ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်
Dawei Watch
June 8, 2025ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြိုနယ်၊ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာတွင် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အသက် ၅၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက တိုးလိုက်ဆုတ်လိုက်နဲ့ဖြစ်နေတယ်။ သူတို့ဘက်က လာပစ်တာပဲများတယ်” ဟုအထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက်ခြမ်း(မောတောင်ဘက်)ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ အနောက်ဘက်ခြမ်း(ချောင်းနှစ်ပေါက်ရွာဘက်)ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း လက်နက်ကြီးများပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့် ဗုံးသီးအဆက်မပြတ်ကြဲချခဲ့ကြောင်း အသက်၄၀နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး ညအချိန်တွင်လည်း ဒရုန်းဖြင့် ကင်းထောက်နေကြောင်း ၎င်းကပြောသည်။ […]


