ဘုတ်ပြင်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ KNU ထံ ဘက်ပြောင်း
Dawei Watch
May 10, 2025ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်က တပ်သားနှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ထံ လက်နက်နှင့်အတူ ဘက်ပြေင်းခိုလှုံကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ မေလ ၉ ရက် မွန်းလွဲ ၂နာရီတွင် သိန်ခွန်းကျေးရွာရှိ KNU တပ်မဟာ ၄လက်အောက်ခံ KNLAတပ်ရင်း ၁၁ထံ MA1 အမျိုးအစား သေနတ် နှစ်လက်နှင့်အတူ ဘက်ပြောင်းလာကြောင်း KNLA တပ်ရင်း ၁၁ တပ်စိတ်မှူး ကိုချစ်က ပြောသည်။ ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၂၄တပ်ရင်းက အသက်၃၆ နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် တပ်သားတစ်ဦးတို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ”သူတို့က စစ်သားတွေပဲ။ မနေ့ နေ့လယ်ဘက်က ရှေ့တန်းတစ်နေရာမှာ သွားကြိုလာတယ်။ တစ်ဦးချင်းကို […]


