ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ် ပသွေး-ပိတောက် လမ်းပိုင်းတွင် ဆီအုန်းကားတစ်စီးမှောက်၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

Dawei Watch

June 20, 2025

မြိတ်မြို့နယ် ၊ ပသွေး-ပိတောက် လမ်းပိုင်းရှိ ပသွေးကျေးရွာအနီးတွင် ဆီအုန်းတင်လာသည့် ကားတစ်စီး ဇွန်လ ၁၉ ရက် ညနေပိုင်းက တိမ်းမှောက်သွားကြောင်း သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ရသူများနှင့် ဒေသခံများထံမှသိရသည်။ မြိတ်မြို့ဘက်သို့ ဦးတည် မောင်းလာစဥ် ပသွေးရွာအနီးရှိ လမ်းကွေ့တစ်ခုတွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းအမျိုးသားတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သူများကဆိုသည်။ ” ရွာနဲ့ နီးနီးလေးမှာ ဖြစ်တာပါ။ တစ်ခုခုကို ရှောင်လိုက်တဲ့အချိန် ကားက ဝိတ်(အလေးချိန်) များပြီး အကွေ့မှာ လမ်းဘေးကျသွားတယ်။ လမ်းက အကွေ့များတယ်။ ကားပေါ်မှာတော့ ဆီအုန်းတွေ အပြည့်ပဲ။ ကားက ကျောက်တွေ၊ သဲတွေ တင်တဲ့ ကားအမျိုးအစားပါ” ဟု သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။ ကားတိမ်းမှောက်ကာ ကားခေါင်းခန်းတွင် ကားသမားပိတ်မိနေ၍ ကရိန်းဖြင့် မကာ […]

တနင်္သာရီတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

June 19, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မောတောင်လမ်းပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၇ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် သိန်ခွန်းနှင့် အေးသာယာရွာအနီးတဝိုက် နေရာများကို ဗုံးကြဲသည့်အပြင် ပွိုင့်ဖိုက် (စက်သေနတ်) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သိန်ခွန်းစာသင်ကျောင်းက သုံးစား (အသုံးပြုလို့မရ) မရပြီ။ အေးသာယာရွာနားမှာက တောတွေထဲ လာပစ်လို့ ထိခိုက်မှု မရှိဘူး။ လေယာဉ်က လာဝဲလိုက် ကြဲလိုက်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။ နောက်တစ်ရက် ဇွန်လ ၁၈ ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ကြိမ်ချောင်းရွာဟောင်းနှင့် သိန်ခွန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ကြိမ်ချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ “ကြိမ်ချောင်းရွာဟောင်းမှာက လူနည်းနည်းပဲနေကြတယ်။ […]

ဒူးရင်းသီး ဈေးမကောင်းသဖြင့် ယိုလုပ်သူများနေ

Dawei Watch

June 19, 2025

မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီးဈေးကောင်းမရသဖြင့် ဒူးရင်းယိုလုပ်သူ ပိုများလာကြောင်း ဒူးရင်းခြံပိုင်ရှင်များနှင့် ဒူးရင်းသီးကုန်သည်များထံမှ သိရသည်။ ဒေသထွက် ဒူးရင်းသီးကို မြိတ်မြို့အပါအဝင် မြို့ကြီးများကို တင်ပို့ကြခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများနှင့် စစ်ကောင်စီကစစ်ကြောင်းထိုးနေမှုများကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲနေသည့်အတွက် ဈေးကောင်းမရဖြစ်နေကြောင်း ဒူးရင်းခြံပိုင်ရှင်အချို့က ဆိုသည်။ ယမန်နှစ်က ကျပ်တစ်သောင်းခန့်ဈေးပေါက်သည့် ဒူးရင်းသီးတစ်လုံးမှာ လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ဈေးရှိတော့ကြောင်း ဒူးရင်းခြံပိုင်ရှင်အချို့က ဆိုသည်။ “ဈေးကောင်းမရမယ့်အတူတူ ယိုထိုးမယ်ဆိုပြီး ဒူးရင်းယို ထိုးလိုက်တယ်။ ယိုထိုးရတာတော့ အလုပ်တော့ရှုပ်တယ်။ မိုးကလည်းရွာ ဈေးကလည်းမကောင်း ဒူးရင်းသီးတွေကလည်း ရေဖျင်း(ရေဝင်)ဖြစ်ချင်သလိုတွေ ဖြစ်လာတယ်။ ယိုထိုးလိုက်တာအကောင်းဆုံးပဲဆိုပြီး ထိုးလိုက်တယ်”ဟု မြိတ်မြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် ဒူးရင်းယိုတစ်ပိဿာလျှင် ငွေကျပ်ငါးသောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ၎င်းကဆိုသည်။ ဘုတ်ပြင်းမြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒူးရင်းသီးဈေးကောင်းမရ […]

