ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်အာဏာရှင်တပ်က ပလမြို့ရှိနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ

Dawei Watch

August 10, 2025

စစ်အာဏာရှင်တပ်သားများက ပုလောမြို့နယ် ပလမြို့ရှိနေအိမ်များကိုဖောက်ထွင်းပြီး တန်ဖိုးကြီး ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် စားသောက်ကုန်များကို ပလရဲစခန်းသို့ သယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့တွင် ဇူလိုင်လ ၂၄ရက်နေ့ကစပြီး စစ်အာဏာရှင်တပ်နှင့်‌တော်လှန်ရေးတပ်များအကြား ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့်အတွက် မြို့ခံများက နေရပ်စွန့်ခွာစစ်ဘေးရှောင်နေကြရသည်။ ထိုကြောင့် ဩဂုတ်လ ၃ ရက်နေ့မှစကာ စစ်အာဏာရှင်တပ်သားများက ပလမြို့အတွင်းရှိ လူနေအိမ်အချို့တွင် တပ်စွဲနေထိုင်နေကြကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ထိုသို့ တပ်စွဲနေထိုင်သည့် စစ်အာဏာရှင်တပ်သားများက နေအိမ်၊ ကုန်စုံဆိုင်တံခါးများကို ရိုက်ဖျက်ကာ ပစ္စည်းများ စိတ်ကြိုက်ယူဆောင်နေကြောင်း ၎င်းက ပြောသည်။ “အိမ်တွေထုဖွင့်‌ ကုန်စုံဆိုင်တွေထုဖွင့်ပြီး လိုက်ယူနေတာ လေးရက်လောက်ဖြစ်ပြီ။ နေ့ဘက်ပစ္စည်းတွေ အိမ်‌ရှေ့မှာပုံပြီး ညဘက်ကျမှ ကားနဲ့လာတင်ပြီး ရဲစခန်းကို သယ်တယ်”ဟု အထက်ပါ မြို့ခံက ဆိုသည်။ ပလမြို့တိုက်ပွဲအတွင်း ဘေးလွတ်ရာထွက်မပြေးသည့် ဒေသခံအချို့လည်းရှိသည့်အတွက် ထွက်မပြေးသည့် […]

ဒဏ်ရာရ စစ်အာဏာရှင်တပ်သားများကို တနင်္သာရီသို့ ပြန်သယ်သည့်ယာဉ်တန်းအား တိုက်ခိုက်

Dawei Watch

August 10, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်‌ရေးလမ်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာတိုက်ပွဲတွင် ဒဏ်ရာရထားသည့် စစ်အာဏာရှင်တပ်သားများကို တနင်္သာရီမြို့သို့ ကားဖြင့်ပြန်သယ်စဥ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်‌ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဩဂုတ်လ ၉ရက် နံနက် ၆နာရီဝန်းကျင်တွင် ဒဏ်ရာရထားသည့် စစ်အာဏာရှင်တပ်သားများကို တင်လာသည့် ကား၂ စီးကို တော်လှန်ရေးတပ်များက သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာကြားတွင် RPG(ပခုံးထမ်းလောင်ချာ)ဖြင့် ပစ်ခတ်ခဲ့ပြီး လက်နတ်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ ဘက်ကသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က ပြန်မပစ်နိုင်ခဲ့ကြောင်း ၄င်းကပြောသည်။ “ကားနှစ်စီးလုံး ပျက်စီးသွားတယ်။သူတို့(စကစ) ပြန်ပစ်ဖို့တောင် မနိုင်တော့ဘူး။ထိခိုက် သေဆုံးတာ များနိုင်တယ်။အရေအတွက်အတိအကျ မသိရသေးဘူး”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ အဆိုပါ ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က အထိခိုက်မရှိကြောင်း၊ စစ်ကောင်စီဘက်က အထိအခိုက်များသော်လည်း အသေးစိတ် မသိရသေးကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့ဝင်နောက်တစ်ဦးက […]

တနင်္သာရီ သိန်ခွန်းရွာအနီးကို စစ်အာဏာရှင်တပ် စစ်ကူရောက်ပြီးနောက် သုံးရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

