ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ကျွန်းစုတွင် ရှေးဟောင်းစေတီတစ်ဆူ မိုးကြိုးထိမှန်

Dawei Watch

May 25, 2025

ကျွန်းစုမြို့နယ် ၊ ညောင်ဘီးကျေးရွာအုပ်စု ၊ ပဲယာရွာ တောင်ပေါ်ရှိ ကျောက်မော်တောင်စေတီ မေလ ၂၃ ရက် ညနေပိုင်းက မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုးကြိုးထိမှန်သည့် စေတီသည် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ယခင်ကလည်း မိုးကြိုးထိမှန်ဖူးကြောင်း ပြန်လည်ပြုပြင်၍ ထီးပြန်တင်ထားသည်မှာ နှစ်နှစ်ခန့်သာရှိသေးကြောင်း ပဲယာရွာသားတစ်ဦးပြောပြသည်။ ” ဘုရားက အဖိုးတို့အဖွားတို့ခေတ်ကတည်းက ရှိနေတဲ့ ရှေးဟောင်းဘုရားပါ။ ပြန်ပြင်ထားတာ နှစ်နှစ်ပဲရှိသေးတယ်။ အခုမိုးကြိုးထပ်အပစ်ခံရပြီး ပျက်စီးသွားတယ် ” ဟု ၎င်းကပြောသည်။ မိုးကြိုးပစ်ခံရ၍ လူထိခိုက်ဒဏ်ရာရခြင်းနှင့် ကျေးရွာအတွင်း အခြားထိခိုက်မှုမရှိကြောင်း ၎င်းကဆက်ပြောသည်။ မိုးကြိုး ထိမှန်သည့် စေတီ၏ အလယ်ပိုင်း ခေါင်းလောင်းအနားထိ ပြိုကျပျက်စီးသွားကြောင်း ဓာတ်ပုံမှတ်တမ်းများ၌တွေ့ရသည်။ မေလ ၁၁ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် ၊ အလယ်မန်ရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ကာ ထိခိုက်ဒဏ်ရာရသဖြင့် […]

စစ်ကောင်စီ၏ စက်သုံးဆီကန့်သတ်မှုကြောင့် ဘုတ်ပြင်းတွင် တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်

Dawei Watch

May 25, 2025

ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးကျတောခုတ်ရာသီ၌ တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်လာကြောင်း တောင်သူအချို့ထံမှ သိရသည်။ ယမန်နှစ်က မိုးဦးရာသီက တောခုတ်အလုပ်သမားငှားရမ်းရာတွင် နေ့စားခအဖြစ် တစ်ရက်လျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်ရှိရာက လက်ရှိတွင် ၂၅၀၀၀ ကျပ် ဝန်းကျင်အထိ ဖြစ်လာကြောင်း တောင်သူအချို့နှင့် တောခုတ်အလုပ်သမားအချို့က ဆိုသည်။ “‌ဓာတ်ဆီဈေးတွေ တအားမြင့်တက်လာတော့ တောခုတ်ခေါ်တဲ့သူသိပ်မရှိပေမယ့် အလုပ်တော့လုပ်နေရတယ်”ဟု မနိုးရုံးကျေးရွာနေ တောခုတ်အလုပ်သမားတစ်ဦးက ပြောသည်။ မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ယခုနှစ် ဧပြီလကစပြီး ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စက်သုံးဆီတင်ဆောင်ခွင့် ကန့်သတ်ထားသည်။ ယင်းကြောင့် အခြားဒေသများမှ ရေလမ်းကြောင်းဖြင့် သယ်ယူရသည့်အတွက် ဈေးကြီးပေးဝယ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ မကန့်သတ်မီက ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ […]

မြိတ်တွင် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံး

Dawei Watch

May 25, 2025

မြိတ်မြို့၊ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၄နှစ်နှင့် ၃လအရွယ် ကလေးငယ် တစ်ဦး မေလ ၂၄ရက်ညက သေဆုံးကြောင်း နာရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝဋံသကနာရေးကူညီမှု အသင်းထံမှ သိရသည်။ အဆိုပါကလေးငယ်သည် မြိတ်မြို့၊ တောင်ပြိုရပ်၊ မြို့ပတ် (၁) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ “ကလေးငယ်က သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်။ အရင် အခြားရောဂါအခံလေးတွေလည်း နည်းနည်းရှိတော့ သွေးလွန် တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာက နည်းနည်းပြင်းပြီး အသက်ဆုံးရှုံးသွားတယ်” ဟု မိသားစု၏ ပြောပြချက်ကို ကိုးကား၍ ဝဋံသကနာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြန်ပြောင်းပြောဆိုသည်။ မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသနေသည့် ကလေးလူနာများ ရှိနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ယခုမေလအတွင်း ထားဝယ်မြို့တွင်လည်း […]

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဘုတ်ပြင်းဒေသခံတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 24, 2025