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ

Dawei Watch

June 19, 2025

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးရှိ ရမ်းဖိုရွာတွင် စစ်ကောင်စီတပ်သားများကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ထုတ်ပြန်ချက်များအရ သိရသည်။ ဇွန်လ ၁၇ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဇဝဲရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းဘက်မှ ခြေလျင် ထွက်လာသည့် အင်အားတစ်ရာကျော်ပါ စစ်ကြောင်း၊ ရမ်းဖိုရွာအရောက်တွင် ဆွဲမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ်တပ်သားတစ်ဦးက ဆိုသည်။ “သူတို့က အင်အားဖြည့်ဖို့ရောက်ကြတယ်။ မိန်းလမ်းမတစ်လျှောက် တန်းစီတက်လာတယ်။ သူတို့အလာကိုစောင့်ပြီး မိုင်းဆွဲလိုက်တယ်။ သူတို့ဘက်က ထိခိုက်မှုရှိနိုင်တယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ ထောင်ထားသည့် မိုင်းကွင်းအနီးရောက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့ဝင် နောက်တစ်ဦးက ဆိုသည်။ ထိုနောက် ဇွန်လ […]

တနင်္သာရီ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်ရင်းအနီး တိုက်ပွဲဖြစ်

Dawei Watch

June 18, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းအနီးတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ခမရ ၅၆၁ တပ်ရင်းအနီးဝန်းကျင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဇွန်လ ၁၆ ရက် ညနေ ၆နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ရာက မိနစ် ၄၀ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ဘက်က အရင်သွားပစ်တယ်။ သူတို့ဘက် (စစ်ကောင်စီတပ်) က ပတ်ပတ်လည်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်” ဟု ၎င်းက ဆိုသည်။ ခမရ ၅၆၁ တပ်ရင်း ပတ်ပတ်လည်တွင် အင်အားဖြည့်တင်းကာ နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ပင်ကွင်းရွာသို့ ရောက်ရှိနေသည့် တော်လှန်ရေးတပ်ပေါင်းစုက တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း […]

မြိတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုး‌ပေး၊ အများပြည်သူသိအောင် မကြေညာသဖြင့် ဝေဖန်ခံရ

Dawei Watch

June 18, 2025

မြိတ်မြို့ရှိ ကန်ခေါင်းဆေးရုံဟောင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသော်လည်း အများပြည်သူသိရှိရန် ဆေးရုံဘက်က ကျယ်ကျယ်ပြန့်ပြန့် အသိမပေးသည့်အပေါ် မြို့ခံအချို့က ဝေဖန်နေကြသည်။ ကိုဗစ်ကာကွယ်ဆေးကို ဇွန်လ ၁၆ ရက်မှစပြီး ရုံးဖွင့်ရက်တိုင်း နံနက် ၁၀ နာရီ‌ကျော်မှ ၁၂ နာရီအထိ ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ကန်ခေါင်းဆေးရုံဟောင်း ကလေးကုသဆောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေကြောင်း မြိတ်မြို့ခံ ကျန်းမာရေး ဝန်ထမ်းဟု ယူဆရသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ဇွန်လ ၁၃ ရက်က ရေးသားမျှဝေခဲ့သည်။ ယင်းအပေါ် ကူးယူမျှဝေ ရေးသားထားသူများလည်း ရှိသည်။ ကန်ခေါင်းဆေးရုံတွင်မူ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အကြောင်း ကြေညာထားသော်လည်း Dawei Watch က မေးမြန်းခဲ့သည့် ကာကွယ်ဆေးလာထိုးသူ အများစုမှာ လူမှုကွန်ရက်ပေါ်မှသိရှိခြင်း သို့မဟုတ် တဆင့်စကားတို့ဖြင့် လာရောက် ထိုးနှံကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ […]