August 8, 2025

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း သိန်ခွန်းရွာအနီးဝန်းကျင်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကူရောက်ပြီးနောက် စစ်ကြောင်းထိုးသဖြင့် သုံးရက်ဆက်တိုက်ပွဲဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၅ရက်တွင် မြိတ်ဘက်မှ ယာဉ်ရှစ်စီးဖြင့် စစ်ကူရောက်လာပြီးနောက် စစ်ကြောင်းထိုးသဖြင့် ဩဂုတ်လ ၅ရက်မှာ ၇ရက်အထိ သုံးရက်ဆက်တိုက်ပွဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်ကူယာဉ်တန်းထဲက ယာဉ်နှစ်စီးတွင် ရိက္ခာများတင်ဆောင်လာပြီး ကျန် ခြောက်စီးတွင် စစ်အာဏာရှင် တပ်ဖွဲ့ဝင် အပြည့်တင်ဆောင်လာကြောင်း ၎င်းက ဆိုသည်။ စစ်ကူမရောက်မီက စစ်အာဏာရှင်တပ်သားများက သိန်ခွန်းရွာအနောက်ဘက်သို့ ဆုတ်ခွာထားပြီး စစ်ကူရောက်လာချိန်တွင် အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ၏ အနောက်ဘက် ချောင်းနှစ်ပေါက်ရွာဘက်ခြမ်းကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားသည်။ “တိုက်ပွဲက ကြမ်းနေတယ်။ တစ်ရက်လုံးကို […]

တနင်္သာရီ ရမ်းဖိုရွာတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးနှစ်ဦးအပါ သုံးဦးဒဏ်ရာရ

Dawei Watch

August 7, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အာဏာရှင် တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သားသုံးဦး ဒဏ်ရာကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။ ရမ်းဖိုရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို ဗိုလ်ခရင်းတပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၇ ရက် မွန်းလွဲ ၁နာရီ ကျော်တွင် သွားရောက်တိုက်ခိုက်ရာ ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ညောင်ပင်ကုန်းရွာ၌ တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက ရမ်းဖိုရွာအတွင်းသို့ လက်နက်ကြီးဖြစ် ပစ်ခတ်ရာ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါနေအိမ်အတွင်းရှိနေသည့် ကလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ အသက်၁၅နှစ်အရွယ် ကလေးနှစ်ဦးတွင် တင်ပါးဒဏ်ရာ၊ နံရိုးဘေးဒဏ်ရာ (မစိုးရိမ်ရ) ပြီး […]

တနင်္သာရီ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ် ဖမ်းသွားသည့် အရပ်သား၁၀ ဦးအနက် ရှစ်ဦး စစ်မှုထမ်းပို့ခံရ

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရှစ်ဦး စစ်မှုထမ်းပို့ဆောင်ခံရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက်တွင် စစ်အာဏာရှင်တပ်သားများက လယ်တောင်ယာရွာသို့ ရောက်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။ စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် အရပ်သား ၁၀ ဦးအနက် ကျန်းမာရေးမကောင်းသူ ၂ ဦးကို ဩဂုတ်လ ၃ရက်တွင် ပြန်လွှတ်လိုက်ပြီး ကျန် ရှစ်ဦးကို စစ်မှုထမ်းအတွက် စုဆောင်းထားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ “ဆိုင်ကယ်ပြင်ဆိုင်က သူနဲ့ကျန်းမာ‌‌ရေး မကောင်းတဲ့သူနှစ်ဦး ပြန်လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်က အသက်လည်း ကြီး (အသက် ၄၀ကျော်အရွယ်ဖြစ်) နေပြီ။ (ပြန်လွတ်လာတာ) ရိုက်ထုရာတွေနဲ့ပါပဲ” ဟု ၎င်းက […]

