တနင်္သာရီမြို့နယ်တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားလူငယ်တစ်ဦးသေဆုံး
Dawei Watch
July 30, 2025တနင်္သာရီမြို့နယ်၊ ဘန်းသဲရွာအနီးရှိ သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားချိန် အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်တပ်များနှင့် ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုသို့ နှစ်ဖက်ပစခတ်မှုဖြစ်နေချိန် နေအိမ်အတွင်း ပုန်းခိုနေသည့် အသက် ၁၉နှစ် ကိုပြည့်စုံကို ကျည်ထိမှန် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦး ဆိုသည်။ “ဟိုဘက် ဒီဘက်ပစ်ကြပြီး တိုင်အနောက်မှာ ဝပ်နေတဲ့ သားငယ်မှာ ခေါင်းထိပြီး သေသွားတယ်။ အိမ်ထဲမှာက ရှိတဲ့သူအားလုံး ဝပ်နေကြတယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ၊ အရပ်သားတစ်ဦးသေဆုံးခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံ Dawei […]


