ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာဝန်းကျင်ကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်
Dawei Watch
April 27, 2025ထိုင်း-မြန်မာ မောတောင်နယ်စပ်လမ်းရှိ သိန်ခွန်းကျေးရွာနှင့် အနီးအနားရှိရွာများကို ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။ ဧပြီ ၂၅ရက် နံနက်တွင် သိန်ခွန်းရွာ၊ ချောင်းလမုရွာနှင့် အနီးအနားရှိ ရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ရေ ၂၀ကျော်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”အခုတစ်ပတ်အတွင်း တိုက်ပွဲက ငြိမ်နေတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ သူတို့(စကစ)ဘက်က အကြောင်းမဲ့ ထပစ်တာ။ အဲဒီနားမှာရှိတဲ့ရွာတွေကို (လက်နက်ကြီးကျည်) လျှောက် ကျတယ်” ဟု ၎င်းက ပြောဆိုသည်။ လတ်တောတွင် တိုက်ပွဲငြိမ်သက်နေသဖြင့် ရွာတွင်ပြန်နေသူအချို့ရှိနေကာ စစ်ကောင်စီတပ်က ယင်းကဲ့သို့ လက်နက်ကြီး ပစ်ခတ်နေသောကြောင့် စိုးရိမ်နေရကြောင်း အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ “ရွာထဲကိုတော့ အကုန်လုံး […]