တနင်္သာရီတွင် စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူဘက်ပြောင်း

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် ည ၁၀နာရီဝန်းကျင်တွင် ဘက်ပြောင်းခိုလှုံခြင်းဖြစ်ပြီး အဆိုပါတပ်သားသည် တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းက ဖြစ်ကြောင်း တနင်္သာရီပကဖက ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။ စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းမှာ အမှတ် ၁၃ စစ်ဆင်ရေးကွပ်မှုဌာမချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။ ရန်ကုန်တိုင်းဇာတိဖြစ်သည့် အဆိုပါတပ်သားမှာ ၂၀၂၅ ဖေဖော်ဝါရီလတွင် စစ်မှုထမ်း အမှတ်စဉ် ၉ ကို တက်ရောက်ရပြီး ခမရ ၅၅၇ တပ်ရင်းကိုရောက်လာသည်မှာ ၃ လနီးပါးကြာပြီဖြစ်ကြောင်း ၎င်း၏ပြောဆိုချက်ကို ကိုးကားကာ တနင်္သာရီ ပကဖ တာဝန်ရှိသူက ပြောသည်။ […]

တနင်္သာရီ၊ ညောင်ပင်ကွင်းတွင် စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံး

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ်၊ ‌ညောင်ပင်ကွင်းရွာရှိ ရော်ဘာတောအတွင်း မြက်ခုတ်စက်ဖြင့် မြက်ရှင်းစဥ် မပေါက်သေးသည့် စစ်ကျန်လက်နက်ကြီးကျည်ကို ထိမိရာက ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း ‌ဒေသခံများ ထံမှသိရသည်။ ဩဂုတ်လ ၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာ စာသင်ကျောင်းအနောက်ဘက်ရှိ စစ်အာဏာရှင်တပ် (ကကကြည်း) ပိုင်ဆိုင်သည့် ရော်ဘာခြံတွင် စက်ဖြင့်မြက်ရှင်းချိန် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို မြက်ခုတ်စက်ကဓားဖြင့်ခုတ်မိ၍ ပေါက်ကွဲသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဘန်လောရွာနေ အသက် ၂၃ နှစ်အရွယ် မြက်ခုတ်နေသည့် ကိုအာကာဖြိုး သေဆုံးသွားကြောင်း ၎င်းက ပြောသည်။ “စက်ခုတ်တာ ‌မပေါက်တဲ့ကျည်ခုတ်မိလို့ ဆုံးသွားတယ်။ အိမ်တောင်မရောက်ဘူး။ လမ်းမှာပဲဆုံးသွားတယ်။ ကျည်က ၄၀မမလား၊ ၆၀မမလားတော့ မသိဘူး”ဟု အထက်ပါ‌ဒေသခံက ဆိုသည်။ မြက်ခုတ်စက်တွင်တပ်ဆင်ထားသည့် ဓါးမှာနှစ်ပိုင်းကျိုးသွားပြီး […]

တနင်္သာရီ၊ လယ်တောင်ယာရွာတွင် လက်နက်ကြီးစမှန်ပြီး ပုခက်အတွင်းအိပ်နေသည့် ကလေးသေဆုံး

Dawei Watch

August 6, 2025

တနင်္သာရီမြို့နယ် လယ်‌တောင်ယာရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ပုခက်အတွင်းအိပ်နေသည့် ကလေးတစ်ဦးသေဆုံးသွားကြောင်း ‌ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၅ ရက် ည ၁၀ နာရီခွဲခန့်တွင် တနင်္သာရီမြို့ရှိ စစ်အာဏာရှင်တပ်က လယ်တောင်ယာရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်သဖြင့် အသက်တစ်နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦးလက်နက်ကြီးအစထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “လက်နက်ကြီးက အိမ်နားလာကျပြီး ကလေးမှာ အစလာစင်တယ်။ ကလေးက ပုခက်ထဲမှာ အိပ်နေတယ်။ လည်ပင်းအောက်နားမှာ အစထိပြီး သေသွားတယ်”ဟု အထက်ပါ‌အမျိုးသမီးက ပြောသည်။ စစ်အာဏာရှင်တပ်က လယ်‌တောင်ယာရွာထဲကို အဆိုပါနေ့ညနေတွင် လက်နက်ကြီးနှစ်လုံး၊ ညဦးပိုင်းတွင် နှစ်လုံး၊ ညပိုင်းတွင် တစ်လုံးပစ်ခတ်ခဲ့ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ ညပိုင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာက အစထိပြီး ပုခက်အတွင်းအိပ်ပျော်နေသည့် ကလေး ပွဲချင်းပြီးသေဆုံးသွားကြောင်း ၎င်းက […]