မြိတ်တွင် ဆိုင်ကယ်နှင့် တိုက်မိပြီးနောက် ကျောက်တင်ကားမောင်းပြေး
Dawei Watch
June 16, 2025မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာရှိ လမ်းမကြီးပေါ်တွင် မောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီးနှင့် မျက်နှာချင်းဆိုင်တိုက်မိပြီး နောက် ကျောက်တင်ကား မောင်းပြေးသွားကြောင်း ဒေသခံအချို့နှင့် သစ္စာမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။ ဇွန်လ ၁၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် မြိတ်မြို့ဘက် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ယာဉ်ကြောမှ လာသည့် ကျောက်တင်ကားတို့ တိုက်မိပြီးနောက် ကားမှာ မြိတ်မြို့ ကျေးရွာများဘက် မောင်းပြေးသွားကြောင်း သစ္စာမေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “တိုက်တဲ့အချိန် ဘေးနားပတ်ဝန်းကျင်မှာ လူတွေမရှိကြဘူးလေ။ တိုက်ခံရတဲ့ကလေးတွေလည်း မသိဘူး။ တိုက်ပြီးမောင်းပြေးသွားတာ” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။ ဆိုင်ကယ်စီးနင်းမောင်းနှင်လာသည့် ယောင်္ကျားလေးနှစ်ဦးမှာ အသက် ၁၃ နှစ်ဝန်းကျင်အရွယ်များဖြစ်ကြကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ခြေထောက်ကျိုးဒဏ်ရာရသဖြင့် မြိတ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရပြီး ဆိုင်ကယ်အနောက်တွင် […]