ဘုတ်ပြင်း ကံမော်ကြီးရွာပင်လယ်ပြင်တွင် ပုစွန်ထိုးလှေအုပ်စုလိုက်ဝင်ဖမ်း၊ လက်လုပ်လက်စားများအခက်တွေ့

Dawei Watch

June 18, 2025

ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာ ပင်လယ်ပြင်တွင် မေလလယ်ခန့်မှစတင်ကာ ပုစွန်ထိုးလှေများအစုအဖွဲ့ဖြင့် ပုစွန်ဖမ်း နေသည့်အတွက် လက်လုပ်လက်စားသမားများ အခက်တွေ့နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကံမော်ကြီးရွာ၏ အနောက်ဘက်ရှိ ပင်လယ်ရေတိမ်နေရာများတွင် ပုစွန်ထိုးလှေ ၃၀ စီးခန့်က ဖမ်းဆီးနေကြသည့်အတွက် ရှပ် (ဂုံးတစ်မျိုး) ၊ ဂုံး၊ ပင်လယ်ကင်းပုစွန်အပါအဝင် ရေတိမ်ဒေသနေ ရေသတ္တဝါများ ရှားပါးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပုစွန်ထိုးလှေတွင် ဝါးလုံးနှစ်လုံးကို ခက်ရင်းခွကဲ့သို့ ချည်နှောင်ထားပြီး ဝါးလုံးအဖျားပိုင်းတွင် ပုစွန်ဖမ်းပိုက် တပ်ဆင် ထားသည်။ ထို့နောက် ပင်လယ်ရေတိမ်ကြမ်းပြင်ကို ပိုက်ပါသည့်အပိုင်းကို ထိုးနှစ်ကာ ပုစွန်ဖမ်းဆီးကြခြင်းဖြစ်သည်။ ပုစွန်ထိုးလှေဖြင့် ပုစွန်ဖမ်းဆီးပါက ပင်လယ်ရေတိမ်ကြမ်းပြင်တွင် ရေမြောင်းပုံသဏ္ဍန်ဖြစ်လာပြီး ရှပ် ၊ သွေးဂုံး၊ ဂဏန်း၊ ပင်လယ်ကင်းပုစွန် စသည့် ရေနေသတ္တဝါများ မရှိတော့သည့်အတွက် ဝမ်းစာရေးအတွက် ရှာဖွေစားသောက်နေသည့် […]

မြိတ်တွင် အိမ်သားချင်း စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်

Dawei Watch

June 17, 2025

မြိတ်မြို့၊ သန်းဖိုရပ်ကွက်တွင် အိမ်သားအချင်းချင်း စကားများရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။ ဇွန်လ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင်နှင့် ညီဖြစ်သူ၏ဇနီး (ခယ်မ) တို့ စကားများရန်ဖြစ်ကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ထိုသို့ စကားများရန်ဖြစ်ချိန်တွင် အသက် ၂၀ ကျော်အရွယ် ခယ်မဖြစ်သူက ဓားဖြင့်ထိုးသဖြင့် ကိုပြည့်ဖြိုးအောင်တွင် ဒဏ်ရာများရရှိသဖြင့် တွက် ရှင်သန်ခြင်းပရဟိတနာရေး ကူညီမှုအသင်း၏ အကူအညီဖြင့် မြိတ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။ “ရန်ဖြစ်စကားများနေတဲ့ အသံတွေတော့ကြားတယ်။ ဘယ်လိုဖြစ်ကြတယ်ဆိုတော့ သူတို့အိမ်တွင်းရေး ပြဿာနာ တွေ ဆိုတော့လေ သူတို့ပဲသိမယ်။ နာရေးကား(အရေးပေါ်ကား) အသံကြားလို့ အပြေးအလွှား‌သွားကြည့်မှ ဓားထိုးခံရတယ်လို့ သိရတယ်” ဟု ရပ်ကွက်နေသူ […]