မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးထပ်တက်
Dawei Watch
February 9, 2026မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ကျပ်လေးသောင်း ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံမှ သိရသည်။ ယခင်က သုံးသောင်းကျပ် ကောက်ခံနေရာမှ လေးသောင်းကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မီးသင်္ဂြိုဟ်စရိတ် ကျပ်နှစ်သောင်းခွဲ စျေးရှိခဲ့ပြီး ယင်းမတိုင်မီက ကျပ်နှစ်သောင်းသာ ရှိခဲ့ကြောင်း မြို့ခံများ နှင့် အထက်ပါအသင်းထံမှ သိရသည်။ မီးသင်္ဂြိုဟ်နာရေးအသင်းက မီးသင်္ဂြိုဟ်ကိစ္စကို စီမံရပြီး ရရှိသည့် ငွေကြေးများကို မီးသင်္ဂြိုဟ်စက်၊ အလုပ်သမားခ နှင့် မီးသင်္ဂြိုဟ်ရန် ထင်းအတွက် အသုံးပြုကြောင်း ယင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည် ။ “ထင်းက တအားရှာရတယ် ။ လှူပေးတာမျိုးရှိရင်လည်း သစ်ပင်ပဲလှူပေးတယ် ။ သွားခုတ်ပြီးသယ်တဲ့စရိတ် ၊ အလုပ်သမားခတွေ ထပ်ပေးရတယ် ။ ပြီးတော့ […]