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်မိုင်ခွဲကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ လေညာကျေးရွာရှိ စစ်ကောင်စီတပ်က မေလ ၂၂ရက် ည၈နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး တစ်မိုင်ခွဲကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဘိုဟိန်း၏ နေအိမ်အနီး ကျ‌ရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ဦးဘိုဟိန်း၏ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး ညာဘက်နားရွက်လည်း ပြတ်တောက်ခဲ့ကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ “ခေါင်းကို ထိသွားတယ်ဆိုတော့ စိုးရိမ်ရတယ်။ နားရွက်တစ်ဖက်လည်း ပြတ်သွားတယ်။ ဖြစ်ဖြစ်ချင်း မဏ္ဍိုင် (ပြည်ကြီးမဏ္ဍိုင်မြို့) ဆေးရုံသွားပြန်တော့လည်း လေညာ (ရွာ) စစ်တပ်က ညဘက် မပေးဖြတ်ဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က သွားခွင့်မပြုသဖြင့် ညတွင်းချင်းဆေးရုံမတင်ပို့နိုင်ဘဲ […]

တနင်္သာရီ မော်တုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးချ

Dawei Watch

May 23, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မေလ ၂၂ ရက်က ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိကြောင်း ၎င်းတို့က ပြောသည်။ ထိုသို့ဗုံးမချမီ ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့လာသည့် စစ်ကောင်စီ ရိက္ခာကားသုံးစီးကို ရမ်းဖိုရွာအရောက်တွင် တနင်္သာရီပကဖ ဇုန် ၃ က တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ “သူတို့တက်လာမယ့်လမ်းကို သတင်းအရစောင့်ပြီး သွားပစ်တယ်။ အပြန်အလှန် ပစ်ခတ်တာက ၄၅မိနစ်လောက် ကြာတယ်။ ထိခိုက်မှုက မသိရသေးဘူး” ဟု တနသ်ာရီ ပကဖ ဇုန်၃ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပြီးနောက် ရမ်းဖိုရွာအနီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီတပ်သားများက မော်တုန်းရွာ စာသင်ကျောင်းနှင့် မော်တုန်းရွာ […]

မြိတ်တွင် ကလေးတစ်ဦး ရေနစ်သေဆုံး

Dawei Watch

May 23, 2025

မြိတ်မြို့၊ ရေနံမြေရပ်ကွက်တွင် မေလ ၂၂ ရက် ညနေပိုင်းက အသက် ၁၀နှစ်ကျော်အရွယ် ယောင်္ကျားလေးတစ်ဦး ရေနစ်သေဆုံးကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ လှေကမ်းကပ်သည့် တံတားပေါ်မှ ခြေချော်ပြုတ်ကျ ရေနစ်ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည် ။ “ကလေးက မိဘတွေနောက်လိုက်သွားရင်း တံတားပေါ်က ချော်ပြီးပြုတ်ကျတာမျိုးပါ။ တံတားအငယ်လေးပဲ။ ရေနစ်တာ ဘယ်လောက်ကြာလဲတော့မသိဘူး။ ကျွန်တော်တို့ရောက်တာကတော့ ညနေ ၆နာရီလောက်ရောက်သွားပြီး ဆေးရုံပို့ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ရေနစ်သည့်ကလေးအား မြိတ်မြို့ဆေးရုံကြီးသို့ ကရုဏာနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ ရောက်ပြီးနောက် စစ်ဆေးစဥ် အသက်မရှိတော့သဖြင့် မြိတ်မြို့ရှိ စစ်တပ်ဆေးရုံ ရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်ကလည်း မြိတ်မြို့နယ်၊ မော်တောင်ရွာတွင် […]

မြိတ်မြို့လယ် လူအသွားအလာများသည့်လမ်းပေါ် လုယက်မှုဆက်တိုက်ဖြစ်

Dawei Watch

May 22, 2025

မြိတ်မြို့ပေါ်ရှိ လူအသွားအလာများသည့်လမ်းပေါ်တွင် ငွေကြေးနှင့် ပစ္စည်းလုယက်မှုများ ဆက်တိုက်ဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မေလ ၂၀ရက် ညတွင် မြိတ်မြို့ ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ အဆိုပါညတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦး လုယက်ခံရရာ ငွေကျပ် ၂ သိန်းဝန်းကျင်နှင့် လက်ကိုင်ဖုန်း တစ်လုံးပါသွားသည်ဟု သိရကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦး ထပ်မံလုယက်ခံရရာ ငွေကျပ် ၂ သိန်းကျော်ပါသွားပြီး ဆိုင်ကယ် တစ်စီးတည်းအတူစီးလာသည့် အခြားအမျိုးသမီးနှစ်ဦးကို ထပ်မံလုယက်ခဲ့သော်လည်း ပစ္စည်းတစ်စုံတစ်ရာ မပါသွား ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ အဆိုပါလုယက်မှုသုံးခုစလုံးကို အမဲရောင် အင်္ကျီလက်ရှည် ဝတ်ဆင်ကာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်မောင်းကာ လုယက်နေခြင်းဖြစ်ကြောင်း […]

တနင်္သာရီ သာရဘွင်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်

Dawei Watch

May 22, 2025

တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအနီးရှိ ကျောက်တောင်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ပြည်သူကို ပစ်မှတ်ထားကြဲတာပါ” ဟု ၎င်းက ပြောသည်။ ဗုံးများမှာ ရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် နေအိမ်အဆောက်အအုံ ထိခိုက်မှု မရှိဟု ကနဦးသိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး ပွိုင့်ဖိုက် စက်သေနတ်ဖြင့်ပါ အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။ “လူတော့ မထိခိုက်ဘူး။ ဘာမှ မဖြစ်ကြဘူး။ ကြိုပြီးတော့ ရှောင်လို့မီ […]