဲလဲကျသွားတယ်။ ကျန်သူတွေက ကမ်းပေါ်ပြေးတက်ကြတာပဲ”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ကမ်းပေါ်တွင်ရှိနေသည့် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပြန်ပစ်ကြသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။ […]


