မြိတ်- ပုလောလမ်းပိတ်နေ၍ ကားခထက် ၈ ဆ စျေးပိုကြီးသည့် အမြန်ရေယာဉ်ဖြင့် သွားလာနေရ
Dawei Watch
August 6, 2025မြိတ်-ပုလော လမ်းပိုင်းရှိ ပလမြို့ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲရက်ရှည် ပြင်းထန်နေသဖြင့် ကားခထက် ၈ ဆဝန်းကျင်စျေးပိုပေးရသည့် အမြန်ရေယာဉ်များဖြင့် သွားလာနေရကြောင်း ခရီးသည်အချို့ ထံမှ သိရသည်။ တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါလမ်းပိုင်းသွားလာခွင့်ကို ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၄ ရက်နေ့မှစကာ စစ်ကောင်စီတပ်က ပလမြို့ဝန်းကျင်ကို ကြည်း၊ရေ၊လေ အသုံးပြုပြီး တိုက်ခိုက်နေသည့်အတွက် ခရီးသွားများနှင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့သည်။ အဆိုပါ လမ်းပိုင်းဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ ၁၀ ရက်ကျော်လာပြီးဖြစ်သဖြင့် မဖြစ်မနေသွားလာရမည့်ခရီးသွားများက ရေကြောင်းမှတစ်ဆင့် အမြန်ရေယာဉ်များဖြင့် သွားလာနေကြကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။ ၅၄ မိုင်ဝန်းကျင်ဝေးကွာသည့် အဆိုပါခရီးကို ကုန်းလမ်းခရီးက ကားဖြင့်သွားပါက […]


