တနင်္သာရီ သိန်ခွန်းရွာတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်
Dawei Watch
July 9, 2025တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်များကြား နှစ်ရက်ဆက် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇူလိုင်လ ၈ ရက်တွင် သိန်ခွန်းရွာဝန်းကျင်၌ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း KNLA-တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တစ်နေ့လုံး တိုက်ပွဲဖြစ်တယ်။ ပစ်လိုက်ပြန်ဆုတ်လိုက်နဲ့ အနီးကပ်ဖြစ်တာကျတော့ သူတို့အလောင်းတွေလည်း မြင်နေရတယ်။ တိုက်ပွဲအတွင်း လေကြောင်း (လေယာဉ်) လည်း လာတယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်မှု မရှိကြောင်း တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ချိန် ၃နာရီကျော် […]


